ကုရ်အာန်ဆိုတာ ဘာလဲ?


 ကုရ်အာန်ဆိုတာဘာလဲ?

👉 ဖန်ဆင်းရှင်၏ နှုတ်ကပါဌ်တော်

    ကုရ်အာန်ကျမ်းမြတ်ဟာ ဖန်ဆင်းရှင်ရဲ့ ပကတိနှုတ်ကပါဌ်တော် ဖြစ်ပါတယ်။ အနန္တတန်ခိုးတော်ရှင် (အလ္လာဟ်) ဟာ တမန်တော် မိုဟာမဒ် (ဆွ) ထံသို့ ကောင်းကင်တမန်တော် ဂျီဘ်ရာအီလ်မှ တစ်ဆင့် ပို့ချတော်မူခဲ့ပါတယ်။ 
“ဤကျမ်းသည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသော၊ အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်မှ ချပေးသနားတော်မူသည့် ကျမ်းမြတ်ပင်ဖြစ်သည်။” (ကုရ်အာန်-၃၉:၁)

👉 လူသားမျိုးနွယ်အတွက် လမ်းညွှန် 

    ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် "လူခပ်သိမ်းတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ တရားလမ်းမှန်ရစေပြီး အမှားနှင့်အမှန်ကို ခွဲခြားသိစေသော ထင်ရှားလှသည့်သက်သေလက္ခဏာတော်အဖြစ်လည်းကောင်း (ကျရောက်လာ သောကျမ်းတော်မြတ်ဖြစ်ပါသည်)။" (ကုရ်အာန်-၂:၁၈၅)
ဤကျမ်းမြတ်သည် လူသားတို့ကို အမှန်အမှား ခွဲခြားဆုံးဖြတ်တတ်ရန် လမ်းပြပေးပါတယ်။ ထိုသို့ လမ်းညွှန်မှု မရှိပါက လူသားတို့ဟာ ပျက်စီးဆုံးရှုံးကြရမှာဖြစ်ပါတယ်။

👉 နောက်ဆုံးဗျာဒိတ်တော် 

    ကုရ်အာန်ကျမ်းမြတ်သည် အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်ထံမှ ချပေးတော်မူသော နောက်ဆုံး ကျမ်းစာတော်ဖြစ်ပါတယ်။ ရှေးကကျမ်းစာများ၏ အစိတ်အပိုင်းအချို့တွင် အနည်းငယ် ကျန်ရှိနေသည့် အမှန်တရားတို့ကို အတည်ပြုပေးသော၊ ထိုကျမ်းစာများ၏ ယနေ့ခေတ်ဗားရှင်းများ ထဲသို့ စိမ့်ဝင်လာသော လုပ်ကြံဖန်တီးမှုများနှင့် ဖြည့်စွက်ချက်များကို ငြင်းဆို ပြုပြင်ပေးသော ကျမ်းမြတ်ဖြစ်ပါတယ်။ 
“အို-ကျမ်းဂန်ချီးမြှင့်ခံရသူအပေါင်းတို့၊ အသင်တို့ထံ၌ရှိသော ကျမ်းဂန်များကို ထောက်ခံလျက်ရှိသော ငါအရှင်မြတ် ချပေးသနားတော်မူသည့် ကျမ်းဂန်(ကုရ်အာန်) ကို သက်ဝင်ယုံကြည်ကြလေကုန်။" (ကုရ်အာန်-၄:၄၇)

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ