အစ္စလာမ် သာသနာအပေါ် သို့ အထင်အမြင်လွဲမှားမှုတစ်ချို့အား တိုတိုတုပ်တုပ် ပြန်လည်ဖြေကြားခြင်း။


အစ္စလာမ်ဟူသည် ငြိမ်းချမ်းရေးဘ၀တည်ဆောက်မှုလမ်းစဉ်ဖြစ်ပေရာ လူ့အဖွဲ့အစည်းကို သန့်စင်ယဉ်ကျေးစေသော တရားကိုသာသင်ကြားပေးပါသည်။ မွတ်စလင်မ်တစ်ဦး၏ အနိမ့်ဆုံးဂုဏ်ရည်မှာ လမ်းပေါ်မှဆူးကို မိမိအသိစိတ်ဖြင့် ဖယ်ရှားပေးခြင်းဖြစ်သည်။ ညာလက်ကလှူလျှင် ဘယ်လက်ကမသိစေရဟု မိမိကိုယ်မိမိနှိမ်ချသည်။ အိဟ်စာန် ခေါ် လောက၏အကျည်းတန်မှုများကိုဖယ်ရှားပေး၍ အလှဆင်ပေးရသော သာသနာဖြစ်သည်။
၁။ ၇၈၆ ဟူသည် ၂၁-ရာစုဟုလည်းကောင်း၊ မွတ်စလင်မ်မဟုတ်သူတို့နှင့် လူမှုစီးပွားမဆက်ဆံရဟုလည်းကောင်း အဓိပ္ပာယ်
မသက်ရောက်ဘဲ လူမျိုးဘာသာမရွေး၊ ‌ဝေနေယျအားလုံးအပေါ် ကရုဏာထားရန် သင်္ကေတဖြစ်ပါသည်။ အစ္စလာမ်သာသနာ၏ ကျမ်းတော်မြတ်ကုရ်အာန်တွင်လုံးဝမပါရှိပဲ နှောင်းလူများက တီထွင်ထားသော သင်္ကေတာတစ်မျိုးဖြစ်ပါသည်။
၂။ အစ္စလာမ်ဘာသာတွင် သားဖောက်သာသနာပြုခြင်း လုံး၀ ခွင့်မပြု။ ဘာသာမတူသူနှင့် အိမ်ထောင်ပြုခွင့်မရှိ။ (ကုရ်အာန်၂း၂၂၁)။ ဗုဒ္ဓဘာသာမိန်းကလေးများကိုယူနိုင်လျှင် သက်ဆိုင်ရာလူမှုရေးအဆင့်အတန်းအလိုက် ဗလီက ဆုချီးမြှင့်ခြင်းဟူသည်လုံး၀မရှိ။ အစ္စလာမ်သာသနာကို စိတ်နှလုံးမပါဘဲ လက်ခံသည်ဆိုသူအား မုနာဖိက် ခေါ် အယောင်ဆောင်ဟုသတ်မှတ်ပြီး ငရဲတွင်ပင် အောက်ဆုံးအဆင့်၌ နေရမည်ဟု ဆိုထားသည်။
၃။ အစ္စလာမ်တွင် ဇနီး ၄ ဦး ခွင့်ပြုခြင်းမှာ မပြုမနေရမဟုတ်၊ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးအရေအတွက်များခြင်းဖြစ်စေ၊အခြား မလွှဲသာမရှောင်သာ ကိစ္စရပ်များတွင်ဖြစ်စေ လိုအပ်ပါက ချွင်းချက်ဖြင့်ခွင့်ပြုချက်သာဖြစ်ပြီး တစ်လင်တစ်မယားစနစ်ကို အားပေးသည်။ ထို့အပြင် နှစ်ဦးသဘောတူပေါင်းခြင်း၊ အမြှောင်မယားထားခြင်း၊ ပြည့်တန်ဆာလုပ်ငန်းများကို လုံး၀တားမြစ် သည်။ထိမ်းမြားခြင်းမပြုဘဲ လိင်ဆက်ဆံပါက ကြိမ်ဒဏ် ၁၀၀ သတ်မှတ်ထားသည်။
၄။ အစ္စလာမ်သာသနာတွင်းသို့၀င်သူများသည် ရွှေတိဂုံစေတီနှင့် မဟာမြတ်မုနိစေတီတော်ပုံများကို ခြေနှင့်အရင်နင်းပြီးမှ၀င်ရသည်ဟူသည်မှာ လုပ်ကြံဇာတ်ဖြစ်သည်။ ကုရ်အာန် ၆း၁၀၈ အရ မွတ်စလင်မ်တို့သည် အခြားဘာသာတရားတို့၏ကိုးကွယ်ရာများကို မကောင်းမပြောရဟု ပြဌာန်းထားရာ မည်သည့်နည်းနှင့်မျှ စော်ကားပိုင်ခွင့်မရှိ။
၅။ ဂျီဟာဒ်ဟူသည် အစ္စလာမ်ဘာသာထဲမ၀င်သော ဘာသာခြားများကို သုတ်သင်ရှင်းလင်းခြင်း လုံး၀ မဟုတ်ပါ။ ငြိမ်းချမ်းစွာပြုရသော ဂျီဟာဒ်သဘောတရားအရ ဘ၀တစ်လျှောက်လုံး မိမိ၏မတော်လောဘ၊ ဒေါသ၊ မောဟ၊ မာန စသည့်တရားများ ကို ချိုးနှိမ်ရန် အစွမ်းကုန် ကြိုးပမ်းခြင်းဖြစ်သည်။ အကယ်၍ မိမိတိုင်းပြည်လူမျိုးကို သူတစ်ပါးကျူးကျော်စော်ကားပါကခုခံစစ်သာဖြစ်ပါသည်။ ရန်သူက ငြိမ်းချမ်းရေးကမ်းလှမ်းက လက်ခံရမည်ဖြစ်သည်။ ထို့အပြင် ကုရ်အာန် ၂၂း၄၀ အရ ဂျိဟာဒ်ဟူသည် ဘာသာတရားတို့၏ လွတ်လပ်စွာကိုးကွယ်ကျင့်သုံးခွင့်ကို အကာအကွယ်ပေးခြင်း၊ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ခြင်းသာဖြစ်သည်။
၆။ အစ္စလာမ်သာသနာပြုခြင်းဟူ၍မရှိဘဲ အစ္စလာမ်၏ ငြိမ်းချမ်းသိမ်မွေ့မှုများကို လူတို့သိစေရန် တင်ပြမှုသာရှိ၏။အသိဥာဏ်ကို သုံး၍ ယဉ်ကျေးစွာပြောဆိုရမည်။ အငြင်းအခုံပြုလာပါက လှပသောဆွေးနွေးမှုဖြင့်သာ တုံ့ပြန်ရမည်။ဖျားယောင်းခြင်းနှင့် အဓမ္မစနစ်မရှိစေရ။ မည်သူမဆို ယုံကြည်လိုပါက ယုံကြည်၊ မယုံကြည်လိုက ငြင်းပယ်ခြင်းဟူသောလွတ်လပ်စွာရွေးချယ် ကျင့်သုံးခွင့်ရှိပါသည်။
၇။ ဗလီ ခေါ် အစ္စလာမ်၀တ်ကျောင်းတော်များဟူသည် အနှိုင်းမဲ့ကိုးကွယ်ရာကို နာခံဦးချရာနေရာ၊ မေတ္တာပို့ရာ၊ ယဉ်ကျေးမှုသွန်သင်ရာ နေရာများသာဖြစ်သည်။ စစ်စခန်းများ၊ လက်နက်သိုလှောင်ရုံများမဟုတ်ပါ။ ကမ္ဘာ့ဗလီအားလုံး ကမ္ဘာဦးကျောင်း တော်ကအ်ဗဟ် ခေါ် ငြိမ်းချမ်းရေးစင်တာသို့လှည့်၍ တည်ဆောက်ကြရ၏။ ယင်း၏သဘောတရားနှင့် သင်္ကေတမှာ
(က) လောကခပ်သိမ်းတငွ ် အနှိုင်းမဲ့ကိုးကွယ်ရာ တစ်ပါးတည်းသာရှိခြင်း။
(ခ) ကမ္ဘာဂြိုဟ်တွင် နဗီတမန်တော် ခေါ် လူသားဘုရားများစွာပေါ်ထွန်းခဲ့သော်လည်း ၎င်းတို့ဟောကြားခ့သဲ ည့်တရားမှာတစ်ခုတည်းသော သစ္စာတရားဖြစ်ခြင်း။
(ဂ) လူသားတို့သည် မျိုးနွယ်၊ ဘာသာစကား၊ အသားအရောင်ကွဲပြားကြသော်လည်း လူဟူသည် ကမ္ဘာ့အိမ်ထောင်စုကြီးတစ်ခုသာဖြစ်ခြင်းတို့ဖြစ်ကြပါသည်။
၈။ အစ္စလာမ်သာသနာသည် ဗြိတိသျှခေတ်မှ မြန်မာနိုင်ငံသို့ရောက်လာသောသာသနာမဟုတ်၊ အစ္စလာမ်နှင့် မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းသည် ပုဂံခေတ်မှစ၍ သမိုင်းကြောင်းအရ တည်ငြိမ်စွာဖွံ့ဖြိုးလာသော တိုင်းရင်းသား၊ နိုင်ငံသားလူ့အဖွဲ့ အစည်း ဖြစ်ပါသည်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ