သင် သေရမယ့်အချိန် နီးကပ်လာပြီလို့ ကြိုသိရရင် ဘာလုပ်မလဲ?


သင်လုံးဝ မသိတဲ့နေရာတစ်ခု မှာ သင်ဖမ်းဆီးခံထားရပြီလို့တွေးကြည့်ပါ။

ရက်သတ္တပတ် ပေါင်းများစွာ ဖမ်းဆီးခံထားရတယ်လို့ တွေးကြည့်ပါ။

တစ်ရက်တော့ အစောင့်နှစ်ယောက် သင့်ကို ဖမ်းဆီးထားရာ အခန်းငယ်လေးသို့ ရောက်လာပါတယ်။
သူတို့နဲ့အတူ အနောက်တိုင်းဝတ်စုံ ကျကျနနဝတ်ထားပြီး လက်ဆွဲအိပ်အညိုရောင်ကိုင်ထားတဲ့သူတစ်ယောက် ပါလာပါတယ်။ သူတို့ သင့်ကို ဖမ်းဆီးထားရာအခန်းငယ်လေးရှေ့မှာရပ်နေပါတယ်။ အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့သူက သူ့၏ လက်ဆွဲအိပ်ထဲကနေ စာရွက်တစ်ရွက်ထုတ်လိုက်ပါတယ်။ သင့်နာမည်ကို ခေါ်ပြီး ထိုသူက သင့်ကို စာရွက်တစ်ရွက်လှမ်းပေးပါတယ်။ စာရွက်ထဲမှာ "သင်ယခုစာဖတ်ချိန်ကနေ ၁ နာရီ အတွင်း သေဆုံးပါလိမ့်မယ်။ တစ်နာရီထက်နည်းနည်းလျှော့ချင်လျှော့မယ် နည်းနည်းလေးပိုချင်လဲ ပိုပါလိမ့်မယ်။ဒါပေမဲ့ အချိန်ပြည့်သွားရင်တော့ သင် သေခြင်းတရား၏  အပြစ်ဒဏ်ကနေ မလွတ်မြောက်တော့ပါ။ ဘယ်သူမှ ဒီလိုသေခြင်းတရားက လွတ်လမ်းမရှိပါ။ ဒါပေမဲ့ တစ်နည်းတော့ ရှိပါတယ်။ နည်းလမ်းတစ်ခုကို သုံးမယ်ဆိုရင်တော့ လွတ်လမ်းရှိပါတယ်။ အဲ့နည်းလမ်းကို သုံးမယ်ဆိုရင် လွတ်လမ်းရှိမဲ့ အပြင် သင် အရမ်းကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မယ်လို့လည်းအာမခံပါတယ်။ အဲ့နည်းလမ်းကို သုံးဖို့ သင်ရတဲ့ အချိန် ၁ နာရီ မှ ၅ မိနစ်မျှသာ လိုပါတယ်။ အဲ့နည်းလမ်းကတော့ သင်အခု သင့်အမေဆီကို ဖုန်းခေါပြီး သင့်အမေသာသင်၏ တစ်ဦးတည်းသော အမေဖြစ်ကြောင်း၊ သင်အမေ သင်အပေါ် မေတ္တာထားပြီး ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သမျှကို ကျေးဇူးတင်ကြောင်း၊ သင်အမေစိတ်ဆိုးအောင် သင်ပြုခဲ့သမျှကို တောင်းပန်ပြီး ခွင့်လွှတ်စေလိုကြောင်း စသည့်အချက်သုံးချက်သာပြောရပါမယ်။ သင့်ကို ဆက်သွယ်ဖို့ ဖုန်းတစ်လုံးပေးထားပါမယ်။ အဲ့ဖုန်းထဲမှာ သင့်အမေ၏ ဖုန်းနံပါတ်ကို ထည့်သွင်းပြီးသား ဖြစ်ပါတယ်။ သင်လုပ်ရမှာက ဖုန်းကို ဖွင့်ပြီး သင့်အမေနံပါတ်ကို ခေါ်ဆိုဖို့ပါ။  
သင် တစ်နာရီသာ အချိန်ရပါမယ်။
သင်စာဖတ်ပြီး စဉ်းစားနေချိန်မှာ အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့သူက သင့်ကို ဖုန်းတစ်လုံးလှမ်းပေးပြီး အစောင့်တွေနဲ့သင့်ကိုထားခဲ့ပါတယ်။
သင်ဘာလုပ်မှာလဲ ?
အဖြေကတော့ ရှင်းရှင်းလေးထင်ပါတယ်။ ဒါပေမဲ့ အဲ့ဖုန်းထဲမှာ သင်၏ ဆိုရှယ်မီဒီယာအကောင့်များ၊ ဖေ့ဘုတ် အကောင့်များ ထည့်သွင်းပြီးသား ဖြစ်နေပါတယ်။ သင်ဖုန်းကို ဖွင့်လိုက်တာနဲ့ သင်၏ ဖေ့ဘုတ်အကောင့်ထဲသို့ သင်ငှားထားသော ရှေ့နေမှ သင့်အတွက်လွတ်လမ်းတစ်ခုရှိကြောင်း မက်စေ့ပို့ထားတာကို သင်တွေ့ရပါတယ်။
ခနလေးသားစဉ်းစားပြီး သင့်ဆီ ပို့ထားတဲ့ ဖေ့ဘုတ်မက်စေ့တွေကို သင်ပြန်စာပို့နေပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကတော့ သိသိသာသာပါပဲ၊ အချိန်တွေလဲ ကုန်အောင်လုပ်နေပါတယ်။ သင်စိတ်ထဲမှာတော့ သင်အချိန်အနည်းငယ်ပဲ ရတယ်ဆိုတာ သိတော့သိနေပါတယ်၊ ဒါပေမဲ့ အချိန်အများကြီး ရှိနေတဲ့ပုံစံ နဲ့သင့်ကိုသင်လိမ်နေပါတယ်။ နာရီဝက်အကြာမှာတော့ အစောင့်တစ်ဦးမှ သင့်အား
"မင်းလုပ်ခိုင်းတာပြီးပြီးလား" ဟု လာမေးပါတယ်။  
သင်ခနကြောင်သွားပါတယ်၊ သင့်ကို ဒီဖုန်း ဘာအတွက်ပေးထားလဲဆိုတာတောင် မေ့သယောင်ယောင် ဖြစ်သွားပါတယ်။ ချက်ချင်းဆိုသလို သင့် ရှေ့နေဆီက ဖုန်းဝင်လာပါတယ်။ သင်ဖုန်းကိုင်လိုက်ပါတယ်။ သူက သင့်အားလွတ်အောင်ကူညီမည်ဟု ကတိပေးပါတယ်။ တစ်ချိန်ထဲမှာပဲ သူက သင့်သူ့အပေါ်ရင်းနှီးခဲ့တဲ့ ငွေပမာဏ ဟာ များပြားကြောင်းပြောဆိုပါတယ်။  
လူတိုင်းကတော့ သင်ချမ်းသာကြောင်း အမြဲပြောလေ့ရှိပါတယ်။ ဘယ်သူ့မှ သင့်ကို ဒုက္ခမပေးနိုင်ကြောင်းနဲ့ သင်၏အသက်ဟာ တစ်ခြားသူတွေ၏ အသက်ထက် တန်ဖိုးရှိကြောင်းပြောလေ့ရှိပါတယ်။ သင် အခုန အစောင့်နှစ်ယောက်ပြန်လာတဲ့ ခြေသံတွေကို ကြားနေရပါပြီ။ ဒါပေမဲ့ဒီတစ်ကြိမ်တော့ အစောင့်က ၆ ယောက်တောင်လာနေတာပါ။ သူတို့ သံကြိုးအကြီးကြီးတွေလဲယူလာပါတယ်။
အချိန်ပြည့်ပါပြီ !!!!!
ဒါကတော့ ကျွန်တော်တို့လက်ရှိ ကမ္ဘာကြီးရဲ့ ဥပမာပါပဲ။ ကျွန်တော်တို့ ဘဝတွေတကယ်တမ်း ဘယ်လောက်ရှည်လျှားလို့ပါလဲ? တစ်နာရီလောက်သာကြာတယ်လို့ ထင်ရပါတယ်။ ဒီလို လူလောကကို ခနလေး လာတဲ့ အချိန်မှာ ရိုးရှင်းတဲ့ အလုပ်လေးတစ်ခုပဲ လုပ်ဖို့လိုတာပါ။ အဲ့အလုပ်ကတော့  ကိုးကွယ်ရာ ဘုရားသခင်ဖန်ဆင်းရှင်းတစ်ပါးတည်း တည်ရှိကြောင်း အတည်ပြုလက်ခံဖို့ပါ။ ဒီလိုလုပ်ချင်းဟာလဲ ကြိုးကြောင်းဆင်ခြင်မှု ရှိတဲ့ အလုပ်ဖြစ်ပြီး ထင်သာမြင်သာလုပ်သင့်တဲ့အလုပ်ဖြစ်ပါတယ်။ သင့်စိတ်နှလုံးသားထဲမှာတော့ အလွန်ကြီးကြယ်တဲ့ သူတစ်ယောက်ယောက် က သင့်၏ အလွန်ရှုပ်ထွေးတိကျ လှသောခန္ဓာကိုယ် နှင့် စကြဝဌာ ကြီးကို ဖန်ဆင်းပြီး ထိန်းသိမ်းထားတယ် ဆိုတာ စဉ်းစားလက်ခံမိမှာပါ။ ထိုအရှင်၏ ကောင်းချီးမင်္ဂလာကို အသိအမှတ်ပြုပြီး အပြစ်တွေမှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် တောင်းဆိုပါ။
ထိုအရှင်တစ်ဦးကိုသာလျှင် သင့်ဘဝ၏ ကောင်းချီးမင်္ဂလာတွေ အတွက် ကျေးဇူးတင်သင့်ပါတယ်။ ထိုအရှင်တစ်ဦးကိုသာ ကိုးကွယ်ပြီး ထိုအရှင်နှင့် ယှဉ်တွဲကိုးကွယ်မှု မလုပ်သင့်ပါ။ သင်၏ ဘဝ တွင် ထိုအရာများလုပ်ဖို့ အချိန်အများကြီးမလိုပါ။ လုံးဝကို အချိန်အများကြီးမလိုအပ်တာပါ။ အခုနတင်ပြသလို ၁နာရီအတွင်း ၅ မိနစ်သာကဲ့သို့ အချိန်မျှသာလိုတာပါ။ အကယ်၍သင်လုပ်ခဲ့မယ်ဆိုရင် သင်အစအဆုံးမရှိတော့တဲ့ ထာဝရဘဝကို သုခဘုံမှာ ခံစားရတော့မှာပါ။ အလွန်ငြိမ်းချမ်းပြီး၊ ပျော်ရွှင်ဖွယ်ကောင်းတဲ့ သင်လုံးဝတောင်းတနေတဲ့ ဘဝမျိုးပါ။ သင်စိတ်ကူးယဉ်ထားတာထက်ပိုကောင်းတဲ့ ဘဝမျိုးပါ။  

သင့်ဘယ်တော့မှ အိုခြင်း၊ ပျင်းရိခြင်း၊ ဆာလောင်ခြင်း၊ငတ်မွတ်ခြင်း၊ အလွန်ပူခြင်း၊ အလွန်အေးခြင်း စသည့် ဒုက္ခများကို သင်မခံစားရတော့ပါ။ အဲ့ဒီ သုခဘုံမှ နေရမဲ့ အချိန်တိုင်းက ငြိမ်းချမ်းပျော်ရွှင်စရာအချိန်တွေပါ။  
...ဒါပေမဲ့ သင် ယခုရောက်နေတဲ့ လောကကြီးရှိအရာများက သင့်ကို နှောက်ယှက်နေပါတယ်။  
သင် ဒီလောကကြီးမှာ အချိန်မပြည့်ခင်အထိ/နောက်ဆုံးအချိန်အထိ သင့်ကို နှောက်ယှက်နေတာပါ။ အကယ်၍ အချိန်ပြည့်သွားပြီဆိုရင်တော့ သင်နောက်ကျသွားပြီနော်။ အကယ်၍ သင် သင်္ချိုင်းထဲရောက်ရင်တော့ သင့်ကို ဒီလောကကြီးတွင်ရှိသော အရာတော်တော်များများက သင့်ကို နှောင့်ယှက်နေခဲ့တယ်ဆိုတာ သင် သေချာသိသွားမှပါ။ ဒီလောကကြီးဟာ တကယ်ပဲ စမ်းသပ်မှုတစ်ခုပဲ ဆိုတာသင်သဘောပေါက်သွားမှာပါ။ ဒီစမ်းသပ်မှုကို အောင်မြင်ဖို့ အလွန်ရိုးရှင်းကြိုးကြောင်းဆင်ခြင်မှုရှိတဲ့ ကိစ္စလေးတွေလုပ်ဖို့ပဲလိုပါတယ်။

ဘုရားသခင်ဖန်ဆင်းရှင်သာလျှင် ပျော်ရွှင်မှုနဲ့ အောင်မြင်မှုအားလုံး၏ သော့ချက်ဆိုတာ သက်သေခံဖို့ လိုပါတယ်။ ဘုရားသခင်ဖန်ဆင်းရှင် ၏ မိမိမတောင်းဆိုပဲ ပေးထားသောကောင်းချီးမင်္ဂလာတွေ အတွက် ကျေးဇူးတင်ချီးမွမ်းဖို့နဲ့ မိမိလုပ်ခဲ့သော အပြစ်တွေ အတွက် ဝန်ချတောင်းပန်ဖို့လိုပါတယ်။ ဘုရားသခင်ဖန်ဆင်းရှင် ချမှတ်ပေးထားတဲ့ စည်းဘောင်တွေနဲ့ ဘဝကို ကောင်းကောင်းမွန်မွန် တည်ဆောက်ဖို့လိုပါတယ်။

...ဒါပေမဲ့ သင် ယခုရောက်နေတဲ့ လောကကြီးရှိအရာများက သင့်ကို နှောင့်ယှက်နေပါတယ်။  
သေခြင်းတရားဟာ ကျွန်တော်တို့အားလုံးမလွှဲမသေ ကြုံတွေ့ရမဲ့အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ လုံးဝမလွတ်မြောက်နိုင်သော တရားသဘောဖြစ်ပါတယ်။

ချမ်းသာသူဖြစ်စေဆင်းရဲသူဖြစ်စေ၊ ကျမ်းမာသူဖြစ်စေ မကျမ်းမာသူဖြစ်စေ၊ လူငယ်ဖြစ်စေ လူကြီးဖြစ်စေ၊ ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ၊ လူမဲဖြစ်စေ လူဖြူဖြစ်စေ၊ အရှေ့အရပ်မှာနေသူဖြစ်စေ အနောက်အရပ်မှာ နေသူဖြစ်စေ၊ အားလုံးဆီသို့ သေချင်းတရားမလွှဲမသေ ဆိုက်ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် သင်နောက်ဘဝအတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ? သင်မလွှဲမသေ ကြုံတွေ့ရမဲ့ အန္တရယ်နဲ့ စစ်ဆေးမေးမြန်း မှုတွေအတွက် အသင့်ဖြစ်ပြီလား ?

သင်လောကကြီးမှာ ပြုလုပ်ခဲ့တဲ့ မကောင်းမှု အစုစုတွေကနေလွတ်မြောက်ပြီး အဲ့ မကောင်းမှုတွေ ကို အစားပြန်မပေးဆပ်ရတော့ဘူးလို့ သင်ထင်နေပါသလား ?
လုံးဝမဟုတ်ပါ။ သင်လုပ်ခဲ့တဲ့ မကောင်းမှု တစ်ခုခြင်းဆီတိုင်းအတွက် စစ်ဆေးမေးမြန်းခံရပြီး ပေးဆပ်ရပါလိမ့်မယ်။  
စစ်ဆေးမေးမြန်းမဲ့ နေ့ တစ်နေ့မှ ကျရောက်လာပါလိမ့်မယ်။ မတရားမှုတွေ၊ ပြစ်မှုတွေက အားလုံး ပေးဆပ်ရမဲ့နေပါ။ တစ်စုံတစ်ဦးဟာ ကောင်းမှုတွေဟာ ပြစ်မှုတွေထက်အဆပေါင်းများစွာသာနေမယ်ဆိုလျှင် ကောင်းမွန်တဲ့ ထာဝရဘဝကို ခံစားရပါလိမ့်မယ်။

အကယ်၍ ပြစ်မှုတွေ မတရားမှုတွေကသာ လုပ်ခဲ့တဲ့ ကောင်းမှုတွေထက် လျှော့နည်းနေမယ်ဆိုရင်တော့ အလွန်ပူပြင်းတဲ့ ငရဲမီးနဲ့ ဒုက္ခတွေကို အစားပြန်ခံစားရတော့မှာပါ။  
အကယ်၍သာ မိမိအားမွေးမြူဖန်းဆင်ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ဘုရားသခင်အား ငြင်းဆန် ခဲ့မယ်ဆိုရင်တော့ ထာဝရငရဲကို ခံစားရမှာပါ။ သေချင်းတရားက နီးကပ်ပေမဲ့ မသေတော့ဘဲ ထာဝရခံစားရတော့မှာပါ။

“အသင်တို့သည် သိထားကြပါ။ ‌လောကီဘဝသည် ကစားခုန်စားမှုသက်သက်၊ အလဟဿ အချိန်ဖြန်းတီးမှု၊ မျက်စိပသာဒအတွက် လှပတင့်တယ်မှု၊ အချင်းချင်းဝါကြွား ဂုဏ်ပြိုင်ခြင်း၊ ပစ္စည်းဥစ္စာနှင့် သားသမီး‌ပေါများမှုတွင် ဂုဏ်ပြိုင်ခြင်းများပင်ဖြစ်သည်။ အကြင်မိုး‌ရေပမာပင်ဖြစ်သည်။ ထိုမိုး‌ရေ‌ကြောင့် ‌ပေါက်‌ရောက်‌သောအပင်များသည် ‌တောင်သူလယ်သမားများအား နှစ်သက်‌ပျော်ရွှင်‌စေသည်။ ထို့ပြင် ထိုအပင်များသည် ‌ခြောက်‌သွေ့သွားသည့်အခါ အသင်သည် ထိုအပင်များအား ဝါ‌နေသည်ကို ‌တွေ့မြင်ရ သည်။ ထို့‌နောက် ထိုအပင်များသည် အစိတ်စိတ်အမြွှာ‌မြွှာ‌ကြေမွသွား‌တော့သည်။ ထို့ပြင် တမလွန်ဘဝ၌မူ ပြင်းထန်‌သော ပြစ်ဒဏ်လည်းရှိသည်။ အလ္လာဟ်အရှင်မြတ်ထံ ‌တော်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် သ‌ဘောတူ‌ကျေနပ်မှုလည်း ရှိသည်။ ထို့ပြင် ‌လောကီဘဝသည် လှည့်စား‌သော ပစ္စည်းများပင်ဖြစ်သည်။"

ကျမ်းမြတ်ကုရ်အာန် သံသတ္ထုကဏ္ဍ 57: 20

စဉ်းစားကြည့်ပါ။
သင်၏ ထာဝရဘဝကို ဘယ်နေရာမှာ နေချင်ပါသလဲ ?
ကောင်းမှု မကောင်းမှု အားလုံးကို တရားစီရင်မည့် နေ့ သည် တကယ်ရှိပါတယ်။
ငရဲဘုံသည် တကယ်ရှိပါတယ်။
ထာဝရသုခဘုံ တကယ်ရှိပါတယ်။
ဒါဟာလုံးဝမှန်တဲ့ အမှန်တရားပါ။
...ဒါပေမဲ့ သင် ယခုရောက်နေတဲ့ လောကကြီးရှိအရာများက သင့်ကို နှောက်ယှက်နေပါတယ်။ 

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ