ဖန်ဆင်းရှင် တည်ရှိကြောင်းနှင့် ပတ်သက်၍ စစ်မှန်ရှင်းလင်းသော အကြောင်းအရင်းများကို ဖော်ပြခြင်း

 ဖန်ဆင်းရှင် တည်ရှိကြောင်းနှင့် ပတ်သက်၍ စစ်မှန်ရှင်းလင်းသော အကြောင်းအရင်းများကို ဖော်ပြခြင်း

() စကြ၀ဠာကြီး စတင်ဖြစ်ပေါ်လာခြင်း

() စကြ၀ဠာကြီး၏ အစီအစဥ်ကျမှု

() ဗျာဒိတ်တော် - ကုရ်အာန်

အကြောင်းရင်း ၁။ စကြ၀ဠာကြီး စတင်ဖြစ်ပေါ်လာခြင်း

ဖန်ဆင်းရှင်ရှိကြောင်း ယုံကြည်ရခြင်း၏ ပထမအကြောင်းအရင်းမှာ စကြ၀ဠာ၏ မူလအစနှင့် ဆက်နွယ်နေပါ သည်။

Ø  စကြ၀ဠာဟာ ဘာမှမရှိတာကနေ ဖြစ်လာတာလား?

ဘာမှမရှိတာကနေဘာမှမဖြစ်လာနိုင်ပါဘူး။ဒါကြောင့်ဒီအချက်ဟာမဖြစ်နိုင်မှန်းသိသာပါတယ်။

Ø  စကြ၀ဠာဟာသူ့ကိုယ်သူဖန်ဆင်းတာလား?

ဒါဟာယုတ္တိမရှိပါဘူး။ မိခင်ဟာ သူ့ကိုယ်သူပြန်လည်မွေးဖွား တယ်လို့ပြောသလိုဖြစ်နေပါတယ်။

Ø  ဒါဆိုရင်စကြ၀ဠာကယခင်ကတည်းကအမြဲတမ်းတည်ရှိနေခဲ့တာလား?

မဟုတ်ပါ။ ယနေ့ခေတ်သိပ္ပံပညာက စကြ၀ဠာဟာ အမြဲတည်ရှိခဲ့တာမဟုတ်ပဲ   တချိန်ချိန်မှာ စတင် ဖြစ်ပေါ်လာခဲ့တာ ဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။

Ø  ဒါဆိုရင် စကြ၀ဠာကိုဖန်ဆင်းထားခြင်းလား?

ဟုတ်ပါတယ်။ စကြာ၀ဠာကြီးထက် သာလွန်ကြီးကျယ်သော ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့တယ်လို့ မွတ်စလင်မ်တွေက ယုံကြည်ကြပါတယ်။

မေး။ ဘုရားသခင်ကိုကျ ဘယ်သူကဖန်ဆင်းခဲ့တာလဲ

ဖြေ။ ဘုရားသခင်သည်ဖန်ဆင်းခြင်းခံရသူမဟုတ်ပါ။ စကြ၀ဠာနှင့်တကွ ကျန်သော အရာခပ်သိမ်းနှင့်မတူပါ။ ဘုရားသခင်သည် အမြဲထာ၀ရ တည်ရှိနေခဲ့ခြင်းဖြစ်ပြီး အစဟူ၍မရှိခဲ့ပါ။

အ‌ကြောင်းရင်း ၂။ စကြ၀ဠာကြီး၏ အစီအစဥ်ကျမှု

ဖန်ဆင်းရှင်ကို ယုံကြည်ရခြင်းရဲ့နောက်ထပ်ရိုးရှင်းတဲ့အ‌ကြောင်းရင်းတစ်ခုကတော့ အောက်ပါ အချက်အလက်များကို အသုံးပြု၍ စကြ၀ဠာ၏အစီအစဥ်ကျမှုကို တွေးတောဆင်ခြင်ခြင်း ဖြစ်ပါတယ်။

အစဥ်လိုက်တိကျစွာ ရှိနေတဲ့အရာတိုင်းဟာ ဉာဏ်ပညာရှိမှုကို ဖော်ပြပါတယ်။

နေအဖွဲ့အစည်းကို ကြည့်မယ်ဆိုရင် အစိတ်အပိုင်းများစွာ ပါ၀င်သော စနစ်များ၊ နိယာမများ၊ ပုံသဏ္ဍာန်များဖြင့် အသေးစိတ် အစီအစဥ်တကျ ရှိတာကိုတွေ့ရပါတယ်။

စကြ၀ဠာအတွင်းမှာရှိတဲ့ အစီအစဥ်ကျမှုဟာ ဖန်ဆင်းရှင်ရဲ့ ဉာဏ်ပညာကို ဖော်ညွှန်းနေပါတယ်။

စကြ၀ဠာအတွင်းမှာပါ၀င်တဲ့များစွာ‌‌သော အရာ‌တွေဟာ သက်ရှိများရဲ့ဘ၀ကို အထောက်အကူ ဖြစ်စေရန် သေချာဒီဇိုင်း လုပ်ထားတာကို‌ တွေ့ရပါတယ်။ အဲ့ဒီ အတိုင်းအတာ‌‌တွေဟာ အနည်းငယ်မျှ လွဲ‌ချော်ခဲ့မယ်ဆိုရင် ဤ‌လောကမှာ သက်ရှိ‌တွေ ရှင်သန်ဖို့ မဖြစ်နိုင်‌တော့ပါဘူး။

ဥပမာများ - အိုဇုန်းလွှာ၊ ကမ္ဘာ့အ‌ပေါ်ယံလွှာ၏ ထုထည်၊ ‌လေထဲရှိအောက်စီဂျင်၊ နေနှင့်ကမ္ဘာ၏ အကွာအ‌‌ဝေး၊ ကမ္ဘာ၊ လ နှင့်နေတို့၏ အရွယ်အစား။

ကြီးမားရှုပ်ထွေးသော စကြ၀ဠာကြီးဟာ ကြီးကြပ်သူမရှိပဲ အလိုအလျောက်ဖြစ်နိုင်ပါ့မလား? အစ္စလာမ်က သိပ္ပံပညာရဲ့ သုတေသန အတွေးအခေါ်များကို အားပေးတယ်ဆိုတာကိုလည်း မှတ်သားထားသင့်ပါတယ်။ သိပ္ပံပညာဟာ ကျွန်ုပ်တို့ကို ဖန်ဆင်းရှင် ဖန်ဆင်းထားသောပုံစံများကို သိမြင်စေရန် ကူညီ၍ ဖန်ဆင်းရှင်၏ တန်ခိုးတော်နှင့် ဉာဏ်ပညာကို တန်ဖိုးထားတတ်လာစေပါတယ်။

အကြောင်းရင်း ၃။ ဗျာဒိတ်တော် - ကုရ်အာန်

ကုရ်အာန်ဟာ ဖန်ဆင်းရှင်တည်ရှိမှုနှင့်ပတ်သက်ပြီး ခိုင်မာတဲ့ အကြောင်းပြချက် တစ်ခုကို ပေးပါတယ်။

ကုရ်အာန်ရဲ့ ရေးဟန်၊ ပညာပေးမှု၊ လမ်းညွှန်မှု၊ စကားလုံးအနှစ်သာရ ကြွယ်၀မှု နှင့် ဖတ်ရှုသူအား ရည်ညွှန်းမှု တို့ဟာ ပြိုင်စံကင်းပါတယ်။

အမှား သို့မဟုတ် ၊ ဝိရောဓိ ကင်းရှင်းခြင်း

ဖန်ဆင်းရှင်နှင့်ပတ်သက်၍ စစ်မှန်၍ရှင်းလင်းသော ဖော်ပြချက်များ

အရဗီဘာသာစကား၏လှပမှု၏အထွပ်အထိပ်ဖြစ်ခြင်း

စာမဖတ်တတ်သူဖြစ်သော တမန်တော်မြတ်မုဟမ္မဒ် (ဆွ) ထံမှတဆင့်ပို့ချခံရခြင်း

လူတို့၏အပြုအမူများကိုနက်ရှိုင်းစွာ ထိုးထွင်းသိမြင်ခြင်း

သန်းနှင့်ချီသောသူများမှ အာဂုံဆောင်အလွတ်ကျက်မှတ်ထားခြင်း

ထိုအချိန်တွင် မသိရှိသေးသော သိပ္ပံပညာဆိုင်ရာ အချက်အလက်များပါရှိခြင်း

“စေ့စပ်သေချာစွာ ယုံကြည်လိုသော သူတို့အတွက် မြေကမ္ဘာ၌ (တစ်ဆူတည်းသော အရှင်မြတ်၏ နိယာမတော်များနှင့် အချုပ်အခြာကို ထောက်ပြနေသော) သက်သေလက္ခဏာတော် များစွာရှိနေ၏။ ထို့ပြင် သင်တို့၏ စိတ်၀ိဉာဥ်များတွင်လည်း ရှိနေ၏။ သို့ပါလျှက်  အသင်တို့သည် အမှန်တရားကို မမြင်ကြလေ သလော?” (ကုရ်အာန် - ၅၁ : ၂၀ -၂၁)


ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ