အိမ်နီးနားချင်းကို ကောင်းမွန်စွာဆက်ဆံရန် အရေးကြီးသည်

 

တမန်တော်မိုဟာမဒ်(ဆွ) က ကျွန်တော်တို မွတ်စလင်မ်တွေကို အိမ်နီးနားချင်းကို ဘယ်လိုဆက်ဆံရမလဲဆိုတာနဲ့ ပက်သက်ပြီး အသေးစိတ်သင်ကြားပေးပါတယ်။

မိမိ အိမ်နီးနားချင်းသည် မိမိကြောင့်လုံခြုံစိတ်ချရမည်။
==============================
အဘူဟုရိုင်ရာဟ်(ရသွေ့)ကပြောပြခဲ့သည်။ တမန်တော်မြတ်(ဆွ)က မိန့်ကြားသည်မှာ “ မိမိအိမ်နီးချင်းသည် မိမိလုပ်ရပ်ကြောင့် လုံခြုံမှုမခံစားရပါက (အေးချမ်းစွာမနေရပါက) ထိုသူသည် စစ်မှန်သော ယုံကြည်သူ မွတ်စလင်မ် မဟုတ်ပေ။” (တမန်တော်မိုဟာမဒ်(ဆွ)၏ဩဝါဒ - ဗုခါရီကျမ်း၊ မွတ်စလင်မ်ကျမ်း)
နောက်ဟဒိးဆ်တော်တစ်ပုဒ်တွင် တမန်တော်မိုဟာမဒ်(ဆွ)က “ ဘယ်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို ယုံကြည်တယ်ဆိုရင် မိမိရဲ့ အိမ်နီးချင်းကို ဒုက္ခမပေးရဘူး။ ” (ဗုခါရီကျမ်း - ဟဒိးဆ် အမှတ် ၆၀၁၈)
အခြားဆင့်ပြန်ချက်တစ်ခုတွင့် တမန်တော်မိုဟာမဒ်(ဆွ)က “ ကောင်းကင်တမန်ဂျိဗ်ရီလ် (အ) က ငါ့ကို အိမ်နီးချင်းနဲ့ပက်သက်ပြီး ကောင်းမွန်စွာဆက်ဆံဖို အမြဲတမ်းမှားကြားလေ့ရှိတယ်။ ဘယ်လောက်တောင်လဲဆိုရင် အိမ်နီးချင်းကို အမွေစားအမွေခံအဖြစ် သတ်မှတ်လိုက်ရမလားတောင် ငါကိုယ်တော် ထင်မိခဲ့တယ် ” (ဗုခါရီကျမ်း - ဟဒိးဆ် အမှတ် ၆၀၁၄)

အိမ်နီးချင်းအား အစားအသောက်မျှဝေရခြင်း
==========================
အဗ်နေအဘ္ဘာစ်း(ရသွေ့)ကဆင့်ပြန်ခဲ့သည်၊ တမန်တော်မိုဟာမဒ်(ဆွ)ကမိန့်တော်မူခဲ့သည် “သင့်ဗိုက်တော့ ပြည့်နေပြီး သင့်အိမ်နီးချင်းက ဆာလောင်မွတ်သိပ်နေပါက သင်သည် စစ်မှန်သောယုံကြည်သူ (မိုအ့်မင်န်) တစ်ယောက်မဟုတ်ပေ” (

အထက်ပါ တမန်တော်မိုဟာမဒ်(ဆွ) ၏ ဩဝါဒ(ဟဒိးဆ်)‌တော်များအရ သိရသည်မှာ မိမိ အိမ်နီးနားချင်းကို ကောင်းမွန်စွာဆက်ဆံရန် ယုံကြည်သူမွတ်စလင်မ်တစ်ယောက်အတွက်အလွန်အရေးကြီးကြောင်း မှတ်သားသိရှိရပါသည်။ အိမ်နီးနားချင်း စိတ်အနှောင့်အယှက်ဖြစ်အောင်၊ ဒုက္ခရောက်အောင် ဘယ်သောအခါမျှမလုပ်သင့်ကြောင်း မှတ်သားရပါသည်။ မိမိအိမ်နီးနားချင်းသည် ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို မိမိက အထက်ပါ အဆုံးအမများအတိုင်း ကောင်းမွန်စွာဆက်ဆံရန်အရေးကြီး ပါသည်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ