အလ္လာဟ်ကိုရော ဘယ်သူက ဖန်ဆင်းထားတာလဲ?

အမေး။ အလ္လာဟ်ကို ဘယ်သူက ဖန်ဆင်းထားတာလဲ?

အဖြေ။ အထူးသဖြင့် ဒီမေးခွန်းကတော့ ဒွိဟစွဲဝင်နေကြတဲ့ ဘုရားမဲ့ ဝါဒီတွေနဲ့ ဆင်ခြင်တုံတရား ဝါဒီတို့က မေးလေ့မေးထ ရှိတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းကိုကြားမိတော့ ကျွန်တော်နဲ့ အင်မတန်မှ တရင်းတနှီးရှိတဲ့ မိတ်ဆွေတစ်ဉီးကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်ကလေးကို ကျွန်တော် သတိရမိပါတယ်။ တစ်ကြိမ်မှာ ဒီမိတ်ဆွေက မွန်ဘိုင်းမြို့က ဘုရားမဲ့ဝါဒီအုပ်စုဖြစ်တဲ့ ကျိုးကြောင်းဆင်ခြင်တုံဝါဒ သမား တစ်စုဘက်က ဒီမေးခွန်းကို သူ့ဆီမေးလာတာကို ကြုံလိုက်ရတယ်။ သူက အနန္တစွမ်းအားတော်ရှင် ရှိကြောင်း သူတို့ ယုံကြည်လက်ခံ လာအောင် ကြိုးစားပမ်းစားနဲ့ ရှင်းပြခဲ့သတဲ့။

            ဒီတော့ သူက ထုံးစံအတိုင်း ပိတ်စ တစ်စကိုပြပြီး ဒါကို ဘယ်သူက ဖန်တီးခဲ့တာလဲ။ ဒီပိတ်စက ဘယ်က လာတာလဲလို့ စပြီး မေးလိုက်တယ်။ယက္ကန်းသမား က ရက်တာလေလို့ သူတို့က ဖြေလာတော့ ကောင်းပြီပေါ့။ ဒါဆို ဒီပိတ်စမှာ ဖန်တီးသူတစ်ဉီး ရှိတာပေါ့လို့ သူက ထောက်လိုက်တော့ သူတို့ကလည်း မှန်တာပေါ့လို့ ဖြေကြသတဲ့။

            ကဲ.. ဒီမှာ စာအုပ်တစ်အုပ်။ ဒါကရော ဘယ်ကလာတာလဲ။ ဒီစာအုပ်က ဘယ်က ဖြစ်လာတာလဲ။ ဒီဖောင်တိန်ကရော ဘယ်က ဖြစ်လာတာလဲ။ ဒီနည်းနဲ့ သူက အရာရာမှာ ဖန်တီးရှင်တစ်ဉီး ရှိနေတာကို သူတို့ကို သက်သေထူပြဖို့ ကြိုးစားပမ်းစား နဲ့ပေါ့။

            မော်တော်ကားတစ်စီးကို ကြည့်အုံးမား။ စက်ရုံကနေ ဖန်တီးထုတ်လုပ်လိုက်တာပဲ။ စက်ရုံကိုရော ဘယ်သူက ဖန်တီးထားတာလဲ။ အင်ဂျင်နီယာ တစ်ဉီးဉီးဖြစ်မှာပေါ့။ ဒီအင်ဂျင်နီယာဆိုတဲ့လူကိုရော ဘယ်သူက ဖန်ဆင်းခဲ့တာတုန်း။

            ရှေ့ဆက်ပြီး အရာရာမှာ ဖန်ဆင်းရှင်ရှိကြောင်းကို သူက သက်သေထူပြနိုင်ဖို့ ကြိုးစားနေတာပေါ့ဗျာ။

            “နေကို ဘယ်သူက ဖန်ဆင်းလိုက်တာလဲ။

            “ကိုရော ဘယ်သူက ဖန်ဆင်းလိုက်တာလဲ။

            ဒီလို မေးခွန်းတွေကို မေးတိုင်းမေးတိုင်းမှာလည်း ဒီသံသယ ဝါဒီတွေကို အရာရာမှာ ဖန်ဆင်းရှင်တစ်ပါး ရှိတယ်ဆိုတာ မင်းတို့ သဘောတူ ကြရဲ့လားလို့လည်း မေးခဲ့သတဲ့။

            ဒီတော့ ဆင်ခြင်တုံဝါဒီအုပ်စုကလည်း ခဏလေး စဉ်းစားနေပြီးတော့မှအင်း.. အရာရာမှာ ဖန်ဆင်းရှင် ရှိတယ်ဆိုတာကို ကျုပ်တို့လည်း သဘောတူနိုင်ပါတယ်။အင်း.. အရာရာမှာ ဖန်ဆင်းရှင် ရှိတယ်ဆိုတာကို ခင်ဗျားမပြင်နဲ့နော်။ အရာရာမှာပဲ ဖန်ဆင်းရှင်တစ်ပါး ရှိနေတယ်နော်။ ဒါ ခင်ဗျားက ပြောထားတဲ့ စကားနော်။ သေချာတယ်နော်လို့ သူ့ကို ချီတုပ်လိုက်တယ်။ ဒါကို သူက သတိမထားမိဘူး။

            ဒီအထိ ကျွန်တော့်ရဲ့ သူငယ်ချင်းက ပျော်မဆုံး၊ အားရမဆုံး ရှိနေတာပေါ့ဗျာ။ သူ့ဘက်က ပိုင်ပြီပေါ့။ သူ့ဘက်က နိုင်နေပြီပေါ့။ ဘုရားမဲ့ ဝါဒီတွေကို မလှုပ်အောင် ကိုင်လိုက်နိုင်ပြီဆိုပြီး ကျွန်တော့်ရဲ့ မိတ်ဆွေက မေးခွန်းတွေ ထပ်ပြီး မေးနေခဲ့ပါတယ်။

            “နေကို ဘယ်သူက ဖန်ဆင်းလိုက်တာလဲ။

            “ကိုရော ဘယ်သူက ဖန်ဆင်းလိုက်တာလဲ။

            ဒါဆို နောက်ဆုံးပိတ် ဖန်ဆင်းသူက ဘယ်သူဆိုတာ အမည်နာမ ပေးရတော့မှာပေါ့။

            ကျွန်တော့်ကို ကျွန်တော့်အမေက မွေးတယ်။ ကျွန်တော့်အမေကို ကျွန်တော့် အဖွားက မွေးတယ်။ နောက်ဆုံးပိတ်မှာဒါဆို ပထမဆုံး ဖန်ဆင်းရှင်က ဘယ်သူလဲသူကပဲ အဖြေကို ပေးခဲ့ပါတယ်။

            အရာရာကို ဖန်ဆင်းခဲ့တဲ့ ပထမဆုံး ဖန်ဆင်းရှင်ကတော့ အနန္တစွမ်းအားတော်ရှင်အလ္လာဟ်ပဲဟေ့လို့ ကျေကျေနပ်နပ်ကြီး ဖြေလိုက်ရင်းနဲ့ ဒီဆွေးနွေးပွဲမှာ သူကတော့ အပြတ်အသတ်ပဲ အနိုင်ရခဲ့ပြီလို့ ထင်ခဲ့မိတယ်။

            ဒီတင် ဘုရားမဲ့ဝါဒီတွေက မေးခွန်းတစ်ခု မေးလာသတဲ့ဗျာ။

            ခင်ဗျားရဲ့အဖြေအနန္တတန်ခိုးတော်ရှင်ဆိုတာကို ကျုပ်တို့က လက်ခံလာပြီ ခင်ဗျားစကားနဲ့ ခင်ဗျားပဲနော်။ အရာရာမှာလည်း ဖန်ဆင်းရှင်တစ်ပါး ရှိမြဲဆိုတာလေ။ ဒီစကားအရ ဒါဆိုရင် အနန္တတန်ခိုးရှင် ကိုရော ဖန်ဆင်းသူ ရှိရမှာပေါ့။ သူ့ကိုရော ဘယ်သူက ဖန်ဆင်းထားတာတုန်းဗျာ။

            ဒီစကားကိုကြားပြီး ကျွန်တော့်ရဲ့ သူငယ်ချင်းက အသက်ထွက်မတတ် တုန်လှုပ်သွားရှာပါသတဲ့။ သူဘယ်လိုမှ အဖြေ မပေးတတ်တော့ဘူးတဲ့။ သူ့ခမျာ ဆွံ့အသွားရှာတယ်။ တစ်ညလုံးလည်း အိပ်မရတော့ဘူး။

            နောက်နေ့မှာတော့ ကျွန်တော့်ဆီ ရောက်ချလာပြီး ဒီအဖြစ်အပျက်အလုံးစုံကို ပြောပြလာခဲ့တယ်။

            တချို့သော အာလင်မ် ပညာရှိကြီးတွေရဲ့ လက်သုံးနည်းကို သုံးပြီး အလ္လာဟ်ရှိကြောင်း သက်သေပြဖို့ သူကြိုးစားခဲ့တာကို ကျွန်တော် သဘောပေါက်မိခဲ့ပါတယ်။ ဒီအာလင်မ် ပညာရှိကြီးတွေက မိမိဘာသာ ဆန်းစစ် ပိုင်းဖြတ်မှု (Self-analysis) လို့ ထင်ရှားတဲ့ အရေးပါလှတဲ့ ယုတ္တိဗေဒနည်းတစ်ခုကိုမှ သူတို့က မသုံးတတ်ကြပဲလေ။ ကျွန်တော်ဆို ကျွန်တော့် သူငယ်ချင်းရဲ့ နည်းမျိုး ဘယ်တော့မှ မသုံးပါဘူး။

            သူငယ်ချင်းရဲ့ နည်းနဲ့ သွားပြောရင် ကျွန်တော့်စကားနဲ့ ကျွန်တော် ချောင်ပိတ်မိသွားမှာပေါ့။ ကျွန်တော့်ရဲ့ ဟောပြောချက်တွေကို ဆန်းစစ် လေ့လာကြည့်ကြပါ။

            အရာရာမှာ ဖန်ဆင်းရှင်တစ်ပါးရှိတယ်ဆိုပြီး ကျွန်တော်ဘယ်တော့မှ ပြောခဲ့တာ မရှိပါဘူး။ လုံးဝကို မပြောပြခဲ့တာပါ။

            တကယ်တန်းဆို ကျွန်တော်က ဘုရားမဲ့ ဝါဒီတွေကို မေးခဲ့တဲ့သူပဲ။ ဘုရားမဲ့ဝါဒီတွေကို နည်းလမ်း ယန္တရားတွေ (Mechanisms) ကို သိရှိတဲ့သူကသာ ဖန်ဆင်းရှင်ဖြစ်တယ်။ ထုတ်လုပ်သူ ဖြစ်တယ်ဆိုပြီး သူ့ပါးစပ်ကနေ မဖြဟ်မနေ ထုတ်ပြောလာရအောင် ဆွပေးခဲ့တဲ့သူပါ။ ကျွန်တော့် ဘက်က စပြီး ဒီလို မပြောခဲ့ပါဘူး။ သူ့ဘက်ကနေသာ ဖွင့်ပြောစေခဲ့တဲ့သူပါ။

            ကျွန်တော့်ကို ဒီလိုမေးခွန်းမျိုး တစ်ဉီးဉီးက မေးလာခဲ့တယ်ဆိုပါစို့။နောင်ကြီး ဇိုက်ဒ် ခင်ဗျား၊ မသိတဲ့ အရာတစ်ခုရဲ့ ယန္တရား (Mechanisms) ကို ဘယ်ပုဂ္ဂိုလ်က ပြောနိုင်လိမ့်မလဲဆိုတဲ့ မေးခွန်းမျိုးလေ၊ ကျွန်တော်သူ့ကို ဆွဲယူသွားမှာက အရာရာမှာ အစဆိုတာ ရှိစမြဲပဲ။ အရာရာဟာ ဖန်ဆင်းခံပဲ။ ဒီလိုမျိုးအရာရဲ့ နည်းလမ်း ယန္တရား (Mechanisms) ကို ပြောပြနိုင်သူကသာ ဖန်ဆင်းရှင် ဖြစ်မှာပေါ့။ ကျွန်တော်က ယုတ္တိဗေဒနည်းကို သုံးနေတာပါ။ ကျွန်တော်က ထပ်ပြီး ချောင်ပိတ်မခံနိုင်ဘူးဗျ။ ကျွန်တော်သု့ကို အဖြေပြောပြရင်လည်းပဲ ပထမပုဂ္ဂိုလ်ဖြစ်ရမယ့် မူလ အဉီးအစ ဖြစ်တာကသာ ဖန်ဆင်းရှင်ဖြစ်မယ်။ ဒီစောဒကကိုပဲ ခင်ဗျားတို့ပါ သုံးသွားနိုင်တယ်။ ကုရ်အာန်ဟာ အလ္လာဟ်ရဲ့ စကားဆိုတာကို သက်သေပြဖို့လည်း ဒီလိုပဲ ပြသွားရမှာပါ။

            နောက်ဆုံး အဖြေကတော့ဗျာ သိပ္ပံက ကျုပ်တို့ကို ပြောထားတာပဲ၊ နေမှာလည်း အစရှိရဲ့၊ လမှာလည်း အစရှိရဲ့၊ စကြဝဠာကြီးမှာလည်း အစရှိနေသတဲ့၊ ဘယ်သူကများ ဒီယန္တရားဖြစ်စဉ်ကြီးဆိုတာကို သိထားနေသလဲ။ အနန္တစွမ်းအားတော်ရှင် အလ္လာဟ်ပေါ့။

            ခင်ဗျားက ကျုပ်ကိုမေးပြီး အလ္လာဟ်ကို ဘယ်သူက ဖန်ဆင်းခဲ့သလဲလို့လေ။

            ကျွန်တော့်ရဲ့ သူငယ်ချင်းက ကျွန်တော့်ကို မေးလာတာကလည်း ဒီလိုမေးခွန်းမျိုးပဲလေ။

            သူငယ်ချင်းဖြစ်သူ ပြောလာတဲ့စကားက ဘာနဲ့သွားတူလဲဆိုရင်သူ့ ညီလေး တွမ်ကို ဆေးရုံ တင်လိုက်ရတယ်။ သူက ကိုယ်ဝန်ရှိနေလို့လေ။ အခု သူ ကလေးမွေးလိုက်ပြီဗျ၊ ကဲ.. ခင်ဗျားပြောစမ်း၊ သူမွေးလိုက်တာ ယောက်ျားလေးလား မိန်းကလေးလားတဲ့။

            ဆရာဝန် တစ်ဉီးပီပီ ယောက်ျားက ကိုယ်ဝန်မဆောင်တာ ကလေးမမွေးနိုင်တာကို ကျွန်တော် သိထားတာပဲ။ ယောက်ျားလေးရဲ့ အရည်အသွေးက ကိုယ်ဝန်မဆောင်နိုင်ဘူး။ ကလေးလည်း မမွေးနိုင်ဘူး။ ဒီမေးခွန်းက အဓိပ္ပာယ်မရှိတဲ့ မေးခွန်းပဲ။

            ဒီနည်းတူပဲ အလ္လာဟ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကအလ္လာဟ်ပဲ။ ဖန်ဆင်းမှု မခံခဲ့ ရတဲ့ အရှင်ပဲ။ ဒါမှ အစမရှိဘူး။ ဒါကြောင့် ခင်ဗျားတို့က ကျွန်တော့်ကို အလ္လာဟ့်ကို ဘယ်သူ ဖန်ဆင်းခဲ့တာလဲလို့ မေးလာခဲ့ရင် ဒါကလည်း ကျွန်တော့်ရဲ့ သူငယ်ချင်းက သူ့ညီလေးတွမ် ကလေးမွေးလိုက်ပြီ၊ ဒီကလေးက ယောက်ျားလေးလား၊ မိန်းကလေးလားလို့ ဖြေစမ်းဆိုပြီး မေးလာတဲ့ မေးခွန်းလိုပဲ အဓိပ္ပာယ်လုံးဝ မရှိတဲ့ မေးခွန်းကြီးပဲ။ ဒါဟာ ဒီမေးခွန်းရဲ့ အဖြေတွေပါပဲ။

(စကားညှပ်။      အလ္လာဟ်ရှိကြောင်း မွတ်စလင်မ် မဟုတ်သူများကို ရှင်းပြရာတွင် အထူး သတိထားအပ်သည့် အချက်ကို ဒေါက်တာ ဇာကိရ်နိုက် က သတိပေးချက်ပင်။)

            ဤနေရာတွင် မက္ကမီလန်၏ နယူးအင်္ဂလိပ်ရီဒါး () ထဲမှ ပုံပြင်လေးတစ်ခုကို တင်ပြလိုပါသည်။

            တစ်ဉီးတည်းသော သားဖြစ်သူ () နှစ်သား အရွယ် ဟာရှင်မ်ကို ဖခင်ကြီးက ဆရာတစ်ဉီးထံ လာအပ်သည်။ ဆရာက သူ့အား အရေးအဖတ် အတွက် တတ်/ မတတ် မေးခဲ့သည်။ ကလေးက သူ စာရေးစာဖတ်တတ်ကြောင်းနှင့် ဂဏန်းသင်္ချာလည်း အနည်းအကျဉ်း တတ်ပါသည်ဟု ဖြေလာသည်။ ကလေးထံမှ အဖြေကို ကြားအပြီးတွင် ဆရာက ဖခင်ဖြစ်သူဘက် လှည့်ပြီးလူကြီးမင်းက ကလေးကို အရေးအဖတ်တော့ သင်ပေးထားပါရဲ့။ ကြီးကဲမြင့်မြတ်တော်မူသော အလ္လာဟ်အရှင် အကြောင်းရော၊ အရှင့်ရဲ့ အနန္တတန်ခိုးတော်တွေ အကြောင်းကိုရော သင်ပေးထားပါသေးသလားလို့ မေးလိုက်တယ်။

            ဒီအခါမှာ ဖခင်ဖြစ်သူက ဘာသာတရား ကိုင်းရှိုင်းသူပီပီသားလေး ဟာာရှင်ကိုသာ မေးကြည့်ပါ ဆရာရယ်ဟု ဖြေကြားခဲ့သည်။

            ဆရာက ဟာရှင်မ်လေးအား အောက်ပါ မေးခွန်း () ခုကို မေးလာသည်။

၁။ အလ္လာဟ်ဘယ်မှာရှိသလဲ။

၂။ အလ္လာဟ်က ဘာတွေကို သိမြင်တော်မူသလဲ။

၃။ အလ္လာဟ်က ဘာတွေကို ဆောင်ရွက်တော်မူနိုင်သလဲ။

ဒီအခါမှာ ဟာရှင်မ်လေးက..

            “ဆရာ မေးတဲ့ မေးခွန်းတွေကို ကြိုးစားပြီး ဖြေပါ့မယ်။ ဒါပေမယ့် ဆရာ့မေးခွန်းတွေကို မဖြေခင် အရင် ကျွန်တော်မသိတဲ့ မေးခွန်း () ခုကို ဆရာ့အား မေးခွင့်ပြုပါ။ ဒီမေးခွန်း () ခုရဲ့ အဖြေကို ရရင် ဆရာမေးထားတဲ့ မေးခွန်း ၃ ပုဒ်ကို ကျွန်တော်ဖြေနိုင်မယ်လို့ ထင်ပါတယ် ဆရာ။လို့ တောင်းဆိုလိုက်တယ်။

            ဆရာကလည်း ဒီရှစ်နှစ်သားလေးရဲ့ မေးခွန်းကို ငါမဖြေနိုင်ရင် ငါဟာ ညံ့ရာကျမှာပေါ့ ဆိုပြီး အသာလေး ဖြေနိုင်မှာပါလို့ ထင်တစ်လုံးနဲ့ မေးခွင့်ပေးလိုက်တယ်။

            ဟာရှင်မ်လေးက ဆရာ့ကို အောက်ပါ မေးခွန်း () ခုကို ပြန်ပြီး မေးလိုက်တယ်။

            ဆရာ ခင်ဗျား..

၁။ အလ္လာဟ်ရှင်က ဘယ်နေရာမှာမရှိဘူးလဲ။

၂။ အလ္လာဟ်ရှင်က ဘာတွေကို မသိဘူးလဲ။

၃။ အလ္လာဟ်ရှင်က ဘာတွေကို မဆောင်ရွက်နိုင်ဘူးလဲ..တဲ့။

            ဆရာခင်ဗျား ကျွန်တော်သိချင်တာကို သိရမယ်ဆိုရင် ဆရာ့ဘက်က မေးလာတဲ့ အလ္လာဟ် ဘယ်မှာရှိတယ်။ အလ္လာဟ်က ဘာတွေကို သိတယ်နဲ့ အလ္လာဟ်က ဘာတွေကို ဆောင်ရွက်နိုင်တယ်ဆိုတာကို ကျွန်တော် ဖြေဆိုပြပါမယ်။

            ဟာရှင်မ်လေးရဲ့ စကားအဆုံးမှာတော့ ဆရာကကလေး မင်းလေးက အတော်ပဲ တော်ရှာပေမယ်။ သားရဲ့ မေးခွန်း ၃ ခုနဲ့ပဲ ဆရာမေးလာတဲ့ မေးခွန်း ၃ ခုကို သပ်သပ်ရပ်ရပ်နဲ့ ပိပိရိရိ ဖြေသွားတာပဲလို့ ဆိုသတဲ့။

            အလ္လာဟ်ရှိကြောင်း မေးလာသူများကို အလ္လာဟ်မရှိကြောင်းနှင့် အလ္လာဟ်နှင့် ကင်းကွာပြီး အလ္လာဟ်မပါသော အလ္လာဟ့်လက်ရာမရှိသော အရာက ဘာတွေလဲဆိုသည့် တန်ပြန် မေးခွန်းတို့ကို ဖြေဆိုခိုင်းခြင်းဖြင့်သာ စောဒက ထပ်တက်၍ မရနိုင်ပဲ ရှိစေပါမည်။ (ဒေါက်တာ ဇာကိရ်နိုက်(က်)) က ဤသဘောကို လက်ကိုင်ပြုထားပါသည်။

 

ဟောပြောတင်ပြသူ - ဒေါက်တာ ဇာကိရ်နိုက်(က်)

ဘာသာပြန်ဆိုသူ - ဝါးခယ်မ မောင်မင်းနိုင်




ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ