သေပြီးသည့်နောက် ဘဝ(တမလွန်) ရှိတာကို ဘယ်လိုသက်သေထူပြနိုင်ပါသလဲ။?

သေပြီးသည့်နောက် ဘဝ(တမလွန်) ရှိတာကို ဘယ်လိုသက်သေထူပြနိုင်ပါသလဲ။?
အဖြေ
၁။ တမလွန်အပေါ် ယုံကြည်ချက်က မျက်ကန်း ယုံကြည်မှုအပေါ် အခြေခံ မထားပါဘူး
လူတော်တော်များများကပဲ သိပ္ပံစိတ်ဓါတ် ယုတ္တိဗေဒ စိတ်ဓါတ် ရှိနေတဲ့လူတစ်ဦးကို တမလွန်အပေါ် ယုံကြည်မှက မှန်တယ် မမှန်ဘူး ဆိုတာ ကို ဘယ်လိုလုပ်ပြီး ယုံကြည်လက်ခံသွားနိုင်စေမှာတုံးလို့ တအံ့ တသြနဲ့ ဆိုတတ်ကြပါတယ်။ လူအတော်များများကပဲ တမလွန်ကိုယုံကြည်သူ ဘယ်သူမဆိုဟာဖြင့် မျက်ကန်း ယုံကြည်ချက်ကိုအခြေခံပြီး ယုံနေကြတယ်ရယ်လို့ အတတ်ဆိုနေကြ ပါတယ်။ တမလွန် အပေါ် ကျွန်တော်ရဲ့ ယုံကြည်ချက်ကတော့ ယုတ္တိဗေဒ နည်းကျတဲ့ အဖြေအပေါ်မှာ အခြေခံထားတာပါ။

၂။ တမလွန်သည် ယုတ္တိဗေဒနည်းကျတဲ့ ယုံကြည်ချက် တစ်ခုပင်။
ကျမ်းတော်မြတ် ကုရ်အာန်ထဲမှာ သိပ္ပံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက ပါဒပေါင်း တစ်ထောင် မက ရှိနေပါတယ်။ ကျွန်ုပ်ရဲ့ ‘Quran' and Modern Science - Compatible or Imcompatible?၊ ကုရ်အာန်နှင့် ခေတ်သစ်သိပ္ပံ ကိုက်ညီလား၊ မကိုက်ညီဘူးလား ကို ညွှန်းချင်ပါတယ်။ ကုရ်အာန်ထဲမှာ ဖော်ပြထားတဲ့ အချက် အလက် အတော်များများကို ပြီးခဲ့တဲ့ ရာစုနှစ် အနည်းငယ်အတွင်းမှာပဲ တွေ့ ရှိခဲ့ ကြပါတယ်။ ဒါပေမဲ့ ကုရ်အာန်ထဲမှာဆိုထားတဲ့ အချက်တိုင်းကိတော့ အတည်ပြုနိုင်လောက်တဲ့အဆင့် သိပ္ပံက မရောက်သေးပါဘူး။

ကုရ်အာန်ထဲမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ၁၀၀ ရာနှုန်းပြည့် လုံးဝ မှန်ကန် နေတယ်ဆိုပါစို့။ ကျန်နေတဲ့ ၂၁ ရာခိုင်နှုန်း လောက်ကို သိပ္ပံက ခြေခြေမြစ်ပြင်ကျကျ မဆို နိုင်သေးဘူးပဲ ထားပါတော့။ ဒီဆိုထားချက်ကိုသက်သေပြနိုင် မပြနိုင်ဖို့အတွက် အလှမ်းမှီတဲ့အဆင့်မှာ မရှိသေး တာ ကြောင့် ထား၊ ကျွန်ုပ်တို့မှာရှိတဲ့ ဘောင်ကန့်သတ်ထားတဲ့ ပညာကလေးနဲ့ ဒီ ၂ဝ ရာခိုင်နှုန်း အပိုင်းထဲ က ကုရ်အာန်ရဲ့ ပါဒတော်တစ်ခုကိုပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင်လည်း တစ်ရာခိုင်နှုန်းကိုတောင် မှားပါတယ် ရယ်လို့ ယတိပြတ် မပြောနိုင်သေးဘူး ထားပါတော့။ ဒါဆိုရင်တော့ ကုရ်အာန်ရဲ့ ၈၀ ရာခိုင်နှုန်းက ၁၀၀ ရာခိုင်နှုန်း မှန်ကန်နေပြီဆိုရင် ကျန်တဲ့ ၂ဝ ရာခိုင်နှုန်းကိုလည်း သက်သေသာကေနဲ့ မချေဖျက်နိုင်ဘူး ဆိုရင် ယုတ္တိဗေဒအရ ပြောရရင် ဒီ ၂ဝ ရာခိုင်နှုန်းကလဲ အမှန်ပဲတဲ့။ ကုရ်အာန်မှာ ဖော်ပြထားတဲ့ တမလွန် ရှိကြောင်း အချက်ကလဲ ဒီဝေခွဲမရသေးတဲ့ ၂၀ ရာခိုင်နှုန်း အပိုင်းထဲမှာ ပါနေတာကိုဆိုတော့ ယုတ္တိဗေဒ အရ ကျွန်ုပ်ဘက်က ပြောရရင် အမှန်ပါပဲ။

၃။တမလွန်အယူအဆသာမရှိခဲ့ရင်ငြိမ်းချမ်းရေးဒဿနနဲ့ လူတန်ဖိုးကလဲ ဘာမှအသုံးမကျ တော့ပါဘူး။
တိုက်ခိုက်လုယက်မှုက ကောင်းမှုလား၊ မကောင်းမှုလား၊ သမာ သမတ် ရှိသူကတော့ ဒါကို မကောင်းမှု လို့ပဲ ဆိုလိမ့်မှာပါ။ တမလွန်ကို မယုံကြည်တဲ့သူ တစ်ဦးအဖို့ ဓါးပြတိုက်လုယက်မှုက မကောင်းမှုပါဆိုတဲ့ အင်မတန် ကြီးကဲ လေးလံလှတဲ့ ရာဇဝတ်ပြစ်မှုကြီးရယ်လို့ ဘယ်လိုလုပ်ပြီး ရဲရဲ ယုံကြည်နိုင်မှာလဲ။

ကျုပ်က ကမ္ဘာမှာ တကယ့်ကို ဩဇာ အကြီးဆုံး ရာဇဝတ်ကောင် ကြီးပဲ ထားပါတော့။ တစ်ချိန်တည်းမှာပဲ ကျုပ်ကဉာဏ်ကလဲ ထက်သလို ကျုပ် ယုတ္တိနဲ့ ကျုပ် ရှိနေတဲ့သူ တစ်ဦးဖြစ်နေပြီဆိုပါတော့။ ဓါးပြတိုက်တာက သိပ်ကောင်းတဲ့ အလုပ်ပဲ။ ကျုပ်က ဒါနဲ့ပဲ ကျိကျိတက် ချမ်းသာပြီး ဇိမ်နဲ့ နေရတာလို့ ဆိုမယ်။ ဒါကတော့ ဓါးပြမှုကကျုပ်အတွက် ကောင်း နေတာကိုး။

တကယ်လို့ တစ်ဦးဦးက လာပြီး ဓါးပြတိုက်တယ်ဆိုတာ မကောင်းပါဘူးဗျာဆိုပြီး ကျုပ်ကို ကျိုးကြောင်း  ယုတ္တိကျကျ နားဝင်သွားစေအောင် ပြောပြလာမယ်ဆိုရင် ဒါကို ချက်ချင်း ကျုပ်ရပ်ပစ်လိုက်မှာပါ။ အစဉ်သဖြင့် လူတွေဟာ အောက်ပါအကြောင်းပြချက်တွေကို တင်ပြတတ်ကြစမြဲပါ။

(က) ဓားပြတိုက်ခံရသူဟာ အခက်အခဲဒုက္ခတွေကို ရင်ဆိုင်ရမယ်။
တချို့က ပြောတယ်။ ဓါးပြတိုက်ခံရသူခမျာ ဒုက္ခအခက်အခဲတွေကို ရင်ဆိုင် ရတယ်တဲ့။ ဓါးပြတိုက် ခံရသူ အတွက်တော့ ဒါဟာ အဆိုး ဆိုတာကို ကျုပ် တကယ်ပဲ သဘာတူ လက်ခံပါတယ်။ ဒါပေမဲ့ ကျုပ် အတွက် ကျတော့ ကောင်းတယ်လေ။ ကျုပ်က ဒေါ်လာ ၁၀၀၀ ဓါးပြတိုက်ခဲ့တယ် ဆိုပါစို့၊ ဖိုက်စတား ဟော်တယ်ပေါ်တက်ပြီး ကျုပ် ကောင်းကောင်း စားနိုင်တယ်လေ။

(ခ) တစ်ဦးဦးက ခင်ဗျားကိုလည်း ဓါးပြတိုက်လာမှာတဲ့။
တစ်နေ့ကျရင် ကျုပ်ကိုယ်တိုင်လဲ ဓါးပြတိုက်ခံရကိန်းရှိတာပဲလို့ တချို့က ဆိုကြပါတယ်။ ဘယ်လိုလူက လာပြီးကျုပ်ကို ဓါးပြတိုက်နိုင်မှာလဲဗျာ။ ကျုပ်က ဩဇာကြီးလှတဲ့ ရာဇဝတ်ကောင်ကြီးပဲ။ ကျုပ်မှာ သက်တော်စောင့်တွေလဲ ရာနဲ့ချီပြီး ထားထားတာပဲ။ ကျုပ်ကသာ ဘယ်သူ့ကိုမဆို အချိန်မရွေး ထပြီး ငါးပြတိုက်လို့ ရပေမဲ့ ကျုပ်ကိုတော့ ဘယ်သူကမှ ဓားပြတိုက်နိုင်မှာ မဟုတ်ပါဘူး။ သာမန်လူ အဖို့တော့ ဓါးပြတိုက် တယ်ဆိုတာ အတော်ကို စွန့်စားရတဲ့အလုပ်ဗျ။ ကျုပ်လို ဩဇာကြီးလှတဲ့ လူအဖို့ကတော့ အသေးအမွှားပဲလေ။

(ဂ) ငွေရပေါက်လဲ လွယ်တယ်လေ
ဒါဟာ အချောင် ငွေရလမ်းပဲ။ ခက်ခက်ခဲခဲ ရှာရတာမှမဟုတ်ပဲလို့ တချို့က ဆိုကြတယ်။ အချောင် ငွေရပေါက်ဆိုတာကို ကျုပ် လုံးလုံး လျားလျား သဘောတူပါတယ်။ ကျုပ် ဓါးပြ ဖြစ်ရတာကလဲ ဒီအချက် တစ်ချက်ပါတယ်လေ။ တကယ်လို့ လူတစ်ဦးမှာ ငွေကို လွယ်လွယ် ရနိုင်တဲ့ လမ်းရော ခက်ခက် ခဲခဲနဲ့ မှ ရနိုင်မဲ့လမ်းရော ရှိနေရင်ဆင်ခြင်တတ်တဲ့သူ အဖို့ကတော့ လွယ်လွယ်ရမဲ့ လမ်းကိုပဲ ရွေးမှာပေါ့။

(င) ဒါက လူသားချင်းစာနာမှုကို ဆန့်ကျင်ရာ ရောက်တယ်လေ။
တချို့က ပြောမယ်။ ဒါက လူသားချင်း စာနာမှုကို ဆန့်ကျင်ရာ ကျတာပဲလို့လေ။ ဒီ လူလူချင်းစာနာမှု (Humanity) ဆိုတဲ့ ဥပဒေသကို ဘယ်သူရေးခဲ့တာတုံးလို့တောင် ကျုပ်က ပြန်ပြီး မေးလိုက်ပါဦးမယ်။ ဒါကို ဘာကြောင့်ကျုပ်က လိုက်နာရမှာ တုံးလို့လေ။ ဒီဥပဒေဟာ ခံစားလွယ်တဲ့ သူတွေ စိတ်နုလွယ်တဲ့ လူမျိုးတွေအဖို့ ဆိုရင်တော့ ကောင်းချင်ကောင်းမှာပါ။ ဒါပေမဲ့ကျုပ်ကတော့ ကျုပ်ယုံကြည်ချက်နဲ့ ကျုပ်လေ။ လူတစ်ဖက်သားကို သွားပြီး ထောက်ထားနေလို့ ဘာအကျိုး မှ မရှိဘူးလို့ မြင်တဲ့သူလေ။


(စ) ဒါက အတ္တဆန်တဲ့ အပြုအမူကြီးပဲ
တချို့ကဆိုမယ်၊ လုယက်မှုက ကိုယ်ကျိုးဆန်ရာ ကျတယ်ပေါ့။ မှန်ပါတယ်။ လုယက်မှုက ကိုယ်ကျိုး ရှာရာ ကျပါတယ်။ ဒါနဲ့ပဲ ဘာကြောင့်များ ကျုပ်က ကိုယ်ကျိုး မရှာဘဲ နေရမှာတုံးဗျာ။ ဒါက ကျုပ်ဘဝကို ကောင်းစားအောင် ဖြည့်ဆီးပေးနေတဲ့ဟာပဲ။

၁။တိုက်ခိုက်လုယက်မှုကမကောင်းတဲ့ပြစ်မှုကြီးဆိုတာနဲ့ ပတ်သက်ပြီး ယုတ္တိဗေဒ ကျတဲ့ ဘာအကြောင်း ချင်းရာမှ မရှိပါ။
ခိုးဝှက်လုယက်မှုဟာမကောင်းမှု ဆိုတာကို သက်သေထူပြဖို့ ကြိုးပမ်းခဲ့တဲ့ အချက်အလက်တွေဟာ အလ ဟဿပါပဲ။ ဒီအကြောင်းပြချက်တွေကို သာမန်လူမျိုးကသာ သဘာတွေ စရာရှိပါမယ်။ ကျုပ်လို တန်ခိုးဩဇာ အာဏာထက်တဲ့ ရာဇဝတ် သားကောင်အဖို့ကျတော့ အချည်းနှီးပါပဲ။ ကျုပ်လို ခေါင်းမာ လှ တဲ့ရာဇဝတ်ကောင်လိုမျိုးကိုတော့ ဒီဆင်ခြင်ဆင်လက်တွေကဘာတရားပဲပြပြ အရာမရောက်နိုင်ပါဘူး။ ဒီကမ္ဘာမှာ ဒုစရိုက်သားတွေအများကြီးရှိနေတာ ဆန်းမှ မဆန်းပဲလေ။ ဒီလိုပဲ မုဒိမ်းမှု၊ လိမ်လည်မှု စတာတွေဟာ ကျုပ်လိုလူမျိုးအ တွက်ကတော့ ကောင်းမှကောင်းလို့ပဲ အတည် ယူမှာဗျ။ ဒီအရာ တွေဟာ ဆိုးပုဆိုးပဲလို့ ကျုပ်က ယုံကြည်သွားစေအောင် ဘယ်လိုမျိုး ကြောင်းကျိုး ကျကျ ဆင်ခြေကမှ မတတ်နိုင်ပါဘူး။

၂။ မွတ်စလင်တစ်ဦးက ဩဇာအာဏထက်လှတဲ့ ရာဇဝတ်ကောင်ကို အခိုင်အမာယုံကြည် သွားစေနိုင် ပါတယ်။
အခု ကျုပ်တို့ ဘက်ပြောင်းကြည့်ကြပါစို့လား။ အသင်ဟာ ဒီကမ္ဘာမှာ အင်မတန်ကို တန်ခိုးဩဇာ ထူးကဲ လှတဲ့ရာဇဝတ်ကောင်ကြီး ဆိုပါစို့။ ရဲတွေ ဝန်ကြီးတွေကလည်း ခင်ဗျားရဲ့ လက်ခုပ်ထဲကရေ ဆိုပါစို့။ စစ်တပ်ကြီးကပါ ခင်ဗျားဘက်ကပဲ ကာကွယ်ပေးမယ် ဆိုပါစို့။ ခင်ဗျားကို မုဒိမ်းမှု၊ တိုက်ခိုက်လုယက်မှု၊ လိမ်လည်မှု စတာတွေဟာ မကောင်းမှုတွေပဲလို့ အခိုင်အမာ ယုံကြည်သွားစေမဲ့ မွတ်စလင်တစ်ဦး ကတော့ ကျုပ်ပါပဲ။ တကယ်လို့ ကျုပ်ဘက်က လုယက်မှု၊ မကောင်းမှု ဖြစ်ပါတယ် ဆိုတာကို အလားတူ အကာင်းပြချက်တွေနဲ့ သက်သေထူ ပြမယ်ဆိုရင်လဲ သူကတော့ ကနဦးက အတိုင်းပဲ သူ ဆင်ခြေနဲ့သူ တုန့်ပြန်လာဦးမှာပါပဲ။ ရာဇာတ်မှုက သူ့ ဆင်ခြေနဲ့သူဆိုတာကို ကျပ်သဘောတူပါ တယ်။ သူ့ ဖက်က ဆင်ခြေဆင်လက် အားလုံးကလဲ တကယ်ပဲ သူဟာ သြဇာအာဏာ အထွားဆုံး ရာဇဝတ်ကောင်ကြီး ဖြစ်နေမှသာ မှန်မှာပါ။

၃။ လူတိုင်းပင် တရားမျှတမှုကို လိုလားကြသည်
လူတိုင်းကိုယ်စီဟာ တရားမျှတမှုကိုလိုလားကြပါတယ်။ သူများအတွက်မလိုချင်အုံးတောင်သူ့ အတွက် တော့ တရားမျှတမှုကို လို လားတာပါပဲ။ တချို့ လူတွေက ဩဇာအာဏာယစ်မူးပြီး လူတစ်ဖက်သားကို  ဒုက္ခရောက်အောင် နာကျည်းအောင် ပြုတတ်ကြတယ်။ အဲဒီလူတွေ ပဲ သူတို့အပေါ် မတရားပြုခံလာရပြီ ဆိုရင်တော့ ဆတ်ဆတ် ခုန်တော့တာပါပဲ။ ဒီလိုလူမျိုးတွေဘက်က လူတစ်ဖက်သားရဲ့ ခံစားချက်ကို မစာနာတတ် တာကတော့ ဩဏအာဏာကို သူတို့က ကိုးကွယ် နကြလို့ပဲလေ။ သူတို့ စိတ်မှာက ဒီ ဩဇာအာဏာကြောင့် လူတစ်ဖက်သားကို သူတို့ အန္တရာယ် ပြုနိုင်ခဲ့တာဖြစ်ပြီး တစ်ဖက်သားက သူတို့ကို ရန်မပြုဝံ့တာကလဲဒီဩဇာအာဏာ တန်ခိုးကြောင့်ရယ်လို့ ခံယူထားလို့ပါပဲ။

၄။ အလ္လာဟ်သည် စွမ်းအားအထက်ဆုံးနှင့် တရားမျှတတော်မူသော အရှင် ဖြစ်သည်။
မွတ်စလင်တစ်ဦးအနေနဲ့ ရာဇဝတ်ကောင်တစ်ဦးဘက်က အလ္လာဟ်ရှိကြောင်းကို ယုံကြည်သွားအောင် လုပ်နိုင်ပါတယ်။ (အလ္လာဟ် ရှိကြောင်း သက်သေထူချက် အဖြေကို ညွှန်းပါရစေ ) အလ္လာဟ်ရှင်ဟာ တစ်ချိန်တည်းမှာအသင့်ထက်ပိုပြီး ဩဇာအကြီးမားဆုံးအရှင် ဖြစ်တော်မူသလို တရားမျှတတော်မူတဲ့ အရှင်လည်းပဲ ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ် အာန်မှာ အခုလို ဆိုထားပါတယ်။ "အလ္လာဟ်အရှင်သည် မတော်မတရားမှုကို ပြုတစ်ပုံစာသော်မျှ မပြုပြီ။" (အလ် ကုရ်အာန် ၄ : ၄၁)

၅။ အလ္လာဟ်က ဘာကြောင့် ကျုပ်ကို အပြစ်မပေးတာတုံး။
ကုရ်အာန်ထဲက သိပ္ပံနည်းကျအချက်အလက်များနဲ့ နားဝင်အောင် တင်ပြပေးသွားခဲ့ပယ်ဆိုရင် ယုတ္တိ ဗေဒနဲ့ သိပ္ပံအသိရှိထားတဲ့ ရာဇဝတ်ကောင်အနေနဲ့ အလ္လာဟ်ရှိကြောင်းကို ယုံကြည်လက်ခံသွားမှာပါ။ သူ့ဖက်က ထပ်ပြီး စောဒကတက်လာဦးမှာက အလ္လာဟ်က စွမ်းအားတော် ရှင် တရားမျှတတော်မူသော အရှင်ဆိုရင် ဘာကြောင့်သူ့ကိုကျတော့ အပြစ် မပေးရသလဲလို့ပါပဲ။
၆။ မတော်မတရား ပြုမူသူသည် အပြစ်ခံရအံ့။
 ငွေရေးကြေးရေးနဲ့ လူမှုရေးအဆင့်အတန်းကို အပထား လူတိုင်း လူတိုင်းဟာ ကိုယ့်အပေါ် မတော် မတရား ပြုလာသူအပေါ် တကယ်ကို အပြစ်ဒဏ် ခတ်ခံရတာကို လိုလားခဲ့ကြတယ်။ ပုံမှန်ဆိုရင် လူတစ်ဦးအနေ နဲ့က သူခိုး ဓါးပြ ဒါမှမဟုတ် မုဒိမ်းကာင်ကို ကောင်းကောင်းကြီး သင်ခန်းစာပေးတာကို နှစ်မျို့ကြတယ်။ ရာဇဝတ်ကောင် အတော်များများကို အပြစ်ဒဏ် သင့်သွားစေပေမဲ့လဲ အပြစ်ပေး မခံရသေးဘဲ လွတ်နေတဲ့သူ တွေကလဲအများကြီး ရှိနေပါတယ်။ သူတို့တတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းစိမ်ခံစားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေနေကြရတယ်။ ဩဇာအာဏာရှိတဲ့ လူတစ်ယောက်ဟာ သူ့ ထက်ပိုပြီး သူ့ အပေါ် ဩဇာအရှိန်အဝါ ကြီးကဲတဲ့သူက ပတရားပြုတာကို ခံလိုက်ရရင်တော့ အဲဒီခံရတဲ့ သူကလဲပဲ သူ့ အပေါ် မတရားလုပ်သွားတဲ့ လူမှာ ပြစ်ဒဏ်ဆိုက်သွားတာကိုပဲ မြင် ချင်တွေ့ ချင်ကြတာပါ။

၇။ ဤလောကီဘဝသည် တမလွန်အတွက် စမ်းသပ်ရာနေရာ
ဒီလောကီဘဝက တမလွန်အတွက် စမ်းသပ်ချက်တစ်ရပ်ပါပဲ။ ကျမ်းမြတ်ကုရ်အာန်မှာ အခုလို ဆိုထား ပါတယ်။ "အသင်တို့အနက် မည်သူသည် အကျင့်အမူ အကောင်းဆုံးဆို သည်ကို စမ်းသပ်အံ့ သော်ငှာ သေခြင်းနှင့် ရှင်ခြင်းကို ထိုအရှင်က ဖန်ဆင်းထားချေ၏။ အရှင်သည် အနန္တ စွမ်းအားတော်ရှင်နှင့် ခွင့်လွှတ်ရှင်တည်း။” (အလ်ကုရ်အာန် ၆၇ : ၂)

၈။ တရားစီရင်မည့်နေ့တွင် အပြီးသတ် တရားစီရင် စစ်ဆေးမှု
ကျမ်းမြတ်ကုရ်အာန်မှာ အခုလို ဆိုထားပါတယ်။ "သက်ရှိတိုင်း သေခြင်း၏အရသာကို မြည်းစမ်း ကြရသည်။ တရား စီရင်ရာနေ့ကျမှ မိမိတို့၏ အကျိုးကို အပြည့်အဝပေးခြင်း ခံကြရမည်။ ငရဲမီးဘေးမှ ကယ်တင်ရာရပြီး သုခဘုံသို့ ဝင်ရောက်ရသူသည်သာ (ဘဝ၏) ရည်ရွယ်ချက်ကို ရယူနိုင်သူ ဖြစ်၏။ လောကီဘဝသည်ကား ထင်ယောင်ထင်မှား ဖြစ်စေသော ပစ္စည်းမျှသာတည်း။” (အလ် ကုရ်အာန် ၃ : ၁၈၅)
တရားစီရင်မဲ့ နေ့မှာ အပြီးသတ်တရားစီရင်မှုကို ပြုတော်မူမှာ ဖြစ်ပါတယ်။ လူတစ်ဦးသေဆုံးသွားရင် ကျန်လူသားအားလုံးနှင့်အတူ ကမ္ဘာ့တရားစီရင်မည့်နေ့မှာ ပြန်ရှင်လာရမှာ ဖြစ်တယ် ။ လူတစ်ဦးအနေ နဲ့ ဒီလောကီမှာသူ့ပြစ်ဒဏ်တချို့ တဝက်ကို ခံစားရမှာ ရှိပါတယ်။ အပြီး သတ်ဆုလဒ်နဲ့ ပြစ်ဒဏ်ခတ်မှု ကတော့ တမလွန်မှာမှဖြစ်မှာပါ။ အနန္တစွမ်းအားတော်ရှင် အလ္လာဟ်က သူခိုးဓါးပြတစ်ဦး ဒါမှမဟုတ် မုဒိမ်းသမား တစ်ဦးကို ဒီလောကီကမ္ဘာမှာ ပြစ်ဒဏ်ခတ်ကောင်းမှ ခတ်မှာပါ။ တရား စီရင်ရာနေ့မှာတော့ အသေအချာ အစစ်အဆေးခံကို ခံရမှာပါ။ သေပြီး တဲ့နောက် ဘဝတမလွန်မှာတော့ ပြစ်ဒဏ် စီရင်တာကို ခံကိုခံရလိမ့်မှာပါ။

၉။ ဟစ်တလာလို လူကို လူလုပ် ဥပဒေက ဘာ ပြစ်ဒဏ်ပေးနိုင်မှာလဲ
ဟစ်တလာက သူအကြမ်းဖက်အုပ်စိုးခဲ့တဲ့ကာလတုံးက ဂျူး လူမျိုးခြောက်သန်းကို အဆိပ်ငွေ ပေးပြီး လက်စတုံးသတ်ဖြတ်ခဲ့ပါတယ်။ ရဲက သူ့ ကို အရေးယူ ဖမ်းဆီးတယ်ပဲ ထားပါဦး။ တရားဥပဒေစိုးမိုးရေး အတွက် လောကီဥပဒေက ဟစ်တလာကို ဘာပြစ်ဒဏ်ထိ အများဆုံးပေးနိုင်မှာလဲ။ အများဆုံး လူတို့ဘက်က ပေးနိုင်တဲ့ ပြစ်ဒဏ်ဟာ ဟစ်တလာကို အဆိပ်ငွေ့ ခန်းထဲဝင်စေရုံပဲပေါ့။ ဒီပြစ်ဒဏ်က ဂျူးတစ်ယောက်ကို သတ်လိုက်လို့ ရတဲ့ ပြစ်ဒဏ်နဲ့ပဲ ညီတယ်။ ကျန်တဲ့ဂျူး ငါးသန်း ကိုးသိန်း ကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုးယောက် အတွက်ကျတော့ ဘယ်လို စီရင်မလဲ။

၁ဝ။ အလ္လာဟ်က ဟစ်တလာကို ငရဲမှာ အကြိမ် ခြောက်သန်းထက်မက ကျစေနိုင်ပါတယ်။
အလ္လာဟ်က ကျမ်းမြတ်ကုရ်အာန်ထဲမှာ မိန့်ချွေထားတော်မူပါတယ်။ “ငါအရှင်၏ သက်သေလက္ခဏာ တော်တို့ကို မယုံကြည်သူတို့အား မကြာမြင့်မီမှာပင် ငရဲမီးသို့ ပစ်ချချေအံ့။ ပြစ်ဒဏ်ကို တတိတိ ခံစားအံ့သော်ငှာ သူတို့၏ အရေပြားများ လောင်ကျွမ်းသွားပြီးသည်နှင့် ထိုအစား အရေပြားအသစ်ကို ငါအရှင် အစား လဲလှယ် ပေးချေအံ့။ အလ္လာဟ်ရှင်သည် နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်နှင့် အန္ဒန္တဉာဏ်တော်ရှင် ဖြစ်သတည်း။" (အလ် ကုရ်အာန် ၄ : ၅၆)
အလ္လာဟ်အရှင်အနေနဲ့ လိုလားတော်မူလို့ကတော့ တမလွန် ကျရင် ငရဲဘုံမှာ ဟစ်တလာကို အကြိမ်ပေါင်းခြောက်သန်း အဆိပ်ငွေ့ ပေးပြီး အကြိမ်ကြိမ် သတ်လို့ ရပြီးသားပဲ။

၁၂။ တမလွန် အယူအဆမပါခဲ့ရင် လူ တန်ဖိုးတို့ အကောင်းတို့၊ အဆိုးတို့ဆိုတဲ့ အယူဝါဒ ဘာမှမရှိနိုင် တော့ပါဘူး။
လူတစ်ဦးဦးမှသာ တမလွန်နဲ့ ပတ်သက်လို့ အခိုင်အမာ ယုံကြည်မှု မရှိခဲ့ရင် သေပြီးတဲ့နောက်ဘဝကို မယုံကြည်ဘူးဆိုရင်ဖြင့် အထူးသဖြင့် သူ့ဩဇာအရှိန်အဝါ သိပ်ပြီး ကြီးလွန်းနေချိန်မျိုးမှာ သူကျူးလွန် နေတဲ့ မကောင်းမှု မတရားမှုတွေနဲ့ ပတ်သက်ပြီး လူ့တန်ဖိုးတို့ ကုသိုလ်တို့အကုသိုလ်တို့ဆိုတဲ့ အယူဝါဒတွေနဲ့ နားချ ဖြောင်းဖျ သာဓကပြရင်တောင် ဘယ်လိုမှ ဖြစ်နိုင်စရာ မရှိပါဘူး။


ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ