အစ္စလာမ်အကြောင်း မိတ်ဆက်ခြင်း။

အစ္စလာမ် ဆိုတာဘာလဲ?

အစ္စလာမ်ဆိုတာဟာ တစ်ပါးထဲသော စစ်မှန်သည့်ဖန်ဆင်းရှင် (အလ္လာဟ်) ကို သာလျှင် ခဝပ် ကိုးကွယ် ဆည်းကပ်ခြင်းနှင့် တမန်တော် မိုဟာမဒ် (ဆွ) ဟာ ဖန်ဆင်းရှင် စေလွှတ်တော်မူသော နောက်ဆုံး တမန်တော်ဖြစ်တော်မူကြောင်းကို လက်ခံယုံကြည်ခြင်းပဲ ဖြစ်ပါတယ်။

    ယနေ့ ကမ္ဘာ့လူဦးရေ၏ ၂၃%၊ ကမ္ဘာ့ လူ () ဦးတွင်တစ်ဦးဟာ မွတ်စလင်မ်အဖြစ် တည်ရှိနေပါတယ်။ ယနေ့ ကမ္ဘာမှာ မွတ်စလင်မ် ဦးရေဟာ သန်း ၁၅၀၀ ကျော် ရှိပါတယ်။ အစ္စလာမ်ကို လက်ခံထားသူမည်သူကိုမဆို မွတ်စလင်မ် လို့ခေါ်ပါတယ်။ အစ္စလာမ် ဘာသာဝင်လို့ အဓိပ္ပါယ်ရပါတယ်။

ယုံကြည်ခြင်းနှင့်သဘောထား       

ဖန်ဆင်းရှင်ဟာ ကျွန်ုပ်တို့ကို ဖန်ဆင်းရှင်ရှိ‌ကြောင်းသိရှိစေရန် လက္ခဏာများ ပြသထားပါတယ်။ ဖန်ဆင်းရှင်ရှိ‌ကြောင်း သိရှိလေ့လာဖို့ဟာ ကျွန်ုပ်တို့တာ၀န်အဖြစ် ပြဌာန်းထားပါတယ် ဒါဟာ ဒီဘ၀မှာ စမ်းသပ်ခံရမှုများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ သ‌ဘောထား  မှန်ကန်မှုမရှိသူ ဖြစ်နေမယ်ဆိုရင်‌တော့ အချက်အလက် အထောက်အထား များစွာဖြင့် ရှင်းပြ၍လည်း ၎င်းအား ယုံကြည်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး။

လိုအပ်ချက်များ

အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ ယေဘုယျအားဖြင့် ရှိဖို့ လိုအပ်တဲ့ လိုအပ်ချက်တွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

·      အရှိကိုအရှိအတိုင်းလက်ခံတတ်ရန်နှင့်အမြင်ကျယ်ရန်။         

·       မိမိကိုယ်ကို နှိမ့်ချတတ်ရန်နှင့် ရိုးသားမှု။

·       ကျွန်ုပ်တို့လူသားများ၏ ရည်ရွယ်ချက်ကို ဆင်ခြင်သုံးသပ်ရန်။

·       ဖန်ဆင်းရှင်၏လက္ခဏာများလက်ခံနိုင်ခြင်း။ 


ရှောင်ကြဥ်ရန်များ

အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ ယေဘုယျအားဖြင့် ရှောင်ကျဉ်ဖို့လိုတဲ့ အရာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

·       မိမိစိတ်ထဲရှိနှင့်နေသောအတားအဆီးဖစ်‌စေမည့် အ‌တွေးအခေါ်များနှင့် မယုံကြည်ရန် အယူအဆအလွဲများ။

·       မာန‌ထောင်လွှားခြင်း  နှင့် မိမိကိုယ်ကိုအထင်ကြီးခြင်း။

·       ရုပ်၀တ္ထုလောကကိုသာအာရုံစိုက်ခြင်း။

·       အရာရာကိုအဓိပ္ပာယ်မဲ့သည်ဟု ယူဆခြင်း။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ