ဟရာမ်အဖြစ်တားမြစ်ထားသော အစားအသောက်များ အသင်သိပါလား။

 


ဟရာမ်အဖြစ်တားမြစ်ထားသော အစားအသောက်များ အသင်သိပါလား။
 
၎င်းတိုမှာ

၁။အလိုအလျောက်သေသော တိရစ္ဆာန် ၏အသား။

၂။စီးထွက်သောသွေး

၃။ဝက်သား
 
၄။အနိုင်းမဲ့ကိုးကွယ်ရာ(မြတ်အလ္လာဟ်)ရဲ့နာမတော်မှလွဲ၍အခြားအမည် တသ၍ လှီးဖြတ်ထားသော သတ္တဝါ၏အသား
 
၅။နတ်/ရုပ်တုများကို ပူဇော်ရန် လှီးဖြတ်ထားသော အသား/အစားအစာများ
 
၆။လည်မျိုလိမ်/ညှစ်ခံရ၍ သေသော တိရစ္ဆာန်၏ အသား
 
၇။ရိုက်နှက်ထိခိုက်၍သေသော တိရစ္ဆာန်၏အသား
 
၈။အမြင့်မှကျ၍သေသော တိရစ္ဆာန်၏အသား
 
၉။ဦးချိုဖြင့်  ဝှေ့ခတ်ခံရ၍ သေသော တိရစ္ဆာန်၏အသား
 
၁၀။သားရဲတိရစ္ဆာန်များ ကိုက်ခဲသတ်ဖြတ်ထားသော တိရစ္ဆာန်၏အသား
 
၁၁။အရက်သေစာနှင့်မူးယစ်ဆေးဝါးများ
ဖြစ်ကြသည်။

ဤအချက် ၁၁ချက်လုံးသည် ကုရ်အာန်ကျမ်းတော်မြတ်တွင် အလ္လာဟ်အရှင်  ဖော်ပြထားသော အချက်များဖြစ်သည်။
 
၎င်းတိုကို အခြေခံပြိး တမန်တော်မြတ် မုဟမ္မဒ် (ဆွ)၏  သြဝါဒမှတ်တမ်းများ အစ္စလာမ့်တရားဥပဒေသိပ္ပံပညာ(ဖိကဟ်)က ဟရာမ်အဖြစ် သတ်မှတ်ထားသည့် အရာများမှာ
 
*ဝက်နှင့်ခွေး
*အသားပုပ်/ အသေသားစားသော တိရစ္ဆာန်နှင့်ငှက်များ (ဥပမာ-ဠင်းတ)
*စွယ်သွားရှိသော တိရစ္ဆာန်များ(ဥပမာ-ကြောင်မျိုးနွယ်၊မျောက်မျိုးနွယ်)
*ခြေသည်း/လက်သည်းဖြင့် သားကောင်ဖမ်းဆီးသော ငှက်များ(ဥပမာ-သိမ်းငှက်)
*ကုန်းတစ်ပိုင်း၊ရေတစ်ပိုင်းသတ္တဝါများ(ဥပမာ-ဖား၊လိပ်၊မိချောင်း)
*မြည်း
*ညစ်ညမ်းသောတိရစ္ဆာန်များ(ဥပမာ-ကြွက်၊ပိုးဟပ်)

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ