အစ္စလာမ်သည် လက်တွေ့ကျ၍ မျှတသော ဘဝနေထိုင်နည်းတစ်ရပ် ဖြစ်ကြောင်း

အစ္စလာမ်ဟာ တည်ငြိမ်အေးချမ်းသောဘဝအတွက် လိုအပ်တဲ့အရာတွေဖြစ်တဲ့ သစ္စာတရားနဲ့ အပြုအမူ နှစ်ခုလုံးရဲ့ မျှတတဲ့ အခြေအနေတွေ ကို ပေးစွမ်းပါတယ်။ အခြေအနေ အနေအထားအမျိုးမျိုး အတွက် လမ်းညွှန်မှုကိုလည်း ပေးစွမ်းပါတယ်။ အစ္စလာမ်ဟာ လူသားတို့ရဲ့ ဝိဉာဉ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ လူမှုရေးပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ လက်တွေ့ကျတဲ့ ခဝပ်ဆည်းကပ်မှုများနှင့် လက်တွေ့ ကျတဲ့ ဘာသာတရားဖြစ်ပါတယ်။

နေ့စဉ်ငါးကြိမ်ဝတ်ပြုမှု

ယနေ့ခေတ်ရဲ့ အလုပ်များသော လူနေမှုဘဝတွင် ဖန်ဆင်းရှင်နှင့် ပုံမှန် အဆက်အသွယ်ရှိနေ၍ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း၍ စိတ်ဝိဉာဉ်ကို ကြွယ်ဝစေပါတယ်။ ဖန်ဆင်းရှင်အား ဦးညွှတ်ခြင်း၊ ဦးချခြင်းဖြင့် မိမိကိုယ်ကို နှိမ့်ချ စေတတ်ပါတယ်။ အစုအဝေးဖြင့် ဝတ်ပြုခြင်းဖြင့် ယုံကြည်သက်ဝင်သူများ အကြား အတားအဆီး၊ မာနတရား၊ လူမျိုးရေး ခွဲခြားမှုများကို ပပျောက်စေပါတယ်။ ဖန်ဆင်းရှင်၏ ရှေ့မှောက်တွင် ပုံမှန် ရောက်ရှိခြင်းဖြင့် ပြစ်မှု ဒုစရိုက် ကျူးလွန်မှုများမှ ရှောင်ကြဉ်ရန် လွယ်ကူစေပါတယ်။ 


သတ်မှတ်ထားသောပေးကမ်းလှူဒါန်းခြင်း

တကိုယ်ကောင်းဆန်ခြင်းမှ သန့်စင်ပေးပါတယ်။ သူဆင်းရဲ တို့အပေါ်စာနာတတ်စေပြီး ဖန်ဆင်းရှင်ထံမှကောင်းချီးမင်္ဂလာများကို သတိတရ ကျေးဇူးတင်တတ် စေပါတယ်။ ဆင်းရဲမှု၊ ဆင်းရဲ ချမ်းသာကွာဟမှုတို့ကို လျှော့ကျစေပါတယ်။




ဥပုသ်လ(ရမသွာန်)တွင် ဥပုသ်စောင့်ထိန်းခြင်း

စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်စေပြီး မိမိစိတ်ကို စင်ကြယ်စေပါတယ်။ သိပ္ပံ ပညာအရ လည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေကြောင်း သက်သေပြထားပါတယ်။ မရှိ ဆင်းရဲသားတို့ကို ကိုယ်ချင်းစာနာတတ်စေပါတယ်။ ဖန်ဆင်းရှင်ကို နာခံကျိုးနွံတတ်စေရန် လေ့ကျင့်ပေးပါတယ်။




ဘုရားဖူးခရီး(ဟဂျ် ခေါ် ဖန်ဆင်းရှင်၏ အိမ်တော်ကိုသွားရောက်ဖူးမျှော်ခြင်း)


တူညီသော အဝတ်အစားကို ဝတ်ဆင်ကာ အတူစုဝေး၍ ဝတ်ပြုခြင်းနှင့်ကောင်းမှုများပြုခြင်းဖြင့် အရောင်စုံ၊ လူမျိုးပေါင်းစုံ၊ အခြေအနေပေါင်းစုံ ၊ နိုင်ငံသားပေါင်းစုံ တို့ကို ပေါင်းစည်းပေးပါတယ်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ