ဟလာလ်အစားအစာဆိုသည်မှာ....


 ဟလာလ်အစားအစာဆိုသည်မှာ....

ဟလာလ် အစားအစာဆိုတာ အစ္စလာမ့်တရားဥပဒေအရ မွတ်စ်လင်မ်တွေစားသုံးခွင့်ရှိတဲ့ အစားအစာဖြစ်ပြီး အောက်ပါယေဘုယျ မှက်ကျောက်များနှင့် ကိုက်ညီဖို့ လိုအပ်ပါတယ်။

၁။  အစာရဲ့ သဘာဝဟာ အစ္စလာမ့်တရားဥပဒေက တားမြစ်ထားတဲ့အရာ(ဟရာမ်)မဖြစ်ရပါဘူး။

၂။  အဲ့ဒီအစားအစာကို တရားဝင်နည်းလမ်းများဖြင့် ရှာဖွေ/စီးပွားပြုထားသော (ဟလာလ်) ဖြစ်ရပါမယ်။

၃။  ကိုင်တွယ်၊ပြင်ဆင်၊ထုပ်လုပ်၊ဖြန့်ချိ၊ သိုလှောင်၊ ချက်ပြုတ်၊ ကျွေးမွေးတဲ့ ကဏ္ဍအသီးသီးမှာ သန့်ရှင်းစင်ကြယ်ပြီး ကျန်းမာရေးကိုဖြစ်စေမှု(သွိုင်ယိဗ်)ရှိရပါမယ်။ တားမြစ်ထားတဲ့အရာ(ဟရာမ်)နှင့်အညစ်အကြေး(နဂျိစ်)တို့နဲ့ အတူရောနှောထားခြင်း မရှိရပါဘူး။

၄။  လူ့ရုပ်ခန္ဓာနှင့် စိတ်ရဲ့ပုံမှန်လုပ်ငန်းများကို ဘေးဥပါဒ်ပေးခြင်းနဲ့ ဟန့်တားနှောက်ယှက်မှု မရှိစေရပါဘူး။

၅။  စားသုံးခွင့်ရှိတဲ့ တိရစ္ဆာန် တွေကိုလည်း အစ္စလာမ့် တရားတော်နှင့်အညီ ဖန်ဆင်းရှင်၏နာမတော်ကို တသ၍ လှီးဖြတ်ခြင်း (ဇဗဟ်) ပြုထားရမှာဖြစ်ပါတယ်။


- ဆရာဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်) ၏ ဟလာလ် အစားအစာသည် ကိုယ်ကျင့်တရား ဖွံ့ဖြိုးရေးနှင့် အစားအစာ ဘေးဥပဒ်ကင်းရေးကို အကျိုးပြုပုံ စာအုပ်မှ ကောက်နုတ်တင်ပြသည်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ