တမန်တော် မုဟမ္မဒ် (သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ) ဆိုတာ ဘယ်သူလဲ? (အပိုင်း - ၁)


 ·      မုဟမ္မဒ် (သူ့အပေါ်ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ) ဆိုတာဘယ်သူလဲ?

တမန်တော်မုဟမ္မဒ် (သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ) ဟာ လူသားတို့အား ဖန်ဆင်းရှင် (အရဗီဘာသာဖြင့်-အလ္လာဟ်) တစ်ပါးတည်းကိုသာ ကိုးကွယ်ဆည်းကပ်၍ ထိုအရှင်မြတ်၏ အမိန့်တော်များကို နာခံကြဖို့ ဖိတ်ခေါ်ရန် စေလွှတ်တော်မူခြင်းခံရသော တမန်တော်မြောက်များစွာထဲမှ နောက်ဆုံးတမန်တော်ဖြစ် တယ်လို့ မုစ္စလင်မ်တွေက ယုံကြည်ကြပါတယ်။ ထိုတမန်တော်များတွင် တမန်တော်အာဒမ်၊ တမန်တော်နူးဟ်၊ တမန်တော်အီဗရာဟီမ်၊ တမန်တော်အိစ်မာအီလ်၊ တမန်တော် အိစ်ဟာက်၊ တမန်တော်ယအ်ကူးဘ်၊ တမန်တော် ယူစွဖ်၊ တမန်တော်မူဆာ၊ တမန်တော်ဒါဝူးဒ်၊ တမန်တော်စုလိုင်မာန်နှင့် တမန်တော်အီဆာ(ခရစ်တော်) (သူတို့ အားလုံးအပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ) တို့လည်းပါဝင်ကြပါတယ်။

သင်တို့အနက် အလ္လာဟ်နှင့် နောင်တမလွန်ကို မျှော်လင့်၍ အလ္လာဟ်ကို များစွာ သတိရတသသောသူ အတွက် အလ္လာဟ်တမန်တော်တွင် ကောင်းသော စံနမူနာရှိပေသည်။” ( ၃၃ : ၂၁ )

တမန်တော်မူဆာ (သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ) ကို သောင်ဝ်ရဟ်ကျမ်း ( မောရှေထံကျ ရောက်ခဲ့သော မပြောင်းလဲသေးသော မူရင်းဗျာဒိတ် တော် )နှင့်အတူ၊ တမန်တော်အီဆာ (သူ့အပေါ် ငြိမ်းချမ်း ခြင်း သက်ရောက်ပါစေ) ကို အင်ဂျီလ်ကျမ်း (ဂိုစပဲလ်_ ယနေ့ခေတ်ဗားရှင်းများမဟုတ်သော မူရင်းဗျာဒိတ်တော်) နှင့်အတူ စေလွှတ်တော်မူခဲ့သလို၊ တမန်တော်မုဟမ္မဒ် (သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ) ကို ကုရ်အာန် ကျမ်းမြတ်နှင့်အတူ ထိုကျမ်းမြတ်၏ အဆုံးအမများကို လူတို့ လက်တွေ့အသုံးချတတ်စေဖို့ သင်ကြားပြသရန် စေလွှတ်တော်မူခဲ့ခြင်းဖြစ်တယ်လို့ မုစ္စလင်မ်တွေက ယုံကြည်ကြပါတယ်။

တစ်ခါက တစ်စုံတစ်ဦးက တမန်တော်မြတ် (သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ) ၏ ကြင်ယာတော် အာအေရှာသခင်မအား တမန်တော်မြတ် (သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ) သည် အဘယ်သို့သောသူ ဖြစ်ပါသနည်း ဟုမေးမြန်းခဲ့ရာ သခင်မက ကိုယ်တော်၏ စာရိတ္တသည် ကုရ်အာန်ကျမ်းမြတ်ကို ထင်ဟပ် နေတော်မူသည်ဟုဖြေကြားခဲ့ပါတယ်။(မုစ္စလင်မ်ကျမ်း-၄၀), ကိုယ်တော်ဟာ ကုရ်အာန်ကျမ်းတော်၏ မြင့်မြတ်သော သင်ကြားမှုတွေကို သူ့ရဲ့နေ့စဉ်ဘဝမှာ စေ့စပ်သေချာစွာ အကောင်အထည်ဖော်ခဲ့တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်တော်ဟာ ထိုမြင့်မြတ်သော အဆုံးအမများကို မွန်မြတ်သော ကိုယ်ကျင့် စာရိတ္တများအဖြစ် မည်သို့ သရုပ်ဖော်ခဲ့ကြောင်း ဖော်ပြပါမယ်။


v  ကရုဏာတော်၏လုပ်ငန်းစဉ်

            တမန်တော်မြတ် (သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ) သည် လူသားတို့အား ဝတ်ပြုရန်၊ ဥပုသ်သီလစောင့်ထိန်းရန်နှင့် အလှူဒါနပြုကြရန် ဖိတ်ခေါ်ခြင်းအပြင် ဖန်ဆင်းရှင်ကို ယုံကြည်ခြင်းသည် အခြားသူများအပေါ် မိမိ၏ ပြုမူပြောဆိုဆက်ဆံပုံကိုလည်း အကျိုးသက်ရောက်မှုရှိကြောင်း သင်ကြားပေး တော်မူခဲ့ပါတယ်။ အသင်တို့ထဲမှ အကောင်းဆုံးသော သူများသည်  အကျင့်စာရိတ္တကောင်းမွန်သူများ ဖြစ်ကြသည် ဟု မိန့်ကြားတော်မူခဲ့ပါတယ်။

            ငါအရှင်သည် အသင်(မုဟမ္မဒ်)ကို ကမ္ဘာသူကမ္ဘာသားတို့အဖို့ ကရုဏာတော်အဖြစ်နှင့်သာ စေလွှတ် တော်မူခဲ့ပေသည်။” ( ကုရ်အာန် ၂၁ : ၁၀၇ )

          တမန်တော်မြတ်၏ အဆိုအမိန်များစွာတို့တွင် ယုံကြည်ခြင်းနှင့် အပြုအမူအကြား ဆက်နွယ်မှုကို အလေးပေးမိန့်ဆိုထားကြောင်း တွေ့ရပါတယ်။ ဥပမာ မည်သူမဆို အလ္လာဟ် အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို ယုံကြည်ပါက မိမိအိမ်နီးချင်းကို မနာကျင်စေသင့်ပါ၊ မည်သူမဆို အလ္လာဟ် အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို ယုံကြည်ပါက မိမိအိမ်သို့ရောက်လာသော ဧည့်သည်ကို ရက်ရောစွာ  ဧည့်ခံသင့်သည်၊ မည်သူမဆို အလ္လာဟ် အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို ယုံကြည်ပါက ကောင်းသောစကားကိုသာပြော၍ သို့မဟုတ်ပါက ဆိတ်ဆိတ် နေသင့်သည်။

နောက်ဆုံးတမန်တော် (သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ)က လူသားတို့ကို အချင်းချင်း ကရုဏာ ထားရန်၊ အပြန်အလှန်လေးစားကြရန် သင်ပြပေးခဲ့ပါတယ်။ အခြားသူများအပေါ် ကရုဏာမထားသူသည်၊ ကရုဏာသက်ခြင်းခံရမည်မဟုတ်

နောက်ထပ်ဆင့်ပြနချက်တစ်ရပ်တွင် အချို့သူများက တမန်တော်မြတ်(သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက် ပါစေ)အား မယုံကြည်ကြသူများကို ဖန်ဆင်းရှင်ထံပြစ်ဒဏ်ခတ်ရန် ပန်ကြားဖို့ တောင်းဆိုခဲ့ကြရာ တမန်တော်က ကျွန်ုပ်သည် ကျိန်ဆဲရန်စေလွှတ်ခံရသည်မဟုတ်၊ ကရုဏာထားရန် စေလွှတ်ခံရခြင်းဖြစ်သည် ဟု ဖြေကြားခဲ့ ပါတယ်။

 ခွင့်လွှတ်တတ်ခြင်း

            တမန်တော်မြတ်သည် လူသားအားလုံးတို့တွင် အခွင့်လွှတ်တတ်ဆုံးနှင့် အကြင်နာတတ်ဆုံးဖြစ်ပါတယ်။ သူ့အားမတရားပြုသူကိုလည်း ခွင့်လွှတ်တော်မူပါတယ်။ သူ့အပေါ် ရက်စက်လေလေ၊ ပို၍သည်းခံတော်မူလေ ဖြစ်ပါတယ်။ သူဟာ အလွန်အင်မတန်သက်ညှာတတ်သူ၊ အထူးသဖြင့် အသာစီးရ၍ လက်တုံ့ပြန်နိုင်ခဲံသော အခြေအနေများတွင်လည်း ခွင့်လွှတ်ပေးတတ်သူဖြစ်ပါတယ်။အသင်တို့ ခွင့်လွှတ်လိုက်ကြကုန်။ လျစ်လျူရှု လိုက်ကြကုန်။ အလ္လာဟ်အသင်တို့ကို ခွင့်လွှတ်ချမ်းသာပေးမှာကို အသင်တို့ မလိုလားကြသလော။ အလ္လာဟ်သည် အလွန် ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန် သနားကြင်နာတော်မူသော အရှင်ဖြစ်သည်။   ( ကုရ်အာန် ၂၄ : ၂၂ )

            တမန်တော်မုဟမ္မဒ် (သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက် ပါစေ)သည် အရာရာကိုခွင့်လွှတ်တော်မူခဲ့ပြီး သူ့အတွက် မည်သည့် ရာဇဝတ်မှု၊ မည်သည့်စော်ကားမှုကမျှ ခွင့်မလွှတ်နိုင်အောင် မကြီးမားခဲ့ပါဘူး။ ကုရ်အာန် ကျမ်းမြတ်တွင် ဖော်ပြထားသကဲ့သို့ သူဟာ ခွင့်လွှတ်မှုနှင့် သနားကြင်နာမှုတို့၏ အကောင်းဆုံးဥပမာ ဖြစ်ခဲ့ပါတယ်။ “(အို-မုဟမ္မဒ်)သင်သည်ခွင့်လွှတ်ခြင်းတရားကို လက်ကိုင်ပြုပါ။ ကောင်းရာကိုညွှန်ကြားပါ။ အသိဉာဏ်မဲ့သူတို့ကို လျစ်လျူရှုထားပါ။” ( ကုရ်အာန် ၇ : ၁၉၉ )

v  တန်းတူညီမျှစွာ ဆက်ဆံခြင်း

            အောက်တွင်ဖော်ပြထားသော တမန်တော်မြတ်(သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက် ပါစေ)၏ အဆိုအမိန့်များတွင် လူသားအားလုံးဟာ ဖန်ဆင်းရှင် ရှေ့မှာ တန်းတူညီတူဖြစ်ကြောင်း သင်ပြထားပါတယ်။

လူသားအားလုံးဟာ တမန်တော်အာဒမ်မှ ဆင်းသက်လာပြီး တမန်တော်အာဒမ်ဟာ ရွှံ့စေးဖြင့် ဖန်ဆင်းခံခဲ့ ရသည်။ ဘာသာတရားကိုင်းရှိုင်းမှုမှလွဲ၍ အာရပ်တို့သည်လည်း အာရပ်မဟုတ်သူတို့ထက် ပို၍ မမြင့်မြတ်ပါ၊ လူဖြူတို့သည်လည်း လူမဲတို့ထက် မမြင့်မြတ်ပါ။

ဖန်ဆင်းရှင်သည် အသင်တို့၏ ရုပ်ရည်၊ ဥစ္စာကြွယ်ဝမှုတို့ကိုကြည့်၍ ဆုံးဖြတ်တော်မူမည်မဟုတ်၊ အသင်တို့၏ နှလုံးသားများ နှင့် အသင်တို့၏ အပြုအမူများကို ကြည့်၍ ဆုံးဖြတ်တော်မူမည်။

ဧကန်စင်စစ် အလ္လာဟ်ထံတွင် အသင်တို့အနက် ဂုဏ်သိက္ခာအရှိဆုံးသောသူမှာ အလ္လာဟ်ကို အကြောက်ဆုံးသူပင်ဖြစ်လေသည်။” (ကုရ်အာန် ၄၉:၁၃)

            တစ်ခါကတမန်တော်မြတ်(သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက် ပါစေ)၏ အဆွေတော်တစ်ပါးသည် အခြားအဆွေတော်တစ်ပါးအားလူမည်းမ၏သားဟု ခေါ်လိုက်ရာ တမန်တော်မြတ်သည် (သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက် ပါစေ)ဒေါသအမျက်ထွက်တော်မူ၍ အသင်သည် သူ့မိခင် လူမည်းဖြစ်သောကြောင့် သူ့ကိုရှုံ့ချပါသလော? အသင့်ထံတွင် အစ္စလာမ်မတိုင်မီ အမှောင်ခေတ်မှ အသိဉာဏ်မဲ့မှုများ ကျန်ရှိနေသေးသည် ဟု မိန့်ကြားလိုက်လေသည်။ 

v  သည်းခံနိုင်စွမ်း

ကောင်းမှုနှင့်မကောင်းမှုတို့သည် တူညီသည် မဟုတ်။ အသင်သည် ပိုကောင်းသောအရာဖြင့် တုံ့ပြန်ပါလေ။ ထိုအခါ အသင်နှင့် ရန်ငြှိုးရှိသူတို့၏ကြားတွင် မိတ်ဆွေရင်းချာကဲ့သို့ ဖြစ်သွားသည်ကို အသင်တွေ့ရပေမည်။”(ကုရ်အာန် ၄၁:၃၄)

အသင့်အပေါ်မကောင်းပြုသူတို့ကို ပြန်၍ မကောင်းမပြုသင့်ပါ၊ သူတို့အပေါ် ခွင့်လွှတ်ခြင်းနှင့် ကြင်နာခြင်းတို့ဖြင့် ဆက်ဆံသင့်သည် ဖန်ဆင်းရှင်၏ နောက်ဆုံးတမန်တော်(သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက် ပါစေ)ဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခံရမှုများနှင့် မတရားမှုခံရများကို ဤသို့ တုံ့ပြန်ခဲ့ပါတယ်။

            တမန်တော်မြတ်(သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ)ဟာ သူ့အပေါ်မတရားပြုသူများကို လက်စားချေရန်အခွင့်အရေးရပါသော်လည်း ၊ ထိုသို့မပြုပဲ ထိန်းချုပ်တော်မူခဲ့ကြောင်း အစ္စလာမ့်သမိုင်း ရင်းမြစ်များတွင် ဥပမာများစွာ ပါဝင်ပါတယ်။

            သူဟာ လူတို့ကို အခက်အခဲနှင့် ရင်ဆိုင်ရချိန်တွင် စိတ်ရှည်သည်းခံကြဖို့ သင်ကြားပေးခဲ့ပါတယ်။ သန်မာသောသူဟူသည် လူတို့အား မိမိအားအင်ဖြင့်အလဲထိုးအောင်နိုင်သူမဟုတ်၊ မိမိ၏ဒေါသကို ထိန်းချုပ် နိုင်သောသူသာလျှင် သန်မာသောသူဖြစ်သည်။

            စိတ်ရှည် သည်းခံခြင်းတရား လက်ကိုင်ထားရမည် ဆိုသည်မှာ မုစ္စလင်မ်တို့သည် အမြဲငုံ့ခံ၍ မိမိအားတိုက်ခိုက်ခံရလျှင်လည်း ခုခံခြင်းမပြုရဟု မဆိုလိုပါ။ တမန်တော်မုဟမ္မဒ်(သူ့အပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ)က ဤသို့ မိန့်ကြားတော်မူခဲ့ပါတယ်။ ရန်သူနှင့်တွေ့ဖို့ဆန္ဒ မထားနှင့်၊ သို့သော် ရန်သူနှင့်ရင်ဆိုင်ရလျှင် စိတ်ရှည်ပါ၊ (ဆိုလိုသည်မှာ- ရန်သူနှင့်ရင်ဆိုင်ချိန်တွင် ခိုင်မာစွာရပ်တည်ပါ။)”

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ