မြန်မာမွတ်စလင်မ် လူ့အစုအဝေးသည် မြန်မာနိုင်ငံ၏ မွေးရာပါနိုင်ငံသားများ ဖြစ်ကြသည်


မွတ်စလင်မ်ဆန့်ကျင်ရေး ၀ါဒဖြန့်မှုတရားခွေများတွင် အစ္စလာမ် သာသနာသည် ဗြိတိသျှနယ်ချဲ့ခေတ်မှရောက်လာသော သာသနာဖြစ်ကြောင်း၊ အချို့ကမူ မွတ်စလင်မ်တို့သည် မြန်မာနိုင်ငံတွင် ဧည့်သည်သာဖြစ်ကြောင်း လွဲမှားစွာဖော်ပြနေသည်ကိုတွေ့ရပါသည်။ အစ္စလာမ်သာသနာသည် ပုဂံ ခေတ် တွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ မြန်မာမွတ်စလင်မ်လူ့အစုအေ၀းသည်လည်းပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားနှင့် မွေးရာပါနိုင်ငံသား ဖြစ်ကြောင်း သမိုင်းဖြစ်စဉ်အကျဉ်းစာတမ်းကို ၂-၇-၂၀၁၂ နေ့စွဲဖြင့် နိုင်ငံတော်သမ္မတကြီးထံသို့လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌများထံသို့လည်းကောင်း တရား၀င်ပေးပို့ခဲ့ပြီးဖြစ်ပါသည်။
အဓိကကျသောအချက်အချို့မှာ
၁။ ပုဂံခေတ်တွင် ပသီနှင့် ပန်းသေးနှင့်တရက်လူမျိုးစုအမည်ဖော်ပြထားခြင်း။ ပုဂံတွင် နတ်ကိုးကွယ်မှု၊ မဟာယနဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့ရှိနေခဲ့စဉ် ရှင်အရဟံက သထုံတွင် ထေရ၀ါဒဗုဒ္ဓဘာသာ၏ ပိဋကတ်သုံးပုံ ရှိကြောင်းမြွက်ကြားရာအနော်ရထာက သထုံဘုရင်ထံတောင်းဆိုရာမရသဖြင့် ပုဂံသူရဲကောင်း (၄)ဦးဖြင့် ၀န်းရံတိုက်ခိုက်သော်လည်း မြို့မသိမ်းနိုင်ဖြစ်ခဲ့၏။ မွတ်စလင်မ်သူရဲကောင်းဗျတ္တက နောက်ဆုံးအသက်စွန့်လှူပြီး မြို့တံခါးဖွင့်ပေး လိုက်မှသာ ပုဂံသို့ ပိဋကတ်သုံးပုံ သယ်ဆောင်နိုင်ပြီး ထေရ၀ါဒပြန့်ပွားခဲ့ခြင်းဖြစ်သည်။
၂။ ပုဂံသူရဲကောင်း ၇ ဦးတွင် ဗျတ္တနှင့် ၎င်း၏သားနှစ်ဦးဖြစ်သော ရွှေဖျဉ်းညီနောင်မှာ မွတ်စလင်မ်ဖြစ်ပြီး ပုဂံ၏ ၃၇ မင်းနတ်တွင် မင်းကြီး၊ မင်းလေး (ရွှေဖျဉ်းညီနောင်) ပသီနတ် ၂ ပါး ပါ၀င်နေခြင်း၊ အနော်ရထာဘုရင်ထံတွင် ပသီတပ်တစ်တပ်ရှိနေခဲ့ခြင်း
၃။ ပုသိမ်မြို့ကို ပသီမင်းဆက်(၃)ဆက် အုပ်ချုပ်ခဲ့သဖြင့် ပသီမြို့ဟုခေါ်တွင်ခြင်း၊ မွန်တို့က ဍုင်ပသီဟုလည်းကောင်း၊ မြန်မာကရင်များက ေ၀့ပသီဟုလည်းကောင်း၊ တလိုင်းကရင်များက ၀ိန့်ပသီဟုလည်းကောင်း ခေါ်ခဲ့ခြင်း
၄။ သာလွန်မင်းလက်ထက် (၁၆၂၉-၁၆၄၈)တွင် စီးပွားရေးစစ်တမ်းတွင် စစ်သည်၊ သုံ့ပန်းနှင့် အလိုအလျောက် ပြောင်းလ‌ာသူများဖြင့် လူဦးရေတိုးမြှင့်အောင်ဆောင်ရွက်ရခြင်း၊ ဆည်မြောင်းများပြုပြင်ပြီး လယ်ယာလုပ်ငန်းမြှင့်တင်ခြင်းတို့ပြုခဲ့ပါသည်။ သမိုင်းပါရဂူ ဒေါက်တာသန်းထွန်းက သာလွန်မင်းလက်ထက် မြန်မာနိုင်ငံ၏ ပထမသန်းခေါင်စာရင်းဟုယူဆနိုင်သော လူမျိုးများ စာရင်းကို ဖော်ပြရာတွင် ကုလားပျို(ပသီ)နှင့် တရက်တို့ကိုဖော်ပြထားရာ ၎င်းတို့မှာ မွတ်စလင်မ်များဖြစ်ကြသည်။
၅။ မြန်မာနိုင်ငံ၏ဒုတိယသန်းခေါင်စာရင်းဟုယူဆနိုင်သော ဘိုးတော်ဘုရား(၁၇၈၂-၁၈၁၉)လက်ထက်စစ်တမ်းများတွင်လည်းပသီ ခေါ် မြန်မာမွတ်စလင်မ်လူမျိုးစုအမည်စာရင်းများစွာ တွေ့ရပါသည်။ ဗမာဘုရင်များခေတ်က “ကုလ”ဟူသည် မြတ်သောအမျိုးကိုခေါ်၍ “ကုလား”ဟူသည် မြတ်သောအမျိုးဟု ဂုဏ်ရှိသော ဝေါဟာရတစ်ရပ်ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် တစ်ခါတစ်ရံ ပသီကုလား၊ ကုလားပန်းသေးလူမျိုးဟုလည်းကောင်း၊ ပသီစစ်သည်များကို ကုလားပျိုဟုလည်းကောင်း ဂုဏ်ရှိစွာခေေါ်၀ါ်ခဲ့ပါသည်။
ဗြိတိသျှ၀င်ပြီးတွင်မှ “ကုလား”ဟူသေော၀ါဟာရအဓိပ္ပာယ်မှာ မလိုလားအပ်သော အမည်တစ်ခုဖြစ်လာခဲ့ခြင်း ဖြစ်ပါသည်။
၆။ ဘိုးတော်ဘုရားလက်ထက်တွင် ရခိုင်ကိုအောင်နိုင်ပြီးနောက် တစ်ပြည်လုံးရှိ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်နှင့် ဟိန္ဒူစသော သာသနာ(၄)ရပ်အတွက် သာသနာပိုင်များခန့်ထားရာတွင် အစ္စလာမ်သာသနာ၀င်ပသီများအတွက် အာဗိဒ်ရှဟ်ဟုစိုင်နီသခင်ကြီးကို ပြန်တမ်းဖြင့် ခန့်အပ်ခဲ့ပါသည်။
၇။ ဗြိတိသျှကိုလိုနီအစိုးရလက်ထက် ၁၉၂၂ ခုနှစ် ရန်ကုန်မြို့မှ မြူနီစီပါယ်အက်ဥပဒေ၊ ပဌမစာရင်း၊ အခန်း(၁)တွင် ရန်ကုန်မြို့၊မြူနီစပယ်ကော်ပိုရေးရှင်းအသင်းကို အတိုင်ပင်ခံလူကြီး (၃၄)ယောက်ဖွဲ့စည်းရာတွင် ပသီလူမျိုးစုက ရွေးကောက် တင်မြှောက်သူ(၄)ယောက်လည်း ပါရှိစေရမည်ဟုဖော်ပြထားရာ ပသီလူမျိုးစုသည် မြန်မာဘုရင်များခေတ်တွင်သာမက ဗြိတိသျှခေတ်တွင်သမိုင်း၀င်၊ ပြန်တမ်း၀င်ဖြစ်နေခ့ပဲ ါသည်။ သို့သော ် ဗြိတိသျှအစိုးရအနေဖြငမွတ်စလင်မ်တို့အား ဗမာလူမျိုးနှင့်ပေါင်းပြီး မိမိတို့ကိုဆန့်ကျင်နေသဖြင့် မလိုလားခဲ့ဘဲ သန်းခေါင်စာရင်းကောက်ယူရာတွင် ပြန်တမ်း၀င် “ပသီ လူမျိုးစုက ကို “ဇေရ်ဘာဒီ” ဟု နှိမ့်ချ
ခေါ်‌ဝေါ်သောစကားလုံးသစ်ဖြင့် တစ်စစ ပြောင်းလဲကောက်ယူခဲ့ပါသည်။ ထိုစဉ် ကောက်ယူသောသန်းခေါင်စာရင်းများတွင်လည်း ပသျှူး၊ ပန်းသေး၊ ရခိုင်မွတ်စလင်မ်၊ ဇေရ်ဘာဒီ၊ ကမန်၊ မြေထူးစသည့် အမည်များဖြင့် ဖော်ပြထားသည်ကို တွေ့ရပါသည်။
၈။ ယင်းသို့ ပြန်တမ်း၀င်ပသီလူမျိုးစုကို ဇေရ်ဘာဒီဟု ပြောင်းလဲခေေါ်၀ါ်ခြင်း၊ အိန်ဒိယမွတ်စလင်မ်နှင့် ဗမာမွတ်စလင်မ်တို့နိုင်ငံရေးအရ ရောထွေးနေခြင်းစသည်တို့ကို အရှိအတိုင်းဖြစ်စေရန် ဆရာကြီးဦးရာဇတ်အပါအ၀င် မြန်မာမွတ်စလင်မ်ခေါင်းဆောင်တို့ ကြိုးပမ်းခဲ့ကြရာ ၁၉၄၁ ခုနှစ်၊ သြဂုတ်လ(၉)ရက်နေ့တွင် မြန်မာနိုင်ငံတော်  တိုင်းပြည်ရေးရာ ပြန်ကြားမှု၀န်ရုံးမှကြေညာချက်အမှတ် ၁၁၁၂ ဖြင့် ဇေရ်ဘာဒီဟူသောအမည်အစား “မြန်မာမွတ်စလင်မ် (Burma Muslim)”ဟူသော အမည်ကို
အသုံးပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ဘုရင်ခံဆာဒေါ်မန်စမစ်ကလည်း ၂၇-၉-၁၉၄၁ နေ့စွဲဖြင့်ထပ်ဆင့်ပြန်တမ်းထုတ်ခဲ့ပါသည်။
၉။ ဆရာကြီးဦးရာဇတ်ဦးဆောင်သော ဗမာမွတ်စလင်မ်ကွန်ဂရက်သည် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလ အဖွဲ့ချုပ်တွင် တပ်ပေါင်းစုအဖြစ်ပါ၀င်ခဲ့သည်။ ဖဆပလ အဖွဲ့ကြီး၏ ပထမဆုံးညီလာခံကို ရန်ကုန်မြို့၊ ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပခဲ့ရာဖဆပလ အဖွဲ့ချုပ်ကြီးက ဗမာမွတ်စလင်မ်တို့၏ တိုင်းပြည်အပေါ်သစ္စာရှိမှု၊ တာ၀န်ကျေမှုတို့ကို ဂုဏ်ပြုပြီးဗမာ မွတ်စလင်မ်တို့သည် လက်ရှိ ဗမာလူများစုနှင့်အတူ ဗမာအဖြစ်ပူးပေါင်းနေထိုင်လျက်ရှိကြသော်လည်း “အကယ်၍ တိုင်းရင်းသား လူနည်းစု
တို့ရထိုက်သော အခွင့်အရေး ယူလိုကလည်းယူနိုင်သည်”ဟူသောအဆိုအမှတ်(၆)ကို ဒီးဒုတ်ဦးဘချိုက တင်သွင်းခဲ့ရာညီလာခံကြီးက တစ်ခဲနက်ထောက်ခံအားပေးခဲ့ပါသည်။ ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)ကလည်း လွတ်လပ်ရေးယူသည့်အခါ
တောင်တန်းဒေသများနှင့် ပြည်မပူးပေါင်းရေးအဆိုကို အဆိုအမှတ်(၇)ဖြင့်တင်သွင်းခဲ့ရာ ညီလာခံက ထောက်ခံပါသည်။ စင်စစ်ယင်းမှ ဗမာမွတ်စလင်မ်ကွန်ဂရက်က ပင်လုံမျိုးစေ့ စိုက်လိုက်ခြင်းပင်ဖြစ်ပါသည်။ ဗမာ မွတ်စလင်မ်ကွန်ဂရက်မှ ဦးဖေခင်မှာယှဉ်ပြိုင်မှုများကြားမှ ဖဆပလ၏ တောင်တန်းဒေသဆိုင်ရာ အတွင်းရေးမှူး ဖြစ်လာခဲ့ ပါသည်။ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)အနေဖြင့် လွတ်လပ်ရေးကို ဦးစားပေးသောအားဖြင့် ဖဆပလညီလာခံကြီးကပေးသော လူနည်းစုအခွင့်အရေးကိုစွန့်လွှတ်ကာ မိမိတို့ကိုယ်မိမိတို့ ဗမာများအဖြစ်သာ ဆက်လက်ခံယူ၍ လူများစုအခွင့်အရေး
ယူရန် ၁၉၄၆ ၊ ဒီဇင်ဘာလညီလာခံ၌ ဆုံးဖြတ်ခဲ့ကြပါသည်။
၁၉၄၇ ခုနှစ်၊ ဖေဖေါ်၀ါရီလ(၁၁)ရက်နေ့ ညနေတွင် ပင်လုံစာချုပ် ချုပ်ဆိုရန် ပျက်ပြယ်သွားပြီဖြစ်ရာ ဗိုလ်ချုပ်
အောင်ဆန်းက ရန်ကုန်ပြန်ရန် လေယာဉ်ပျံစီစဉ်ခိုင်းနေပြီဖြစ်သည်။ ဗမာမွတ်စလင်မ်ဦးဖေခင်က ဗိုလ်ချုပ်ကို တစ်ညတာအချိန်ပေးရန် ချော့မော့ဖျောင်းဖြ၍ မိတ်ဆွေများနှင့် ညတွင်းချင်းကြိုးပမ်းခဲ့ရာ နောက်နေ့ ဖေဖေါ်၀ါရီလ(၁၂)ရက်နေ့တွင် ပင်လုံစာချုပ်ကြီး ချုပ်ဆိုနိုင်ခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် (Union of Burma) အဖြစ် လွတ်လပ်ရေးရယူနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
အကယ်၍သာ ဗမာမွတ်စလင်မ်ကွန်ဂရက်မှ ဦးဖေခင်က ယင်းသို့မကြိုးစားခဲ့လျှင် မြန်မာပြည်မြေပုံ ယခုကဲ့သို့ ပေါ်ပေါက်လာစရာမရှိပါ။ ဗမာမွတ်စလင်မ်တို့သည် ပင်လုံမျိုးစေ့ကို ရွှေတိဂုံအလယ်ပစ္စယံ၌စိုက်ခဲ့ပြီး ပင်လုံ၌အပင်ပေါက်စေခဲ့ သူများ ဖြစ်ကြပါသည်။
စင်စစ် မြန်မာမွတ်စလင်မ်လူ့အစုအေ၀းမှာ ပြည်ထောင်စုသားများသာဖြစ်ကြပါသည်။
၉။ ၁၉၅၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ဗမာမွတ်စလင်မ်ကွန်ဂရက်ညီလာခံ ကိုယ်စားလှယ်များနှင့်တွေ့ဆုံရာတွင် ထိုစဉ်က နိုင်ငံတော်၀န်ကြီးချုပ်နှင့် ဖဆပလအဖွဲ့ချုပ်၏ဥက်္ကဋ္ဌဖြစ်သူ ဦးနုက ဗမာမွတ်စလင်မ်တို့သည်ဗမာတိုင်းရင်းသားများဖြစ်ကြောင်း၊ ထို့ကြောင့် ဗမာမွတ်စလင်မ်ကွန်ဂရက်ကိုဖျက်၍ ဖဆပလသို့ဝင် ရောက်ရန်၊ ဘာသာရေးသီးသန့်လုပ်လိုသူများက အစ္စလာမ်သာသနာရေးရာကောင်စီသို့ ဝင်ရောက်ကြရန် တရား၀င်ပြောကြားခဲ့သည်။ အလားတူ နိုင်ငံတော်သမ္မတကြီး ဒေါက်တာဦးဘဦးကလည်း ဗမာမွတ်စလင်မ်တို့သည် တိုင်းရင်းသားအစစ်အမှန်ဖြစ်ကြကြောင်း၊ ၁၉၅၆ခုနှစ်၊ဒီဇင်ဘာလ(၂၈-၃၀)ရက်နေ့ မိတ်္ထီလာမြို့၌ကျင်းပခဲ့သော အစ္စလာမ်သာသနာရေးရာကောင်စီ ပထမအကြိမ် ပြည်လုံးကျွတ်
ညီလာခံကြီးသို့ပေးပို့သော သ၀ဏ်လွှာတွင် ဂုဏ်ပြုဖော်ပြထားသည်။ ထို့အတူ တရားရေး၀န်ကြီး ဒေါက်တာ ဦးဧမောင်ကလည်း ၁၈-၉-၁၉၆၁နေ့တွင် ၁၉၆၁ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(စတုတ္ထ) ပြင်ဆင်ချက်ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရာ၌ မြန်မာမွတ်စလင်မ်တို့သည် မြန်မာတိုင်းရင်းသားများဖြစ်ကြောင်းကိုလည်း ထည့်သွင်းရှင်းလင်းခဲ့ပါသည်။
ဤသို့ဖြင့် ဗမာမွတ်စလင်မ်ကွန်ရက် (ဗမက)ကို ၃၀-၉-၁၉၅၆ နေ့တွင် ဖျက်သိမ်းပေးလိုက်ရပေရာ မကျေနပ်သူတို့က ၁-၁၀-၁၉၅၆ နေ့တွင် ဗမာမွတ်စလင်မ်ကွန်ဂရက်အသစ်(ဗမကသစ်)ကိုထူထောင်ပြီးမကြာမီ “ပသီအမျိုးသားကွန်ဂရက်”ဟု အမည်ပြောင်းခဲ့ကြရာ သက်ဆိုင်ရာအာဏာပိုင်များက ကန့်ကွက်မှုမရှိတော့ပါ။ တပ်မတော်အစိုးရက ၂-၃-၁၉၆၂တွင် အာဏာသိမ်းပြီးချိန်တွင်လည်း ပသီအမျိုးသားကွန်ဂရက်ဆက်လက်တည်ရှိနေပြီး ၁၉၆၄ ခုနှစ်တွင် တစ်ပြည်လုံးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတစ်ခုတည်းသာရှိရမည်ဟူသော မူ၀ါဒဖြင့် ပသီအမျိုးသားကွန်ဂရက်သည်လည်း အခြား နိုင်ငံရေးပါတီများနှင့်အတူ ဖျက်သိမ်းခြင်း
ခံခဲ့ရပါသည်။
၁၀။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ပြည်ထဲရေးနှင့်သာသနာရေး၀န်ကြီးဌာန၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ၁၉၇၃ ခုနှစ်တွင်ကောက်ယူမည့် သန်းခေါင်စာရင်းအတွက် ၉-၁၂-၁၉၇၂ နေ့စွဲဖြင့် “ပုံစံရေးသွင်းရန်ညွှန်ကြားချက်”ဟူသော စာအုပ်ငယ်တစ်ခု ပြုစုထုတေ်၀ခဲ့ရာ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၄၄ မျိုးနှင့် နိုင်ငံခြားသားလူမျိုး
၂၇ မျိုးစာရင်း ဖော်ပြထားရာ တိုင်းရင်းသားလူမျိုးစာရင်းတွင် (၁)ရခိုင် စစ်တကောင်း (၂) မြန်မာ မူဆလင် (၃)ရခိုင် ကမန် (၄)မြေဒူး (၅)နိုင်ငံခြားသားစာရင်းတွင်မပါသော အခြားမြန်မာအိန်ဒိယန်များဟု ဖော်ပြထားပါသည်။ နိုင်ငံတော်ပိုင် သတင်းစာကြီးများကလည်း ၂၃-၂-၁၉၇၃ နေ့တွင် တိုင်းရင်းသားလူမျိုးစု ၁၄၃ မျိုးရှိကြောင်း ယင်းစာရင်းကို ကမ္ဘာသို့ တရား၀င် ကြေညာခဲ့ပြီးဖြစ်ပါသည်။
၁၂-၁၀-၁၉၇၅ နေ့က ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီးဌာန ၀န်ကြီး ဦးကိုကိုကလည်း တိုင်းရင်းသားမွတ်စလင်မ် များမှာအိမ်ထောင်စုတစ်စုတည်းမှ သွေးချင်းများဖြစ်ကြောင်း မြန်မာမွတ်စလင်မ်ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံရာ၌ ဆွေးနွေး
ရှင်းလင်းတင်ပြခဲ့ပါသည်။




ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ