ဥစ္စာပစ္စည်းရှာဖွေရာမှာ အလယ်အလတ်လမ်းစဉ်ကို လိုက်ပါ။

 

ဥစ္စာပစ္စည်းရှာဖွေရာမှာ အလယ်အလတ်လမ်းစဉ်ကို လိုက်ပါ။

ဂျာဘိရ် အိဗ်နေ အဗ်ဒုလ္လာဟ် (ရသွေ့)ထံမှ ဆင့်ပြန်လာရှိသည်။ တမန်တော်မြတ်(ဆွ) မိန့်ကြားတော်မူသည်။
“ အို အသင်တို့၊ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြပါ၊ ဥစ္စာရှာဖွေရာမှာ အလယ်အလတ်လမ်းစဉ်ကိုလိုက်ပါ၊ မည်သည့် ဝိဉာဉ်မှ မှ ၎င်းတို့အတွက် သတ်မှတ်ထားသော ရိက္ခာအထောက်အပံ့မရ မချင်း သေဆုံးမည်မဟုတ်ပေ။ ထို့ကြောင့် ခွင့်ပြုထားသည်များကိုသာ လုပ်ဆောင်၍ တားမြစ်ထားသည်များကို ရှောင်ရှားကြပါ။ (အိဗ်နုမာဂျာ)
အသက်ရှင်ရပ်တည်ရန် ဥစ္စာရှာဖွေရာတွင် အစွန်းရောက်ခြင်းမျိူးမရှိဘဲ အလယ်အလတ်လမ်းစဉ်ကိုသာ လျှောက်လှမ်းသင့်သည်။ အလုပ်လုပ်ကိုင်သည့်အချိန်တွင် ကြိုးကြိုးစားစားလုပ်၍ အလ္လာဟ် အရှင်မြတ်အား ခဝတ်ကိုးကွယ်မှုများကိုလည်း အချိန်ပေးပြီး ဆောင်ရွက်ရမည်ဖြစ်သည်။
လူတစ်ယောက်ချင်း၏ နောင်ဖြစ်လာမည့် အနာဂတ်နှင့် ပတ်သက်ပြီး ထိုသူ မိခင်ဝမ်းဗိုက်ထဲတွင် ရှိနေစဉ် ၄လကတည်းက စတင်သတ်မှတ်ပြီးဖြစ်သည်။ ထိုသတ်မှတ်ချက်များတွင် လူတစ်ယောက်အသက်ရှင်သန်နေစဉ်ရမည့်
ရိက္ခာ အထောက်အပံ့ပါ ပါပြီးဖြစ်သည်။ ထို့ကြောင့် ခက်ခဲသည့် အချိန်တွေမှာ သည်းခံပြီး ကိုယ့်ဘက်ကအကောင်းဆုံးကြိုးစားပြီး စောင့်ဆိုင်းနေဖို့လိုအပ်ပါတယ်။
လူတို့သည် အခက်အခဲနှင့်ကြုံရလျှင် အစပိုင်းမှာ သည်းခံစိတ်ရှိကြသော်လည်း အချိန်ကြာမြင့်လာသည်နှင့်အမျှသည်းခံစိတ်နည်းပါးလာပြီး မကောင်းမှုများကို စတင်လုပ်ဆောင်လာကြသည်။ ထိုမကောင်းမှုကြောင့် မိသားစု၊
မိတ်ဆွေ နှင့် ပတ်ဝန်းကျင် စသဖြင့် အလွှာလိုက် ထိခိုက်လာခဲ့လေသည်။
ထိုအချက်ကို ဖန်ဆင်းရှင်ကသိရှိတော်မူသောကြောင့် သည်းခံပြီး စောင့်ဆိုင်းဖို့မှာကြားထားခြင်း ဖြစ်သည်။
ဟဒီးဆ်တစ်ပုဒ်ဆင့်ပြန်လာရှိသည်။
“ လောကီရေးရာအတွက်ရှာဖွေရာတွင် အလယ်အလတ်လမ်းစဉ်ကို လိုက်နာပါ။ လူတိုင်းသည် သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ရရှိမည်ဖြစ်သည်။ (အိဗ်နေမာဂျာ)
ကုရ်အာန်ကျမ်းတော်မြတ်တွင် လာရှိသည်။
"ထို့နောက် ထို(ကွာရှင်းခဲ့သည့်)ဇနီးမိန်းမများသည် သူမတို့၏ သတ်မှတ်သည့် အိဒ်ဒသ်ရက် နောက်ဆုံးအချိန်ကိုရောက်ခါနီးတွင် အသင်တို့သည် သူမတို့အား စည်းကမ်းနှင့် အညီ ပြန်သိမ်းပိုက်ကြပါ။ သို့မဟုတ် အသင်တို့သည် စည်းကမ်းနှင့်အညီ သူမတို့နှင့် ခွဲခွာကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့ထဲမှ သစ္စာသမာဓိရှိသူနှစ်ဦးကို သက်သေထား ကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်အတွက် ရည်ရွယ်ပြီး ဖြောင့်မတ်စွာ သက်သေထွက်ဆိုကြပါ။ ဤသည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို ယုံကြည်သူများအား ဆုံးမသြဝါဒပေးခြင်းဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့လျှင် အရှင်မြတ်သည် ထိုသူ့အတွက် ထွက်ပေါက်ဖန်တီးပေးတော်မူမည်။"ကုရ်အာန် (၆၅:၂)
"ထို့ပြင် အရှင်မြတ်သည် ထိုသူအား သူမထင်သည့်နေရာမှ စားနပ်ရိက္ခာကို ပေးသနားတော်မူမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ် အရှင်မြတ်အပေါ်တွင် ယုံပုံလွှဲအပ်လျှင်အရှင်မြတ်သည် သူ့အတွက်လုံလောက်တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အရေးကိစ္စကို ပြီးမြောက်အောင်ပြုလုပ်တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူသည်။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအတွက် အချိန်အဆတစ်ခုပြုလုပ်ထားတော်မူသည်။"ကုရ်အာန် (၆၅:၃)
မည်သည့်အခါမျိုးတွင်မှ တားမြစ်ထားသည့်အရာများကို သုံးစွဲ၍ စီးပွါးရှာဖွေခြင်း မပြုပါနှင့်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ