ကျွန်တော်တို့ ဘဝရဲ့ ရည်ရွယ်ချက်

- ကျွန်တော်တို့ လက်ရှိ နေထိုင်နေရတဲ့ ဒီလောကရဲ့ ဘဝသက်တမ်းဟာ
ခဏမျှသာဖြစ်ပြီး နောင်တမလွန်ကသာ စစ်မှန်တဲ့ဘဝ၊ ထာဝရနေထိုင်ရမယ့်ဘဝ ဖြစ်တယ်လို့ တစ်ပါးတည်းသော ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်က မိန့်ထားပါတယ်။ ဒီဘဝဟာ စမ်းသပ်မှု စာမေးပွဲ တစ်ခုဖြစ်ပြီး အကျိုးရလဒ်တွေကို နောင်တမလွန်မှာ ရရှိမှာ ဖြစ်ပါတယ်။ 
- ဒီလောကမှာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဖန်ဆင်းရှင်ကို သိရှိပြီး ခဝပ်ကိုးကွယ်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဘဝရည်ရွယ်ချက်ကို ကျွန်တော်တို့ဘာသာ ရှာဖွေဖို့ အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို ပစ်မထားပါဘူး။ ကျွန်တော်တို့လူသားတွေထံသို့ တမန်တော်များ စေလွှတ်ပြီး လမ်းပြပေးတော်မူပါတယ်။ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ဟာ တစ်ပါးတည်းရှိတော်မူကြောင်း၊ ကျွန်တော်တို့ဟာ ဒီလောကမှာ ခနသာနေကြရပြီး တစ်နေ့အားလုံး အရှင်မြတ်ထံ ပြန်ကြရမှာ ဖြစ်ကြောင်း သတိပေးတော်မူပါတယ်။
- ကျွန်တော်တို့ ဒီလောကမှာ ဘယ်လိုပြုမူနေထိုင်ရမယ်၊ နောင်တမလွန်မှာ ဘာတွေဖြစ်မယ် သိရှိနိုင်ဖို့ ကုရ်အာန်ကျမ်းစာကိုလည်း တမန်တော်မုဟမ္မဒ်(ဆွ) မှတဆင့် ပို့ချပေးတော်မူပါတယ်။ 
- ဖန်ဆင်းရှင်က ကျွန်တော်တို့ကို မှန်ကန်သည့်လမ်းကိုရွေးလျှင် အောင်မြင်မှုရရှိမှာဖြစ်ပြီး မှားယွင်းသည့်လမ်းကိုရွေးလျှင် ဆုံးရှုံးနစ်နာရမည်ဖြစ်ကြောင်း အသိပေထားတော်မူပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ကို စိတ်ကြိုက်ရွေးချယ်ခွင့်လည်း ပေးထားတော်မူပါတယ်။ မိမိရွေးချယ်သည့် လမ်းအတွက် မိမိတာဝန်ခံ ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ