မွတ်စလင်လူဦးရေ ကို ရာခိုင်နှုန်းဖြင့်ဖော်ပြခြင်း

နိုင်ငံပေါင်း 198 နိုင်ငံနှင့် နေရာဒေသများ အားလုံးနီးပါးပါဝင်သော 2014ခုနှစ် လူဦးရေလေ့လာမှု စစ်တမ်းတွင် အစီရင်ခံထားသည်မှာ ကမ္ဘာ့လူဦးရေ၏ 28.26 % သို့မဟုတ် 2.04 ဘီလီယံရှိ လူများသည် မွတ်စလင် များဖြစ်သည်။ထိုအထဲတွင် 87–90% သည် ဆွန်နီများဖြစ်ပြီး၊ 10–13% သည် ရှီးအတ် များဖြစ်သည်။ကျန်အနည်းစုသည် အခြား သောအစ္စလာမ်ဘာသာခွဲများတွင် ပါဝင်ကြသည်။ အနီးစပ်ဆုံးခန့်မှန်းခြေအားဖြင့် နိုင်ငံပေါင်း 50 သည် မွတ်စလင် အများစုနေထိုင်ကြပြီး၊အာရပ် နိုင်ငံများတွင် ကမ္ဘာ့မွတ်စလင်လူဦးရေ၏ 20% ဝန်းကျင် နေထိုင်ကြသည်။ မွတ်စလင် အများစုသည် အာရှနှင့်အာဖရိကတို့တွင် နေထိုင်ကြသည်။အနီးစပ်ဆုံးမှန်းခြေအားဖြင့် 62% သော ကမ္ဘာ့ မွတ်စလင် လူဦးရေသည် အာရှ တွင်နေထိုင်ကြပြီး၊ ထိုလူဦးရေ 683 သန်းကျော်သည် အင်ဒိုနီးရှား၊ ပါကစ္စတန်၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ချ် နိုင်ငံတို့တွင် နေထိုင်ကြသည်။ အရှေ့အလယ်ပိုင်းတွင် တူရကီနှင့် အီရန်နိုင်ငံ တို့ကဲ့သို့ အာရပ်မဟုတ်သည့်နိုင်ငံများတွင် ကြီးမားသည့် မွတ်စလင်အများစုရှိသော နိုင်ငံများဖြစ်ပြီး၊ အာဖရိကတွင် အီဂျစ်နှင့် နိုင်ဂျီးရီးယားနိုင်ငံတို့သည် မွတ်စလင်မျိုးနွယ်စုအများဆုံးရှိသည့် နိုင်ငံများဖြစ်သည်။မကြာသေးမီက အမေရိကန်နိုင်ငံတွင် ရှာဖွေတွေ့ရှိချက်များအရ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တစ်ဦးချင်း မွတ်စလင်လူဦးရေ 65.3 သန်းဖြင့် အဌမမြောက်မွတ်စလင်လူဦးရေး အများဆုံးနိုင်ငံဖြစ်သည်။ သို့သော်အခြားသော စာရင်းများတွင် သန်း20 သာရှိသည်ဟုပြထားသည်။အစ္စလာမ်သည် ဥရောပတွင်ခရစ်ယာန် ပြီးလျှင်၊ ဒုတိယလူဦးရေ အများဆုံးဘာသာဖြစ်သည်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ