အစ္စလာမ်တွင် ခဝပ်ဆည်းကပ်ခြင်း၏ အယူအဆ


 အစ္စလာမ်တွင် ခဝပ်ဆည်းကပ်ခြင်း၏ အယူအဆ 

“အလ္လာဟ် ကျေနပ်နှစ်သက်တော်မူသည့် အပြုအမူ မှန်သမျှ ပါဝင်ပါတယ်။”

ခဝပ်ဆည်းကပ်ခြင်းနှင့် ပတ်သက်ပြီး အစ္စလာမ်၏ အယူအဆဟာ ငါးကြိမ်ဝတ်ပြုမှု သာဟူ၍ ကန့်သတ် ထားခြင်း မရှိပါ။ အရှင်မြတ်ကျေနပ်နှစ်သက်တဲ့ မည်သည့်အပြူအမူကိုမဆို ခဝပ်ဆည်းကပ်ခြင်း လို့ခေါ်ပါတယ်။ စိတ်စေတနာဖြူစင်စွာနှင့် ဖန်ဆင်းရှင်ချမှတ်ထားသော စည်းကမ်းဘောင်အတွင်း မှ ပြုမူဆောင်ရွက်ပါက နေ့စဉ်လုပ်ငန်းဆောင်တာများပင် ခဝပ်ဆည်းကပ်မှု ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် ပြုံးခြင်း၊ အိမ်နီးချင်းများကို ကောင်းစွာဆက်ဆံခြင်း၊ မိမိ၏ မိသားစုကို ထောက်ပံ့ခြင်း၊ ရိုးသားခြင်း နှင့် လမ်းပေါ်မှ အမှုက်များကို ဖယ်ရှားပေးခြင်းတို့ပင် ပါဝင်ပါတယ်။ အလ္လာဟ် အရှင်မြတ်ဟာ ကျွန်ုပ်တို့၏ ခဝပ်ကိုးကွယ်မှုကို မလိုအပ်ပါဘူး၊ ကျွန်ုပ်တို့ကသာ ကျွန်ုပ်တို့၏ အကျိုးအတွက် အရှင်မြတ်အားခဝပ် ဆည်းကပ်ရခြင်းဖြစ်ကြောင်း သိမှတ်ထားသင့်ပါတယ်။ 

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ