အစ္စလာမ်ဘာသာဟာ ကမ္ဘာပေါ်မှာ ဘယ်လိုစပြီးတော့ ပွင့်ခဲ့တယ် ဆိုတာ ပြောပြပါ။


ဘာသာ သာသနာတစ်ခုရဲ့ သမိုင်းကို တင်ပြရမယ်ဆိုရင် ရှုထောင့်က နှစ်ခု
ရှိပါတယ်။ တစ်ခုသောရှုထောင့်က ယုံကြည်သူများရဲ့ ရှုထောင့်ပါ။ ဒုတိယ
ရှုထောင့်က လေ့လာသူများရဲ့ရှုထောင့်ပါ။ လေ့လာသူများဟာ ယုံကြည်သူများ
မဟုတ်ပါဘူး။ သို့သော်လည်း စာပေသဘောအရ လေ့လာကြတဲ့အခါမှာ
သူတို့ချခဲ့တဲ့ မှတ်ချက်တွေရယ်၊ ယုံကြည်သူများရဲ့ တင်ပြချက်ဆိုတာကိုတော့
ပီပီပြင်ပြင် ခွဲခြားသိထားဖို့လိုပါတယ်။
ယုံကြည်သူများရဲ့ ခံယူချက်အရ အစ္စလာမ်
သာသနာဟာ ကမ္ဘာဦးအစ လူသားဖြစ်တဲ့ အာဒမ်သခင်ကြီးက စပါတယ်။
အဲဒီ မဟာလူသား အာဒမ်သခင်ကြီးက အစပြုပြီး ကမ္ဘာပေါ်မှာ လာခြင်း
ကောင်းတော်မူတဲ့ မဟာလူသား ပုဂ္ဂိုလ်ထူးတွေ အဆူဆူပွင့်ခဲ့ကြတယ်။ အဲဒီလို
ပွင့်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ထူးတွေထဲမှာ နောက်ဆုံး ပွင့်တော်မူလာတဲ့ ပုဂ္ဂိုလ်မြတ်ဟာ
တမန်တော်မြတ် (မုဟာမဒ္ဒ်) ဖြစ်ပါတယ်။ သူ့အရှေ့မှာ နောင်တော့် နောင်တော်
နဗီတွေ အများကြီးပွင့်ခဲ့တယ်။ တစ်ချို့ကို ကုရ်အာန်ကျမ်းမြတ်မှာ နာမည်နဲ့
ဖော်ပြထားတာရှိတယ်။ တချို့ကို ကုရ်အာန်ကျမ်းမှာ နာမည်နဲ့ ဖော်ပြမထားဘူး။
သို့သော် ကမ္ဘာနဲ့အ၀န်းမှာ သတိပေးနှိုးဆော်ခြင်း မခံရတဲ့ အုပ်စုဆိုတာ မရှိဘူးလို့
ကုရ်အာန်ကျမ်းတော်က အတိအကျပြောထားတယ်။ ပြီးတော့ ယုံကြည်တဲ့နေရာ
မှာ တစ်ပါးပါးကိုမှ မချန်ခဲ့ရဘူးလို့လည်း မိန့်မှာထားတယ်။ အဲဒီတော့ တရားတော်
မှာတော့ ပွင့်ခဲ့တဲ့ တမန်တော် အရေအတွက်ကို သင်္ချာ သင်္ကေတနဲ့ ၁၂၄,၀၀၀
ရှိတယ်လို့ ပြောတယ်။ ၂၄၈,၀၀၀ အထိ ရှိတယ်လို့လည်း ပြောကြတယ်။ အာရဗီ
သဒ္ဒါအရကလည်း အဲဒါကို ၁၊ ၂၊ ၃၊ ၄ ဆိုပြီးတော့ လုံးကောက် ရေတွက်ရတာ
မဟုတ်ဘူး။ မြန်မာစကားမှာလို ထောင်သောင်းမကဆိုသလိုပေါ့။ ဂင်္ဂါ၀ါလု
သဲစုမက ပွင့်ခဲ့ကြတဲ့ မဟာလူသား အဆူဆူကို အစ္စလာမ်က လက်ခံတယ်။
ပထမဦးဆုံး မဟာလူသားကြီးက အစပေါ့။ ကုရ်အာန်ကျမ်းမြတ်မှာ အတိအကျ
ရှိတယ်။ အဲဒီတော့ ပထမဦးဆုံး မဟာလူသားဟာ ပထမဦးဆုံး တမန်တော်အဖြစ်
ရွေးချယ်ခံရတယ်။ လူသားတွေကို တူညီတဲ့ တရားတစ်ခုတည်းပဲ ပေးခဲ့တယ်။
တမန်တော်မုဟမ္မဒ် ပွင့်လာတဲ့အခါမှ တရားအသစ်တွေ ပေးတာမဟုတ်ဘူး။
ရှေ့မှာ ရှိခဲ့ပြီးတဲ့ တရားတွေရဲ့ အဆီအနှစ်တွေကို မဟာတမန်တော်မြတ်
မုဟမ္မဒ်ကိုပေးတာ။ နောက်ပိုင်းမှာ လူသားတွေက အချိန်ရဲ့တိုက်စားမှုကြောင့်
လူသားတွေရဲ့ အတွေးအခေါ် အရောအထွေးတွေ ပါလာတယ်။ အစ္စလာမ်က
အဲဒါတွေကို ပြန်လည်စိစစ်ဖို့ တရားစစ် တရားမှန်တွေကို ပြန်ပြီး အနှစ်ထုတ်ဖို့
အတွက် ဆန်ခါစစ် အနှစ်ရှာဖို့အတွက် အမှားနဲ့အမှန်ကို ပိုင်းခြား ခွဲပြားလိုက်
တာပါ။ အဲဒီတော့ ဧကော ဓမ္မောဆိုတဲ့ တစ်ခုတည်းသော တရားပဲ “Truth is One”
ဆိုတာကို အစ္စလာမ်ဘာသာက လက်ခံပြီးသားပါပဲ။
အစ္စလာမ်သည် ဘာသာလို့ ပြောမယ်ဆိုရင် ငြိမ်းချမ်းရေးရရှိဖို့ နှစ်ဘ၀အတွက်
လမ်းညွှန်ချက်လို့ ပြောရပါလိမ့်မယ်။ ကျွန်တော်တို့ ဒီကနေ့သုံးနေတဲ့ အသုံး
အနှုန်းတွေကို ကျွန်တော်တို့ ပြန်စဉ်းစားရပါလိမ့်မယ်၊၊
ဘာသာဆိုတာ အယူ၀ါဒ၊ သာသနာဆိုတာ အဆုံးအမ။ အယူ၀ါဒမှာဆိုရင်
လူတွေရဲ့ အတွေးအခေါ်တွေပါတယ်။ အယူအဆတွေပါတယ်။ ဒဿနတွေ
ပါမယ်။ နောက်တစ်ခုက သာသနာဆိုတဲ့ အဆုံးအမကြတော့ ပုဂ္ဂိုလ်တစ်ဦး၏
အဆုံးအမလို့ဖြစ်လိမ့်မယ်။ အဲဒီတော့ အစ္စလာမ်ဆိုတဲ့ ငြိမ်းချမ်းရေးဘ၀
တည်ဆောက်မှုလမ်းစဉ်ဟာ ''မာလိကွလ်ဟက်(ခ်)'' သစ္စာတရားရဲ့ အရှင်(န်ဆင်းရှင်)၏
လမ်းညွှန်ချက်ဖြစ်ပါတယ်၊။ ဘယ်လူသားကမှ စတင်တည်ထောင်တာလည်း
မဟုတ်ဘူး။ ဘယ်လူသားရဲ့ကိုယ်ပိုင် သြ၀ါဒမှလည်း မဟုတ်ဘူး၊ အဲဒီသစ္စာ
ဓမ္မရဲ့အရှင်ကနေပြီးတော့ မဟာလူသားကြီး(တမန်တော်)တွေကို ရွှေဏ်ထူးများ ချီးမြှင့်
တယ်။ အဲဒါကို အာရဗစ်အဆိုအရ (၀ဟီ) ဗျာဒိတ်တော်လို့ ခေါ်တယ်။ အဲဒီ
ဏ်စဉ်တွေက လူတွေကို ဘယ်ဟာ မှန်တယ်၊ ဘယ်ဟာ မှားတယ်ဆိုတာကို
လူတွေက ရှာယူစရာမလိုဘဲ မီးမောင်းထိုးပြထားတယ်၊၊
ကျွန်တော်တို့ ကြားဖူးနေတဲ့စကားတွေ ရှိတယ်။ အမှန်တရားကိုရှာတယ်။
သစ္စာကို ရှာတယ်လို့ ဆိုကြတဲ့စကားတွေရှိတယ်။ အစ္စလာမ်အယူအဆက
သစ္စာကို ရှာစရာမလိုဘူး၊ လူသားတွေအတွက်ကို ဘယ်ဟာမှန်တယ်။ ဘယ်ဟာ
မှားတယ်ဆိုတဲ့ အမှန်တရားနဲ့ အမှားတရားကို ပိုင်းခြားပြီး သစ္စာတရားရဲ့
တုနိုင်းမဲ့ အနန္တဏ်တော်ရှင် (ဖန်ဆင်းရှင်) က ပြပေးတယ်။ ဒါကြောင့်မို့ ဒီပုဂ္ဂိုလ်ထူးကြီးတွေ(တမန်တော်တွေ)ရဲ့
တာ၀န်က နှစ်ခုရှိတယ်။ တစ်ခုက သတိပေးနှိုးဆော်ဖို့။ နောက်တစ်ခုက သတင်း
ကောင်းပါးဖို့။ ဟောဒါတွေက အမှန်၊ ဒါတွေက အမှန်နောက်ကို လိုက်ရင်
မင်းတို့ ဒီလိုအောင်မြင်မှုရမယ်။ အမှားနောက်ကို လိုက်ရင် ဟောဒီ တန်ပြန်
ဆိုးကျိုးဆက်တွေ ခံရမယ်။ ကြိုက်တာရွေး၊ မင်းတို့ လွတ်လွတ်လပ်လပ်
ဆုံးဖြတ်လို့ရတယ်။ သာသနာအတွင်းမှာ အတင်းအကျပ် အဓမ္မစနစ် လုံး၀
မရှိစေရလို့ အစ္စလာမ်ဘာသာက ပြောထားတယ်။
သာသနာ၀င်တစ်ဦးဖြစ်ဖို့အတွက် ဇာတိအရ၊ မျိုးရိုးအရ၊ မိသားစုအရ
ဒီယုံကြည်မှုကို အမွေဆက်ခံလာတယ်ဆိုတဲ့ ပုံစံမျိုးလည်း လုပ်လို့မရဘူး။ အမှန်
တရားကို မိမိကိုယ်တိုင်က စိတ်နှလုံးဒုံးဒုံးချပြီး သံသယကင်းရှင်းစွာနဲ့ ပြင်ပက
သြဇာပေးမှု မလျော်သြဇာရော အတင်းအကျပ်လုပ်ခိုင်းတာရော၊ လာဘ်လာဘ
နဲဲ့ မြှူဆွယ်တာရော၊ ဘယ်လိုမှလုပ်လို့မရဘူး။ အဲဒီလိုလုပ်ပြီးတော့ ယုံပါတယ်
ဆိုတဲ့ လူရဲ့ ယုံကြည်မှုကို အစ္စလာမ်က တန်ဖိုးကို မထားဘူး။ အဲဒီလို လူကို
အရေခြုံလို့ ခေါ်တယ်။ အားမတန်လို့ မာန်လျော့ခဲ့ရတဲ့လူတွေကို ကုရ်အာန်
ကျမ်းမြတ်ထဲမှာ ဘယ်လိုပြောထားသလဲဆိုတော့ အို-ယုံကြည်သူအပေါင်းတို့ -
ပြန်ယုံပါဦးလို့ ဆိုထားတယ်။
ဆိုလိုတဲ့သဘောက အမှန်တရားဆိုတဲ့အရာကို မိမိကိုယ်တိုင်က စိတ်နှလုံး
ဒုံးဒုံးချ လက်ခံရမယ်။ သူတစ်ပါးက ရိုက်သွင်းပြီး ယုံခိုင်းလို့ မရဘူး။
ကြောက်ပြီးယုံလို့လည်း မရဘူး။ အကျိုးတစ်ခုကို မျှော်ကိုးပြီး ယုံလို့လည်း မရဘူး။
အဲဒါကြောင့်မို့ အမှားနဲ့အမှန်ကိုပြပြီး ကြိုက်ရာရွေးကြဆိုတဲ့ လွတ်လပ်စွာ
သုံးသပ်၊ ဆုံးဖြတ်ခွင့်ကို ပေးထားတယ်။ အဲဒီတော့ သမိုင်းအရ ပြောရမယ်ဆိုရင်
ပွင့်လာပြီးသော မဟာလူသားတွေ(တမန်တော်တွေ) သယ်ဆောင်လာတဲ့ တစ်ခုတည်းသော
တရားဟာ ဒါပဲ။ ဘာတရားလည်းဆိုတော့ အခုနက ကျွန်တော်ပြောတဲ့ဘာသာ
လား၊ သာသနာလား၊ Religion လား။ Religious  ဆိုတဲ့အခါကြတော့လည်း
ပူဇော်မှုတွေ၊ ပသမှုတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့ နောက်တမလွန်ကို ဦးစားပေးပြီး
တော့၊ ဒီလောကကြီးကိုလည်း ပစ်ပယ်ပြီးတော့ အပုပ်ကောင်ရုပ်ဆောင်ပြီး
ဒုက္ခဘောင်ကြီးပဲဆိုပြီးတော့ ဒီလောကကြီးမှာ လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ခြင်း
သည်ပင်လျှင် တရားရှာဖွေရေးရဲ့ အနှောင့်အယှက်ပဲလို့ အဲဒီလိုပုံစံမျိုးနဲ့ ပစ်ပယ်
နေတဲ့ သဘောပါနေတယ်။ အစ္စလာမ်ကတော့ ရုပ်လည်း မပယ်ဘူး။ နာမ်လည်း
မပယ်ဘူး။ လောကီကိုလည်း မပယ်ဘူး။ လောကုတ္တရာကိုလည်း မပယ်ဘူး။
နာမ်တရားထွန်းတောက်ချင်ရင် ရုပ်တရားက စရမယ်။ လောကုတ္တရာအတွက်ကို
လောကီကနေ စပြီးတော့မှ ကြိုးပမ်းရမယ်၊ ဒါကြောင့် အစ္စလာမ်ကို အရဗီစာပေ
အရ 'ဒီန်' လို့ပဲ သုံးပါတယ်။ 'ဒီန်' ရဲ့ အဓိပ္ပာယ်က ဘာလည်းဆိုတော့ ဘ၀
တည်ဆောက်ဖို့ လမ်းညွှန်ချက် (way of life guide to action)၊ အလုပ်ရဲ့
လမ်းညွှန်ချက်။ လက်ရှိ ရုပ်ဘ၀ တစ်ဘ၀ တစ်ခဏမဟုတ်ဘူး။ နှစ်ဘ၀ နှစ်ဌာန
စလုံးအတွက်ဖြစ်တယ်။ အဲဒါကြောင့် နှစ်ဘ၀ နှစ်ဌာနစလုံးအတွက် အောင်မြင်
ဖို့အတွက် လမ်းညွှန်ချက်ဖြစ်တယ်။ ဘ၀တည်ဆောက်မှုလမ်းစဉ်ဖြစ်တယ်။
ရုပ်တရားနဲ့ ပတ်သက်ရင် ဘယ်လိုကျင့်ကြံရမယ်။ နာမ်တရားနဲ့ ပတ်သက်ပြီး
ဘယ်လိုရှိတယ်၊ ၀ိညာဉ်ရေးက ဘယ်လိုရှိတယ်၊ ဏ်ပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လို
ရှိတယ်ဆိုတဲ့ ဘ၀တည်ဆောက်ဖို့အတွက် အသေးစိတ်လမ်းညွှန်ချက်တွေ
အစ္စလာမ်သာသနာမှာ ရှိပါတယ်။ ဒါကို 'ရှရီအသ်' လို့ ခေါ်တယ်။
ဒီလမ်းညွှန်ချက်တွေဟာ တမန်တော်မုဟမ္မဒ် မတိုင်ခင်က ပွင့်ခဲ့တဲ့ ပုဂ္ဂိုလ်
တွေကြတော့ သူတို့နည်းသူတို့ဟန်နဲ့ သူတို့ကျင်လည်ရတဲ့ပတ်၀န်းကျင်အပေါ်မှာ
အခြေအနေအရ တစ်ခုတည်းသော ဒီသစ္စာအမှန်ကိုပဲ ဟောကြားခဲ့ရတာတွေ
ရှိတယ်။ အဲဒါကို ဘယ်လိုတင်ပြရမလဲဆိုရင် မိမိတရားဒေသနာဟာ တရား
နာပရိသတ်ရဲ့ ဏ်စဉ်ဆိုတာနဲ့လည်း ဆိုင်တယ်။ သူတို့နားလည်နိုင်မယ့်
ဥပမာ ဥပမေယျတွေနဲ့ ကာလံ ဒေသံ အဂ္ဂံ ဓနံဆိုသလို အဲဒီလိုခေတ်မှာ
ရှိနေတဲ့ လူတွေရဲ့ ဏ်ရည်ဏ်သွေး၊ အဲဒီဒေသမှာ ရှိနေတဲ့ လူတွေရဲ့
ဏ်ရည်ဏ်သွေး၊ တရားနာပရိသတ်တွေရဲ့ ဏ်ရည်ဏ်သွေးတွေကို
ကြည့်ပြီး သူတို့နားလည်အောင် တန်ဆာဆင်ပြီးတော့ ဟောပြော ညွှန်ကြား
ခဲ့ကြရတယ်။ တမန်တော်မြတ် ပွင့်တဲ့အခါကြတော့မှ စကြ၀ဠာအနန္တမှာ ကရုဏာ
တွေ ပြန့်ပွားဖို့အတွက်၊ ငြိမ်းချမ်းရေးတရားတွေ ထွန်းတောက်ဖို့အတွက်
ဒီတမန်တော်ကို မေတ္တာရှင်အဖြစ်နဲ့ စေလွှတ်တော်မူတယ်လို့ ယုံကြည်ပါတယ်။
သူ့မှာ ကာလနဲ့ ဒေသပိုင်းခြားမှုမရှိဘဲနဲ့ သူ့ရဲ့တာ၀န်တွေက နောင်တော့်
နောင်တော် တမန်တော်တွေထက် ပိုသွားတယ်။ ဒီတရားကိုပဲ ခေတ်တိုင်း
စနစ်တိုင်း၊ အရပ်ဒေသတိုင်း၊ ပရိသတ်တိုင်းအတွက် ဟောကြားရမယ့် တာ၀န်ကို
ဆက်လက်ပြီးတော့ သယ်ယူဆောင်ရွက်ခဲ့ရပါတယ်။
အဲဒီတော့ အစ္စလာမ် ဘယ်တုန်းက စသလဲလို့ ယုံကြည်သူတွေကိုမေးရင်
တော့ ကမ္ဘာဦးအစ လူသားက စခဲ့ပါတယ်။ ဒီတရားတော်တွေရဲ့ အဆီအနှစ်ကို
ပို့သခြင်းခံပြီး ပြီးပြည့်စုံသွားတဲ့အခါ နောက်ဆုံးပိတ် နိဂုံးချုပ်သွားတာကျတော့
မဟာတမန်တော်မြတ် မုဟမ္မဒ်ပဲဖြစ်ပါတယ်။ မိုဟာမေဒင်တို့၊ မုဟမ္မဒ်၀ါဒတို့ဆိုတဲ့
အခေါ်အေ၀ါ် အယူအဆတွေက လွဲမှားတဲ့ ထင်မြင်ချက်ဖြစ်ပါတယ်။ တမန်တော်
မြတ်ဖွားတော်မူတာက ခရစ် ၅၇၁ ခုနှစ်ဖြစ်တဲ့အတွက် ခရစ်နှစ် ၆ ရာစုနှစ်
ပေါ့နော်။ အဲဒီအချိန်မှာမှ အစ္စလာမ် စတင်ပေါ်ပေါက်ခဲ့တယ်ဆိုတာ လုံး၀
မှားပါတယ်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ