အစ္စလာမ်၏ ယုံကြည်ချက် (၆) ခု

    အစ္စလာမ်ဟာ သဘာဝကျပြီး ပြည့်စုံတဲ့ ဘဝနေထိုင်နည်း ဖြစ်ပါတယ်။ အစ္စလာမ်က လူတို့အား ဖန်ဆင်းရှင်နှင့် မိမိတို့အကြားဆက်ဆံရေးကို အလေးပေးရန် တိုက်တွန်းပါတယ်။ လူတို့ကို ဘုရားသခင် ဖန်ဆင်းရှင်နှင့် နီးကပ်စွာ ရှိခြင်း၊ ဖန်ဆင်းရှင်၏ လမ်းညွှန်မှုကို လိုက်နာခြင်း၊ ကောင်းမှုကုသိုလ်များ ပြုမူခြင်း ဖြင့် ထာဝရ ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှုကို ရရှိနိုင်မှာဖြစ်ကြောင်း သင်ပြပါတယ်။ စစ်မှန်သော ဖန်ဆင်းရှင်တစ်ဦးတည်းကိုသာ ယုံကြည်ခဝပ် ကိုးကွယ်ခြင်းဟာ အစ္စလာမ်ရဲ့ ဘဝရည်ရွယ်ချက်နှင့် အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

“အစ္စလာမ်”ဆိုတဲ့ အရဗီစကားလုံးဟာ စစ်မှန်သော ဖန်ဆင်းရှင် တစ်ပါးတည်းကိုသာ “နာခံကျိုးနွံခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ မည်သူမဆို မိမိ၏စိတ်ဆန္ဒအလျှောက် မိမိ၏စိတ်ကို တစ်ပါးတည်းသော စစ်မှန် သော ဖန်ဆင်းရှင်ထံ နာခံကျိုးနွံရန် အပ်နှံလိုက်ပါက ထိုသူကို မွတ်စလင်မ် လို့ခေါ်ပါတယ်။
“အခြားဘာသာတရားများနှင့် မတူသောအစ္စလာမ်ရဲ့ ထူးခြားချက်ကတော့ အစ္စလာမ်ဆိုတဲ့ နာမည်ဟာ ပုဂ္ဂိုလ်တစ်ဦး၊ သို့မဟုတ် မျိုးနွယ်စုတစ်ခုကို အစွဲပြု၍ ပေးထားခြင်းမဟုတ်ပါ။”


(၁) အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်း အလ္လာဟ်ဟူသည်မှာ တစ်ပါးတည်းသော စစ်မှန်သည့် ဖန်ဆင်းရှင်၏ ပြိုင်စံကင်းသော အရဗီ နာမတော် ဖြစ်ပါတယ်။ အလ္လာဟ်ထံတော်တွင် ယှဉ်ပြိုင်ဖက်၊ တွဲဖက်၊ ဂုဏ်ရည်တူသူ၊ မိဘ၊ သို့မဟုတ် သားသမီး ဟူ၍ မရှိပါ။ အလ္လာဟ်အရှင်သည် သူ၏အဖန်ဆင်းခံများနှင့်မတူပါ၊ ထိုအရှင်၏ မြင့်မြတ်သော ဂုဏ်ရည်တော်နှင့် ပြီးပြည်စုံသောတန်ခိုးတော်များသည် အခြားမည်သူ တစ်ဦးတစ်ယောက်နှင့်မျှဝေခြင်းမရှိ၊ ထိုအရှင်တစ်ပါး တည်းတွင်သာ ရှိတော်မူပါတယ်။ ထိုအရှင်မြတ်၏ ဂုဏ်တော်၊ နာမတော်အချို့မှာ -အရာခပ်သိမ်းကို ဖန်ဆင်း တော်မူသောအရှင်၊ အလွန်တရာသနားကြင်နာတော်မူသောအရှင်၊ အလွန်တရာ ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်၊ တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ တရားမျှတမှုအတိနှင့်ပြည့်ဝတော်မူသော အရှင်၊ အရာခပ်သိမ်း၏ ကောင်းကျိုးဆိုးကျိုးကို သိတော်မူသောအရှင်၊ ဖန်ဆင်းခံတို့အား စားနပ်ရိက္ခာနှင့် အားအင်ပေးတော်မူသောအရှင်၊ အလုံးစုံကိုအကြွင်းမဲ့သိတော်မူသောအရှင် စသည်တို့ ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ဟာ အရာခပ်သိမ်းကိုဖန်ဆင်းသော၊ ဖန်ဆင်းခံတို့၏လိုအပ်ချက်များကို ထောက်ပံ့ တော်မူသောအရှင်ဖြစ်ပါတယ်။ အရှင် မြတ်ဟာ ကျွန်ုပ်တို့ကို အမြင်အာရုံ၊ အကြားအာရုံ၊ တွေးခေါ်နိုင်စွမ်း၊ လမ်းလျှောက်နိုင်စွမ်း၊စကားပြောဆိုနိုင်စွမ်း၊ အလုပ်လုပ်ကိုင်နိုင်စွမ်း စသည့် မရေမတွက် နိုင်သော ကောင်းချီး မင်္ဂလာများ ကို ချီးမြင့်ထားပါတယ်။ ဤသည်တို့ကို ကျွန်ုပ်တို့ သိမြင်နားလည်ပြီး အရှင်မြတ်အား ကျေးဇူးတင်၍ အရှင်မြတ် တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ကာ အရှင်မြတ်၏လမ်းညွှန်ချက်များကို လိုက်နာရပါမယ်။ ဤမျှဆန်းကြယ်ပြီး မျှတစွာရှိနေသော စကြဝဠာဟာ ဉာဏ်ပညာ၊ စွမ်းပကားနှင့်ပြည့်စုံသော ဖန်ဆင်းရှင်မရှိပဲ ပေါ်ပေါက်လာရန်မဖြစ်နိုင်သည်မှာ ကျိုးကြောင်းဆီလျှော်မှုရှိပါတယ်။ ဒါကြောင့် စကြဝဠာဟာ သူ့ဟာသူ ဖန်ဆင်းလိုက်တယ်၊ သို့မဟုတ် သာမန်တိုက်ဆိုင်မှုတစ်ခုကြောင့် ဖြစ်လာတယ်လို့ ယုံကြည်ခြင်းဟာ ယုတ္တိမရှိပါဘူး။


(၂) ကောင်းကင်တမန်များအား ယုံကြည်ခြင်း
ဖန်ဆင်းရှင်ဟာ ကောင်းကင်တမန်တော်တွေကို အလင်းဖြင့်ဖန်ဆင်းထားပါတယ်။ သူတို့ကို တာဝန် ကိုယ်စီ ခွဲဝေချမှတ်ထာပြီး သူတို့ဟာ ဖန်ဆင်းရှင်ရဲ့အမိန့်ကို ဘယ်တော့မှ မဖီဆန်ပါဘူး။ အချို့သော‌ကောင်းကင်တမန်များရဲ့ တာဝန်များကိုတော့ဖော်ပြထားပါတယ်။ ဥပမာ- ကောင်းကင်တမန် ဂျီဗရာအီလ်ဟာ တမန်တော်များထံသို့ အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်များကို ပို့ဆောင်ပါတယ်။ သေမင်းတမန်ဟာ လူတွေရဲ့အသက်ကို နှုတ်ယူပါတယ်။


(၃) ကျမ်းစာတော်များအား ယုံကြည်ခြင်း အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သောဗျာဒိတ်တော်များကို ကရုဏာတော်နှင့် လမ်းပြရန်အတွက် တမန်တော်များမှ တစ်ဆင့် လူသားတို့ထံသို့ ပို့ချပေးခဲ့ပါတယ်။ သောဝ်ရာ ကျမ်းနှင့် အင်ဂျီလ်ကျမ်းတို့ကို တမန်တော် မူစာနှင့် အီဆာ(ခရစ်တော်) တို့ထံ ချပေးတော်မူခဲ့ပြီး ကုရ်အာန်ကျမ်းမြတ်ကို တမန်တော်မိုဟာမဒ် (ဆွ) ထံသို့ချပေးတော်မူခဲ့ပါတယ်။ (သူတို့အားလုံးထံ ငြိမ်းချမ်းခြင်း အဖြာဖြာ ကျရောက်ပါစေ) ကုရ်အာန်ကျမ်းတော်ဟာ ဖန်ဆင်းရှင်၏ဩဝါဒတော်ဖြစ်ပြီး လူသားတို့ထံနောက်ဆုံး ချပေးတော် မူခြင်းခံရသော ဗျာဒိတ်တော်ဖြစ်ပါတယ်။ ဤကျမ်းစာတော်ဟာ ဖန်ဆင်းရှင်ထံမှ ဖြစ်ကြောင်း ရှင်းလင်းသော လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များစွာရှိပါတယ်။ အချို့မှာ - အရာရာတတ်စွမ်းနိုင်သောဖန်ဆင်းရှင်အားယုံကြည်သည့် လူသားတို့၏မွေးရာပါဗီဇကို နိုးထစေသော၊ ရိုးရှင်းသော၊ စစ်မှန်သော၊ တလောကလုံးနှင့်သက်ဆိုင်သော သတင်းစကားများပါဝင်ခြင်း။ - စာမဖတ်တတ်သူ တမန်တော်မြတ် မိုဟာမဒ် (ဆွ) ထံသို့ ချပေးခဲ့သည့်တိုင် ပြိုင်စံကင်းသော ဘာသာစကား၊ ရေးဟန်တို့ကြောင့် အရဗီ ဘာသားစကား၏ ကြွယ်ဝမှု၊ လှပမှု၏ အထွပ်အထိပ် ဖြစ်ကြောင်း တစ်လောကလုံးက လက်ခံထားခြင်း။ - နှစ်ပေါင်း ၁၄၀၀ ကျော်အရင်က ကျရောက်ခဲ့သော်လည်း ထိုအချိန်ကလူတို့မသိရှိသေးသော၊ မကြာသေးမှီကမှ သိပ္ပံနည်းဖြင်ံရှာဖွေတွေ့ရှိထားသော သိပ္ပံဆိုင်ရာအချက်အလက်များ ပါဝင်ခြင်း။ - အခြားစာပေများကဲ့သို့ ပျောက်ပျက်သွားခြင်း၊ပြောင်းလဲသွားခြင်းမရှိပဲ မူရင်း အရဗီ ဘာသာစကားဖြင့် ကျရောက်ခဲ့သည့်အချိန်ကအတိုင်း ယနေ့တိုင် စာလုံးတစ်လုံးစီတိုင်း ထိန်းသိမ်းထားခြင်း။ “အမှား သို့မဟုတ်၊ ဝိရောဓိ ကင်းရှင်းခြင်းမှာလည်း ကုရ်အာန်ကျမ်းမြတ်၏ အံ့ဖွယ်တစ်ရပ်ပဲ ဖြစ်ပါတယ်။” ကုရ်အာန်၏ ပြိုင်စံကင်း၍ အံဖွယ် ဝိသေသနများကြောင့် ဤကျမ်းမြတ်ဟာ ဖန်ဆင်းရှင် ထံမှသာ ဖြစ်ရမည်ဟူသော ရှင်းလင်းချက်ဟာ ယုတ္တိအတန်ဆုံးဖြစ်ပါတယ်။ ဤကျမ်းတော်လာ အရှင်မြတ်၏ လမ်းညွှန်ချက်များနှင့် တမန်တော်မြတ် မိုဟာမဒ် (ဆွ) ၏ စစ်မှန်သော ဩဝါဒတော်များနှင့် ဘဝလမ်းစဉ် အပြုအမူတို့ဟာ အစ္စလာမ့် အသိပညာရဲ့ အခြေခံ ရင်းမြစ် ဖြစ်ပါတယ်။

(၄) တမန်တော်များအား ယုံကြည်ခြင်း

ဖန်ဆင်းရှင်ဟာ အနည်းဆုံး တိုင်းပြည်တစ်ပြည်ကို တစ်ယောက်အနေဖြင့် အရှင်မြတ်၏ ဗျာဒိတ်တော် များကိုလူသားတို့ထံ ပို့ဆောင်ပေးရန် ထောင်ချီသော တမန်တော်များကို စေလွှတ်တော်မူခဲ့တယ်လို့ မွတ်စလင်မ် တွေက ယုံကြည်ကြပါတယ်။ ထိုတမန်တော်များတွင် တမန်တော်အာဒမ်၊ တမန်တော်နူးဟ်၊ တမန်တော် အီဗရာဟီမ်၊ တမန်တော် ဒါဝူးဒ်၊ တမန်တော် မူဆာ၊ တမန်တော် အီဆာ (ယေရှုခရစ်တော်)နှင့် တမန်တော်မုဟမ္မဒ်တို့ပါဝင်ပါတယ်။ (သူတို့အားလုံးထံသို့ ငြိမ်းချမ်းမှု အဖြာဖြာ ကျရောက်ပါစေ) ။ သူတို့ရဲ့ တာဝန်များမှာ လူသားတို့ကို စစ်မှန်သော ဖန်ဆင်းရှင်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ဖို့ ဖိတ်ခေါ်ရန်၊ ဖန်ဆင်းရှင်အားနာခံရန် နည်းလမ်းများကို လက်တွေ့ကျသော ဥပမာများဖြင့် လူတို့အားပြသရန်၊ လူသားတို့အား အပြစ်များမှ ကယ်တင်မည့် လမ်းမှန်ပြသရန် တို့ဖြစ်ပါတယ်။ တမန်တော်များထံမှာ အရှင်မြတ်၏ မြင့်မြတ်သောဂုဏ်ရည် တော်များ မရှိပါ၊ ၎င်းပြင် တမန်တော်များအား ကိုးကွယ်ကိုခြင်းဖြစ်စေ၊ တမန်တော်များမှတစ်ဆင့် ဖန်ဆင်းရှင်အား ခဝပ်ဆည်းကပ်ခြင်းကိုဖြစ်စေ၊ အရှင်မြတ်တစ်ပါးတည်း ကိုသာ ခဝပ်ဆည်းကပ်ရမည်ဟူသော စည်းမျဉ်းကို ချိုးဖောက်ရာ ရောက်သောကြောင့် တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။

- တမန်တော်အီဆာ (ယေရှု ခရစ်တော်)
တမန်တော် အီဆာဟာ လေးစားဖွယ်ကောင်းသော ဖန်ဆင်းရှင်၏ စေတမန်တော် တစ်ပါးဖြစ်၍ သူ၏ အပျိုစင်မိခင် မရ်ယမ် (မယ်တော်မေရီ)ထံမှ အံ့ဖွယ်မွေးဖွားလာခြင်း ဖြစ်တယ်လို့ မုစ္စလင်မ်တွေက ယုံကြည် ကြပါတယ်။ သူဟာ အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့် နာမကျန်းသူအား ပြန်လည်ကောင်းမွန်လာစေခြင်း၊ မျက်မမြင် အား အမြင်အာရုံပြန်ရစေခြင်း၊ မွေးကင်းစအရွယ်တွင် သူ၏မိခင်အား စွပ်စွဲမှုများမှ ကာကွယ်ရန် စကားပြောဆို နိုင်ခြင်း စသည့် အံ့ဖွယ် ကိစ္စရပ်များကို စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မွတ်စလင်မ်တို့ဟာ တမန်တော် အီဆာကို ချစ်ခင် လေးစားကြသော်လည်း သူအားမကိုးကွယ်ကြပါ။ တမန်တော်အီဆာ(ခရစ်တော်)ဟာ ဖန်ဆင်းရှင် ဘုရားသခင် ၏ သားတော် မဟုတ်ပါ၊ သုံးပါးတစ်ဆူ၏ တစ်စိတ်တစ်ပိုင်းလည်း မဟုတ်ပါ၊ အရှင်မြတ်၏ ပြီးပြည့်စုံသော ဂုဏ်ရည်တော်များလည်း မရှိပါ။
ဖန်ဆင်းရှင်က မိန့်ကြားထားပါတယ် - “သားသမီးထားခြင်းသည် အလ္လာဟ်ဂုဏ်တော်နှင့် မအပ်စပ်ပေ။ အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်တော်မူသည်။ အရှင်မြတ်က ကိစ္စတစ်ခုကို ရည်ရွယ်ပြီဆိုလျှင် ထိုအရာကို ဖြစ်စေဟု မိန့်လိုက်ရုံဖြင့် ယင်းအရာသည် ဖြစ်သွားပေသည်။” (ကုရ်အာန် ၁၉:၃၅)

- တမန်တော် မိုဟာမဒ် (ဆွ)
တမန်တော်မိုဟာမဒ် (ဆွ) ဟာ လူသားမျိုးနွယ်ထံသို့နောက်ဆုံးစေလွှတ်တော်မူခြင်းခံရတဲ့ တမန်တော် ဖြစ်ပါတယ်။ သူဟာ ကုရ်အာန်းကျမ်းမြတ်ကို ဆောင်ယူလာခဲ့ပြီး လူသားတို့ကို ကုရ်အာန်၏အဆုံးအမများကို မည်သို့ လိုက်နာကျင့်ဆောင်ရမည်ကို ပြသခဲ့ပါတယ်။ သူဟာ ရိုးသားမှု၊ တရားမျှတမှု၊ ကရုဏာထားမှု၊ ကိုယ်ချင်းစာနာမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ ရဲရင့်မှုတို့၏ ပြီးပြည့်စုံသော လူသားတစ်ဦး၏ စံနမူနာတစ်ရပ် ဖြစ်ခဲ့ပါတယ်။ မွတ်စလင်မ်တို့ဟာ တမန်တော်အီဆာကဲ့သို့ပင် တမန်တော် မိုဟာမဒ် (ဆွ) ကိုလည်း မကိုးကွယ်ကြပါဘူး။

(၅) ကမ္ဘာ့တရားခွင်နေ့အား ယုံကြည်ခြင်း

ကျွန်ုပ်တို့အားလုံးဟာ အဆုံးအဖြတ်ပေးမည့် ကမ္ဘာ့တရားခွင်နေ့ကို မလွှဲမသွေ ကြုံရမှာဖြစ်ပြီး ကျွန်ုပ်တို့ ပြုခဲ့သမျှသော ကောင်းမှု၊ မကောင်းမှုတို့နှင့် ပတ်သတ်၍ ဖန်ဆင်းရှင်ရှေ့တော်မှောက်တွင် တစ်ဦးချင်းစီ စစ်ဆေး မေးမြန်းခြင်း ခံရမှာဖြစ်ပါတယ်။ မိမိတို့ပြုခဲ့သမျှသော မည်မျှသေးငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အပြုအမူ တိုင်းအတွက် တာဝန်ခံ ဖြေရှင်းရမှာဖြစ်ပါတယ်။

ထိုအရေးကြီးသောနေ့တွင် အလွန်တရာ တရားမျှတတော်မူသော ဖန်ဆင်းရှင်ဟာ ကိစ္စရပ်တိုင်းကို မျှတစွာ ဆုံးဖြတ်မည်ဖြစ်ပြီး မည်သည့်တစ်စုံတစ်ရာမှားယွင်းမှုမျှရှိမည်မဟုတ်ပါ။ လူတိုင်းဟာ မိမိ၏ အခွင့် အရေး ကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ ကောင်းမှုကုသိုလ်များ၏ ဆုလာဘ်အဖြစ် သုခဘုံ၊ မကောင်းမှုများ၏ ပြစ်ဒဏ်အဖြစ်ငရဲဘုံအား သတ်မှတ်ထားပြီး အရာခပ်သိမ်းကို မျှမျှတတ စီရင်မှာဖြစ်ပါတယ်။

"ဤကမ္ဘာမြေမှာ စစ်မှန်သော တရားမျှတမှုကို လူတိုင်းမရရှိနိုင်တာကြောင့် ကမ္ဘာ့တရားခွင်နေ့မရှိလျှင် ဘဝဟာ လွန်စွာမတရားဘူး ဖြစ်ပါလိမ့်မယ်။"

(၆) ဖန်ဆင်းရှင် သတ်မှတ်ထားသော ကံကြမ္မာကို ယုံကြည်ခြင်း

အလ္လာဟ်အရှင်မြတ်ဟာ အတိတ်ကဖြစ်ပျက်ခဲ့သောအရာများအားလုံး၊ ပစ္စုပ္ပန်၌ ဖြစ်ပျက်နေသာ အရာ အားလုံး၊ အနာဂတ်တွင်ဖြစ်ပျက်မည့်အရာအားလုံးကို သိရှိတော်မူပါတယ်။ အရှင်မြတ်ဟာ ထိုအရာအားလုံး အပေါ်မှာ အာဏာလွှမ်းမိုးမှုရှိပါတယ်။ အရှင်မြတ် သိတော်မမူပဲ၊ အရှင်မြတ်၏ ခွင့်ပြုချက်မပါဘဲ ဘယ်အရာ တစ်ခုမှမဖြစ်နိုင်ပါ။

လူတိုင်းကို အမှန်နှင့်အမှားဆုံးကြားရွေးချယ်နိုင်ရန် လွတ်လပ်စွာရွေးချယ်နိုင်သည့် စိတ်ဆန္ဒကို ထည့်ပေးထားပါတယ်။ မိမိရွေးချယ်သည့်လမ်းကို မိမိတာဝန်ခံရမှာ ဖြစ်ပါတယ်။

လွတ်လပ်စွာ ရွေးချယ်နိုင်သော စိတ်ဆန္ဒရှိခြင်းဟာ ဖန်ဆင်းရှင် သိရှိတော်မမူပဲ၊ ဖန်ဆင်းရှင်၏ ခွင့်ပြုချက်မပါပဲ မည်သည့်အရာမှ မဖြစ်နိုင်ဟူသော အချက်နှင့် မဆန့်ကျင်ပါ။ ဖန်ဆင်းရှင်၏ အာဏာသည် လူသားတို့၏ သဘောဆန္ဒကို တားဆီးပိတ်ပင်ချုပ်ချယ်သည့် သဘောလည်း မသက်ရောက်ပါ။ ဖန်ဆင်းရှင်က လူသားတို့၏ဆုံး ဖြတ်ချက်များကို သိရှိနိုင်ခြင်းကလည်း လူသားတို့ကို ထိုကဲ့သို့ဆုံးဖြတ်ရန် အတင်းအကျပ် ပြုထားခြင်းမဟုတ်ပါ။ ဖန်ဆင်းရှင်ဟာ သူဖြစ်ခွင့်ပေးထားသော အမှုကိစ္စတိုင်းနှင့်ပတ်သတ်၍ ကျေနပ်နှစ်သက် ရန်လည်း မလိုအပ်ပါ။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ