မွတ်စလင်မ်တွေက ဘာကြောင့် အသား စားကြရတာလဲ။

အမေး - တိရစ္ဆာန်တစ်ကောင်ကို သတ်ဖြတ်တာဟာ  ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပဲ။ မွတ်စလင်မ်တွေက ဘာကြောင့် အသား စားကြရတာလဲ။

အဖြေ -
သက်သက်လွတ်စားတဲ့ ဝါဒက ကမ္ဘာမှာ အခုတလော ခေတ်ထနေတယ်။ အတော်များများက ဒါကို တိရစ္ဆာန်တွေရဲ့ အခွင့်အရေးဆိုတာနဲ့ပဲ ချိတ်ဆက်ပြီး ဆိုနေကြတယ်။ တကယ်ဆိုရင် လူအတော်များများကပဲ အသားငါးစားသုံးမှုကို တိရစ္ဆာန်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာပဲလို့လည်း ပြောနေကြပါတယ်။
အစ္စလာမ်က သတ္တဝါ ခပ်သိမ်းကို သနားကရုဏာထားကြဖို့ ဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ အလ္လာဟ်က အံ့ဩဖွယ်ရာ သစ်ပင် ပန်းမာန်တွေ သတ္တဝါတွေကို လူသားရဲ့ အကျိုးအတွက် ဖန်ဆင်းပေးထား တော်မူတယ်။ လူသားဘက်ကတော့ ဒီကမ္ဘာရဲ့ အရင်းအမြစ်တိုင်းကို တရားနည်းလမ်းတကျ အလ္လာဟ်ဘက်က ပေးလာတဲ့ နေမ်မသ် ကောင်းချီးချမ်းသာနဲ့ အမာနသ် ယုံပုံမှုအဖြစ် သုံးစွဲကြရမယ်လို့ပါ တိုက်တွန်းထားပါတယ်။
ဒီလောကနဲ့ ပတ်သက်လို့ တခြားအချက် ရှုထောင့်အစုံကို ရှုကြည့်ကြပါစို့။ 

၁။ မွတ်စလင်မ်တစ်ဉီးသည် သက်သက်လွတ် ဝါဒီသက်သက် ဖြစ်နိုင်သည်။
မွတ်စလင်မ်တစ်ဉီးဟာ သက်သက်လွတ် စားသူအဖြစ်နဲ့လည်း မွတ်စလင်မ်စစ်စစ်တစ်ဉီး ဖြစ်နိုင်တာပါပဲ။ မွတ်စလင်မ်တစ်ဉီးကို အသားကိုပဲ မှီဝဲကြရမယ်ဆိုပြီး မလုပ်မနေရ မပညတ်ထားပါဘူး။ 

၂။ ကုရ်အာန်က မွတ်စလင်မ်များအား သားငါးစားသုံးခွင့်ကိုလည်း ပြုထားပါသည်။
ဘာပဲဖြစ်ဖြစ် ကုရ်အာန်ကလည်း မွတ်စလင်မ်တို့ကို အသားငါးစားသုံးခွင့်ကို ပေးထားပါတယ်။ ဒီအချက်ကို အောက်ပါ ကုရ်အာန်အာယတ်က သက်သေထူပြနေပါတယ်။
“အို.. ယုံကြည်သူတို့၊ တာဝန်ခပ်သိမ်းကို ကျေပွန်ကြ။ အသင်တို့ (အစားအစာ) အတွက် ခြေလေးချောင်း သတ္တဝါတို့အား အမည် နာမနှင့် ချွင်းချက်ပေး ခွင့်ပြုထားတော်မူသတည်း။” (ကုရ်အာန် ၅း၁)
“သင်တို့ (လူသားများ) အတွက် ငါအရှင်က ကျွဲနွား၊ တိရစ္ဆာန်များကို ဖန်ဆင်းထားတော်မူသည်။ ယင်းတို့မှ အနွေးဓာတ်ရသည်။ များစွာသော အကျိုးတရားများကို ရရှိစေမည်။ လူသားတို့ စားသုံးစရာ အသားကို ရစေသည်။” (ကုရ်အာန် ၁၆း၅)
“အသင်တို့အဖို့ ခြေလေးချောင်း သတ္တဝါတို့တွင် စဉ်းစားဆင်ခြင်သုံးသပ်ရန် အချက်သည် အမှန်ပင် ရှိချေသည်။ သူတို့၏ ခန္ဓာကိုယ်အတွင်းတွင် သင်တို့သောက်သုံးရန် နို့ကို ထုတ်ပေးစေ၏။ ထို့အပြင် အသင်တို့အဖို့ ၎င်းတို့တွင် အကျိုးပြုချက် အများအပြား ရှိနေသေးသည်။ ထို့ပြင် တဝ အသင်တို့သည် ၎င်းတို့အနက်မှ အသားကို စားသုံးရသည်။” (ကုရ်အာန် ၂၃း၂၁)

၃။ အသားဓာတ်သည် အာဟာရ ပြည့်ဝပြီး ပရိုတိန်းကြွယ်ဝလှသည်။
အသားငါး အစားအစာဟာ အထူးပင် ပရိုတိန်းဓာတ်ကို ရရှိစေရာ အရင်းခံကောင်းတစ်ခု ဖြစ်တယ်။ ဇီဝဗေဒအရ ပြည့်စုံလှတဲ့ ပရိုတိန်းတွေ ပါရှိတယ်။ ဆိုလိုတာက ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့ အစားအစာက တစ်ဆင့်သာ ရနိုင်တဲ့ အမိုင်နိုအက်ဆစ် ရှစ်မျိုးစလုံး အသားမှာ ပါနေတယ်။ အသားမှာ သံဓာတ်၊ ဗီတာမင် ဘီ နှင့် နိုင်ယာဆင်တို့လည်း ပါသေးတယ်။

၄။ လူတွင် အစုံစား သတ္တဝါ၏ သွားပုံစံရှိသည်။ 
နွား၊ ဆိတ်၊ သိုးတို့လိုမျိုး အသီးအရွက်စား တိရစ္ဆာန်တို့ရဲ့ သွားကို လေ့လာကြည့်ရင် အားလုံးမှာ ထူးထူးဆန်းဆန်း တူညီနေတဲ့ အချက်တစ်ချက်ကို တွေ့ရမယ်။ ဒီတိရစ္ဆာန်အားလုံးမှာပဲ ပြားနေတဲ့ သွားတွေရှိမယ်။ တစ်နည်းပြောရရင် ဟင်းသီးဟင်းရွက်ပါတဲ့ အစာအာဟာရနဲ့ သင့်တော်တဲ့ ပုံစံပေါ့။ ခြင်္သေ့၊ ကျား၊ ကျားသစ်တို့လို အသားစား သားရဲတိရစ္ဆာန်တွေရဲ့ သွားတွေကို လေ့လာကြည့်ရင် သူတို့မှာက ချွန်ထက်တဲ့ သွားတွေကိုယ်စီ ပါကြတယ်။ အသားဖြစ်တဲ့ အစာ အာဟာရနဲ့ သင့်တော်အောင်ပေါ့ဗျာ။ လူရဲ့ သွားတွေကို ဆန်းစစ် လေ့လာကြည့်မယ်ဆိုရင်တော့ ပြားတဲ့ သွားလည်းပါသလို ချွန်တဲ့သွားလည်း ပါနေတာကို တွေ့ကြရမယ်။ အနန္တတန်ခိုးတော်ရှင် အလ္လာဟ်က လူသားတွေကို ဟင်းသီးဟင်းရွက်တွေကိုသာ စားစေလိုတော်မူရင် ဘာကြောင့် အရှင်က လူတွေမှာ ချွတ်ထက်တဲ့ သွားတွေကို ဖန်ဆင်းပေးထားရတာတုန်းဆိုပြီး မေးခွန်းထုတ် ကြည့်နိုင်ပါမယ်။ ဟင်းသီးဟင်းရွက်ရော အသားရော နှစ်မျိုးစလုံး လူတို့ကို စားစေချင်လို့ လိုအပ်လို့ ရည်မျှော်ပြီး ဖန်ဆင်းပေးထားတော်မူတယ်ဆိုတဲ့အချက်က ကြောင်းကျိုးလည်းကျ ယုတ္တိလည်းတန်ပါတယ်။

၅။ လူသည် ဟင်းသီးဟင်းရွက်နှင့် အသား နှစ်မျိုးစလုံးကို အစာချေဖျက်နိုင်သည်။
ဟင်းသီးဟင်းရွက်စား သတ္တဝါများရဲ့ အစာချေစနစ်က ဟင်းသီးဟင်းရွက်များကိုသာ အစာချေဖျက်နိုင်တာပါ။ အသားစား သတ္တဝါများရဲ့ အစာချေစနစ်ကလည်း အသားကိုသာ ကောင်းကောင်း အစာချေဖျက်နိုင်ပါတယ်။ ဒါပေမယ့် လူရဲ့ အစာချေဖျက်စနစ်ကတော့ ဟင်းသီးဟင်းရွက်ကိုရော အသားငါးကိုပါ အစာချေဖျက်နိုင်ပါတယ်။ အနန္တတန်ခိုးရှင် အလ္လာဟ်အနေနဲ့ ဟင်းသီးဟင်းရွက်ကိုသာ စားစေချင်တာဆိုရင် အရှင်က ကျွန်ုပ်တို့ကို ဟင်းသီးဟင်းရွက်ကိုရော သားငါးကိုပါ အစာချေစေနိုင်တဲ့ အစာချေစနစ်ကို ဘာကြောင့် ချီးမြှင့်ထားရတာလဲ။

၆။ အပင်များမှာလည်း အသက်ရှိသည်။
တချို့ဘာသာတရားတွေက အစားအသောက် စည်းမျဉ်းအဖြစ် သက်သက်လွတ် ဟင်းသီးဟင်းရွက် သက်သက်ကိုပဲ လိုက်နာခဲ့ကြတယ်။ သက်ရှိ တိရစ္ဆာန်တွေကို သတ်ဖြတ်ခြင်းကို လုံးဝ ဆန့်ကျင်ခဲ့ကြတယ်။ သက်ရှိ တိရစ္ဆာန်တစ်မျိုးမျိုးကို လုံးဝ သတ်ဖြတ်ခြင်းမရှိပဲနဲ့ လူတစ်ဉီးဟာ အသက်ရှင် ရပ်တည်နိုင်တယ်ဆိုရင် ကျုပ်က ဒီလို ဘဝပုံစံကို ပထမဆုံး လက်ခံသူ ဖြစ်လိမ့်မှာပါ။ အတိတ်တုန်းက လူတွေဟာ အပင်တွေကို သက်မဲ့များဆိုပြီး ထင်ခဲ့ကြတယ်။ ဒီနေ့ဆို အပင်တွေမှာလည်း အသက်ရှိတာကို ကမ္ဘာ့နိယာမအဖြစ် အားလုံးက လက်ခံထားကြပြီး ဒီအတွက် ကြောင့် သက်သက်လွတ်စားမှု စစ်စစ်ဖြစ်ရင်လည်းပဲ သက်ရှိသတ္တဝါတွေကို မသတ်ကြေးဆိုတဲ့ သူတို့ရဲ့ အကြောင်းပြချက်ကို ရေရာမှု မရှိစေနိုင်တော့ပါဘူး။

၇။ အာရုံနှစ်ပါး လျော့နည်းနေတဲ့ သက်ရှိတစ်ခုကို သတ်ဖြတ်ခြင်းက အသေးအမွှား ရာဇဝတ်မှု မဟုတ်ပါဘူး။
ကုရ်အာန်ကလည်း အခုလို ဆိုထားပါတယ်။
“အို လူသားတို့၊ မြေကမ္ဘာဝယ် ရှိရှိသမျှသော အရာများအနက် သန့်စင်ကောင်းမွန်သော အရာတို့ကို စားသုံးကြတဲ့။ (ကုရ်အာန် ၂း၁၆၈)

၈။ ကျွဲ၊ နွား ဉီးရေက အတိုင်းထက်အလွန် တိုးပွားနေ
တကယ်လို့ လူတိုင်းလူတိုင်းကသာ သက်သက်လွတ်စား သမားတွေ ဖြစ်နေမယ်ဆိုရင် သူတို့တွေရဲ့ မျိုးပွားနှုန်းနဲ့ ပွားများနှုန်းက အင်မတန် မြန်လွန်းတာကြောင့် ကမ္ဘာမှာ ကျွဲနွား တိရစ္ဆာန် ဉီးရေဟာ အဆမတန် ပေါက်ကွဲနေပါမယ်။ အလ္လာဟ်ရှင်က အရှင်ရဲ့ အနန္တဉာဏ်တော်ကြောင့် အရှင့်ရဲ့ ဖန်ဆင်းမှုချိန်ခွင်လျှာကို အချိုးကျကျ ဘယ်ပုံတည်နေရမယ်ဆိုတာကို သိတော်မူတယ်။ ဒါကြောင့် ကျွဲနွားသိုးဆိတ် စတဲ့ တိရစ္ဆာန်တွေရဲ့ အသားကို အရှင်က ကျွန်ုပ်တို့ကို စားသုံးခွင့်ပြုထားတာဟာ အံ့ဩစရာ မရှိပါဘူး။

၉။ အားလုံးက သက်သက်လွတ်သမား မဟုတ်တဲ့အတွက်ကြောင့် အသားရဲ့ တန်ဖိုးကလည်း သင့်သင့်မျှမျှ ရှိနေရပါတယ်။
လူတချို့က သက်သက်လွတ်သနားတွေဖြစ်နေတာကို ကျွန်ုပ်တို့က အမှုမထားပါဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့ သူတို့ဘက်က သားငါးစားတဲ့သူတွေကို ရိုင်းရိုင်းရက်စက်တဲ့သူတွေ ဆိုပြီးတော့ ရှုတ်မချသင့်ပါဘူး။ 




ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ