ဖန်ဆင်းရှင်၏ ဗျာဒိတ်တော်

 ဖန်ဆင်းရှင်ရှိကြောင်း ညွှန်ပြနေတဲ့ နောက်တစ်ချက်ကတော့ စစ်မှန်တဲ့ ဗျာဒိတ်တော်ကို ဖန်ဆင်းရှင်ရှိကြောင်း လက္ခဏာအဖြစ် လူသားတွေထံသို့ ပို့ချခံရခြင်း ဖြစ်ပါတယ်။ အစ္စလာမ့်ကျမ်းစာတော်ဖြစ်တဲ့ ကုရ်အာန် ကျမ်းမြတ်ဟာ ဖန်ဆင်းရှင်ရဲ့  ဗျာဒိတ်တော်ဖြစ်ကြောင်းရှင်းလင်းတဲ့ လက္ခဏာတွေ ရှိနေပါတယ်။ ဒီအဆိုပြုချက်ကို ထောက်ခံနေတဲ့အကြောင်းပြချက်တွေကိုအောက်မှာဖော်ပြပါမယ်။ 


ကုရ်အာန်ကျမ်းတော်မြတ်၏ဂုဏ်ရည်တော်များ


- နှစ်ပေါင်း ၁၄၀၀ ကျော် သက်တမ်းရှိပြီဖြစ်ပြီး ထိုအချိန်ကလူတို့မသိရှိသေးသော၊ မကြာသေးမှီကမှ သိပ္ပံနည်းဖြင့် ရှာဖွေတွေ့ရှိထားသော သိပ္ပံဆိုင်ရာအချက်အလက်များ ပါဝင်ပါခြင်း။

- ဥပမာ - " ငါအရှင်သည် ရေဖြင့် သက်ရှိအားလုံးကိုဖန်ဆင်းခဲ့သည်။" (ကုရ်အာန်- ၂၁ : ၃၀)

- "ထို့အပြင်ငါအရှင်မြတ်သည် ယင်းမိုးကောင်းကင်ကို ကျယ်ပြန့်လာစေတော်မူခဲ့သည်။" (ကုရ်အာန်- ၅၁ : ၄၇)

- "ညဥ့်၊နေနှင့် လတို့ကိုဖန်ဆင်းတော်မူခဲ့သည့်အရှင်သည်လည်း ထိုအရှင်ပင်ဖြစ်တော်မူသည်။ ယင်းအရာအားလုံးတို့သည် ဂြိုဟ်ပတ်လမ်းအသီးသီးတွင် လှည့်ပတ်သွားလာ လှုပ်ရှားနေလျှက်ရှိကြသည်။" (ကုရ်အာန်- ၂၁ : ၃၃)

- ထိုအချိန်က လူတို့မသိသေးသော သမိုင်းဝင်ချက်အလက်များစွာ၊ ယနေ့အခါတွင် မှန်ကန်ကြောင်း သက်သေပြပြီးဖြစ်သော

- ခန့်မှန်းချက်များစွာ ပါဝင်ခြင်း။

- အကြောင်းအရာ ခေါင်းစဥ်များစွာပါဝင်၍ ၂၃နှစ်ကာလအတွင်း အနည်းငယ်စီ ကျရောက်ခဲ့ပါသော်လည်း ဆန့်ကျင်ဖက် တစ်စုံတစ်ရာ၊ အမှား တစ်စုံတစ်ရာ ကင်းရှင်းခြင်း။

- အခြားစာပေများကဲ့သို့မူရင်းပျောက်ပျက်သွားခြင်းမရှိပဲ မူရင်းအရဗီဘာသာစကားဖြင့် ကျရောက်ခဲ့သည့်အချိန်ကအတိုင်း ယနေ့တိုင် စာလုံးတစ်လုံးစီတိုင်း ထိန်းသိမ်းထားခြင်း။

- လူသားတို့၏ဉာဏ်ပညာနှင့် ဖန်ဆင်းရှင်အားယုံကြည်သည့်မွေးရာပါ ဗီဇတို့ကို နိုးထစေသော၊ ရိုးရှင်းသော၊ စစ်မှန်သော၊ တစ်လောကလုံးနှင့်သက်ဆိုင်သော သတင်းစကားများပါဝင်ခြင်း။

- အနှစ်အဓိပ္ပာယ်နက်ရှိုင်း၍ လူတို့၏စိတ်နှလုံးကိုလှုပ်ကိုင်နိုင်စွမ်းရှိခြင်း။

- စာပေမတတ်သူ တမန်တော်မြတ် မုဟမ္မဒ် (pbuh) ထံသို့ ချပေးခဲ့သည့်တိုင် ပြိုင်စံကင်းသောဘာသာစကား၊ ရေးဟန်တို့ကြောင့် အရဗီ ဘာသားစကား၏ ကြွယ်ဝမှု၊ လှပမှု၏ အထွပ်အထိပ်ဖြစ်ကြောင်း တစ်လောကလုံး ကလက်ခံထားခြင်း။

ကုရ်အာန်ကျမ်းမြတ်၏ ထူးခြားပြောင်မြောက် အံ့ဖွယ် အခြင်းအရာများအရ ဤကျမ်းမြတ်သည် ဖန်ဆင်းရှင်ထံမှဖြစ်သည် ဟူသော ရှင်းလင်းချက်မှာ ဆီလျော်မှုအရှိဆုံး ဖြစ်ပေသည်။





ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ