အစ္စလာမ်ကို ဓါးမိုးပြီး ဖြန့်ချိခဲ့တာလား?

မေးခွန်း - ဓားမိုးပြီး သာသနာ ဖြန့်ခဲ့တဲ့အတွက် အစ္စလာမ်ကို ငြိမ်းချမ်းရေးဘာသာတရားလို့ ဘယ်လိုလုပ် ခေါ်ဆိုနိုင်မှာလဲ?

မွတ်စလင်မ်မဟုတ်သူ တချို့ကြားမှာ ဘဝင်မကျစွာနဲ့ ပြောဆိုဝေဖန်လာကြတဲ့ သူတချို့ကအဓမ္မနည်းကို အသုံးပြုပြီး အစ္စလာမ်ကို မဖြန့်ချီခဲ့ပါဘူးဆိုရင် ဘယ်လိုလုပ်ပြီး ဒီဘာသာကို ယုံကြည်သူ သန်းပေါင်းများစွာ ရှိရတာလဲဆိုတဲ့ စောဒက တင်လာကြပါတယ်။ ဓါးမိုးပြီး သာသနာပြုတာ မဟုတ်တဲ့ အကြောင်းကို အောက်ပါ အချက်အလက်တွေက ရှင်းလင်းသွားစေမှာပါ။ အစ္စလာမ် အလျင်အမြန် ကြီးထွားပြန့်ပွားလာရတာကတော့ သစ္စာတရား ဆင်ခြင်တုံတရားကျပြီး ကျိုးကြောင်းခိုင်လုံမှုနဲ့ ယုတ္တိဗေဒဆိုတဲ့ ရှိရင်းစွဲ အင်အားကြောင့်သာ လက်ခံယုံကြည်သူ များလာတာ ဖြစ်ပါတယ်။

 

() အစ္စလာမ်သည် ငြိမ်းချမ်းရေး ဆိုလိုသည်

          အစ္စလာမ်က ဆလာမ်ဆိုတဲ့ ရင်းမြစ်ဝေါဟာရက လာပါတယ်။ ငြိမ်းချမ်းရေးလို့ အဓိပ္ပာယ်ရတယ်။ မိမိရဲ့ အလိုကို အလ္လာဟ့်ထဲမှာ လုံးဝ ယုံပုံအပ်နှင်း ကျိုးနွံခြင်းလို့လည်း ဆိုပါတယ်။ ဒါကြောင့် အစ္စလာမ်က ငြိမ်းချမ်းရေး ဘာသာတရားဖြစ်တယ်။ ဒီအတွက် အချုပ်အချာဖြစ်တဲ့ ဖန်ဆင်းရှင် အလ္လာဟ်ရဲ့ အလိုတော် အတိုင်း မိမိရဲ့အလိုကို ကျိုးနွံပုံအပ်ခြင်း သွားဖို့ လိုပါတယ်။

 

() တစ်ခါတရံတွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် အင်အား သုံးရပါသည်

ဒီကမ္ဘာမှာ လူတိုင်း လူတိုင်းက ငြိမ်းချမ်းရေးနဲ့ စိတ်သဘောထား ညီညွတ်မှုကို တည်စေလိုကြတာ မဟုတ်ပါဘူး။ မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားသက်သက်ကို ကြည့်ပြီး ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီး ပြုနေတဲ့ လူတွေ အများကြီးပါပဲ။ တစ်ခါတရံမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် အင်အားကို သုံးကြရပါတယ်။ ဒီအကြောင်းခံနဲ့ ကွက်တိဖြစ်အောင်လို့ နိုင်ငံတွင်းမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် ရာဇဝတ်ကောင် များနဲ့ လူမှုပတ်ဝန်းကျင်ကို ဖျက်လိုဖျက်ဆီး ပြုနေကြမှုကို ဆန့်ကျင်နှိမ်နှင်း နိုင်ဖို့အတွက် ဆိုပြီး ရဲတွေကို ဖွဲ့စည်းထားကြရတာပါ။ အစ္စလာမ်က ငြိမ်းချမ်းရေးကို အားပေးတယ်။ တိုးမြှင့်ပေးပါတယ်။ တချိန်တည်းမှာပဲ အစ္စလာမ်က ယင်းရဲ့ အယူဝင်တွေကို ဖိနှိပ်ညှင်းပမ်း မတရားပြုမှုတွေ ကြီးစိုးလာနေရင်တော့ တိုက်ပွဲဝင် တွန်းလှန်သွားဖို့လည်းပဲ နှိုးဆော်တိုက်တွန်းထားပါတယ်။ အဲ့ဒီလို အခါမျိုးကျတော့ မတရားဖိနှိပ် ညှင်းပမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့က အင်အားသုံးဖို့ လိုအပ်လာတတ်ပါတယ်။ ဒါကလည်း ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို တိုးမြှင့်သွားစေဖို့အတွက်ကိုသာ သုံးစွဲသွားရတာမျိုးပါ။

 

() သမိုင်းပညာရှင် ဒီ လာစီ အို လီယာရီ၏ အမြင်

          အစ္စလာမ်က ဓါးမိုးပြီး သာသနာပြုခဲ့တာပဲရယ်လို့ အထင်အမြင် လွဲမှားနေမှုနဲ့ ပတ်သက်ပြီး ထင်ရှား ကျော်ကြားတဲ့ သမိုင်းပညာရှင်ကြီး ဒီလာစီ အို လီယာရီ ရေးသားတဲ့ (Islam at the Cross Road) (လမ်းခွဆုံမှ အစ္စလာမ်ဘာသာ) စာအုပ် စာမျက်နှာ - မှာ ရေးသားထားချက်က အကောင်းဆုံး ဖြေကြားချက်ပါပဲ။

          “သမိုင်းအရ အရှင်းကြီး ရှင်းနေတာကတော့ အယူသီးမွတ်စလင်မ်တွေက ဓါးမိုးပြီး အဓမ္မနည်းနဲ့ ကမ္ဘာတလွှားက လူတွေကို အောင်နိုင်ခဲ့တယ်ဆိုပြီး ဆိုနေ ပြောနေခြင်းဟာ သမိုင်း ဆရာများဘက်က ထပ်ပြန် တလဲလဲ အလွန်အကျူးဖြစ်ကို ဖြစ်နိုင်ချေ မရှိဆုံးသော ဒဏ္ဍာရီ ယုံတမ်းစကားကြီးကို ဆိုနေတာပါပဲ ဖြစ်ပါသတဲ့ခင်ဗျား။

 

() မွတ်စလင်မ်တို့သည် စပိန်နိုင်ငံကို နှစ်ပေါင်း ၈၀၀ တိုင် အုပ်စိုးခဲ့သည်။

          မွတ်စလင်မ်တွေစာ စပိန်နိုင်ငံကို နှစ်ပေါင်း ၈၀၀ တိုင် အုပ်စိုးသွားခဲ့တယ်။ စပိန်က မွတ်စလင်မ်တွေ ဟာ တိုင်းသူပြည်သားတွေ အစ္စလာမ်ကို ကူးပြောင်းလက်ခံလာရေးအတွက် ဘယ်တုန်းကမှ ဓါးမိုးပြီး အတင်း အဓမ္မ မပြုခဲ့ကြပါဘူး။ နောက်ပိုင်းမှာ ခရူးဆိတ်ဝါဒီ ခရစ်ယာန် ဘာသာဝင်တွေ စပိန်ကို ဝင်ရောက်လာရော မွတ်စလင်မ်တွေကို မောင်းနှင်ထုတ်ပစ်တော့တာပါပဲ။ ဝတ်ပြုရန် ဆင့်ခေါ်တဲ့ အာဇာန် ကြွေးကြော်သံကို တောင် ပွင့်ပွင့်လင်းလင်းပေးမယ့် မွတ်စလင်မ်ဆိုလို့ တစ်ဉီးတစ်ယောက်တောင်မှ မရှိ ဖြစ်ခဲ့ရပါတယ်။

 

() ၁၄ သန်းသော အာရဗ်များသည် ကော့ပတစ် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်။

          မွတ်စလင်မ်များဟာ အာရေဗျအရှင်သခင်များ ဖြစ်ခဲ့ကြတာဟာ နှစ်ပေါင်း ၁၄၀၀ ရှိခဲ့လေပြီ။ အာရေဗျ ကို နှစ်အနည်းငယ် ဗြိတိသျှတို့က ကြီးစိုးခဲ့ပြီး ပြင်သစ်တို့ကလည်း နှစ်အနည်းငယ် အုပ်စိုးခဲ့ကြတယ်။ ခြုံပြီး ပြောရရင် မွတ်စလင်မ်တွေ အာရေဗျကို အုပ်ချုပ်ခဲ့တာက နှစ်ပေါင်း ၁၄၀၀ ရှိခဲ့ပါပြီ။ ဒီနေ့ထိ မျိုးရိုးစဉ်ဆက် ခရစ်ယာန်ဖြစ်နေသေးတဲ့ ကော့ပတစ် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြတတဲ့ အာရဗ်လူမျိုးက ဒီဒေသမှာ ၁၄ သန်း ရှိနေပါတယ်။ တကယ်လို့ မွတ်စလင်မ်တွေကသာ ဓါးမိုးပြီး သာသနာပြုခဲ့မယ်ဆိုရင် ခရစ်ယာန် ဘာသာဝင် ဆိုတဲ့ အာရဗ်လူမျိုး တစ်ယောက်ကိုတောင်မှ တွေ့ရမှာ မဟုတ်ပါဘူး။

 

() အိန္ဒိယတွင် မွတ်စလင်မ်မဟုတ်သူ ဉီးရေက သန်း ၈၀ ကျော် ရှိသည်

          မွတ်စလင်မ်တွေက အိန္ဒိယနိုင်ငံကြီးကို နှစ်ပေါင်း တစ်ထောင်ခန့် အုပ်ချုပ်ခဲ့တယ်။ သူတို့သာ ဆန္ဒရှိခဲ့ရင် အိန္ဒိယမှာရှိတဲ့ မွတ်စလင်မ်မဟုတ်တဲ့သူတွေကို တစ်ဉီးမျကန် အစ္စလာမ်ဘာသာကို ကူးပြောင်း လက်ခံ ကြရမယ်ဆိုပြီး အင်အားသုံးကာ ဆောင်ရွက်နိုင်ပါတယ်။ ဒီနေ့ဆို အိန္ဒိယမှာ လူပေါင်း သန်း ၈၀ ကျော် ဟာ မွတ်စလင်မ်မဟုတ်တဲ့ သူတွေပဲ။ အဲဒီ မွတ်စလင်မ် မဟုတ်တဲ့ အိန္ဒိယနိုင်ငံသား အားလုံးက အစ္စလာမ်ဟာ ဓါးမိုး သာသနာပြုခဲ့တာ မဟုတ်ကြောင်းကို သက်သေခံနေကြပါတယ်။

 

() အင်ဒိုနီးရှားနှင့် မလေးရှား

          အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ မွတ်စလင်မ်လူဉီးရေ အများဆုံး နိုင်ငံကြီးတစ်ခုပဲ။ မလေးရှားနိုင်ငံမှာ ဆိုရင်လည်း လူအများစုကြီးက မွတ်စလင်မ်များ ဖြစ်ကြပါတယ်။ ဘယ်မွတ်စလင်မ်စစ်တပ်ကြီးကများ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ကို ရောက်ခဲ့သတုံးဗျလို့ တစ်ဉီးဉီးအနေနဲ့ မေးတောင် မေးနိုင်မှာလား။ လုံးဝ ရောက်မှ မရောက်ခဲ့ဘဲ။

 

() အာဖရိက အရှေ့ကမ်းရိုးတမ်းဒေသ

          အလားတူပဲ အစ္စလာမ်ဟာ အာဖရိက အရှေ့ကမ်းရိုးတမ်းဒေသမှာပဲ အလျင်အမြန် ပြန့်ပွားသွားခဲ့ ရတာပါ။ ကဲဒီမှာလည်းပဲ တစ်ဉီးဉီးအနေနဲ့အာဖရိက အရှေ့ကမ်းရိုးတမ်းဒေသကို ဘယ်မွတ်စလင်မ် စစ်တပ်ကြီးကများ သွားရောက်ခဲ့ပါသလဲလို့ ထပ်ပြီး မေးမယ်ဆို မေးလို့ ရပါသေးတယ်။ ရောက်မှ မရောက်ခဲ့ဘဲ။

 

() သောမတ်() ကာလိုင်း()

          ထင်ရှားကျော်ကြားတဲ့ သမိုင်းပညာရှင်ကြီး သောမတ်()ကာလိုင်း() က သူရေးတဲ့ Heroes and Hero Worship (သူရဲကောင်းများနဲ့ သူရဲကောင်း ကိုးကွယ်မှု) ဆိုတဲ့ စာအုပ်ထဲမှာဓါး ဟုတ်လား၊ ဒီဓါးကို ဘယ်ကရတာလဲ၊ အမြင်သစ် အယူအဆအသစ်ကို တင်ပြတိုင်း တင်ပြတိုင်း အစပိုင်းမှာဆို လက်ခံသူက လူနည်းစုမှ လူနည်းစုပဲ။ လူတစ်ဉီးရဲ့ ခေါင်းကနေပဲ တွက်ခဲ့ရတာပါ။ ဒါက ထုံးစံပဲ။ ကမ္ဘာတစ်ခုလုံးမှာမှ တစ်ဉီးတည်းပဲ ယုံကြည်ခဲ့ရင်လည်း ဒီတစ်ခုတည်းကို တစ်ကမ္ဘာလုံးက လူတွေက ဝိုင်းပြီး ဆန့်ကျင်ကြမှာပဲ။ ဒီတော့ သူက ဓါးဆွဲပြီး ဒါကို ဖြန့်ချီဖို့ ကြိုးစားခဲ့ရင်လည်း သူ့အတွက်က မဆိုစလောက်လေးသာသ လုပ်နိုင်မှာ ပါ။ သင့်အနေနဲ့ ဓါးကတော့ ထားထားရမှာပဲ။ ခြုံပြီးကြည့်ရင် အချင်းအရာတစ်ရပ်က သူ့သဘော သူဆောင် ပြီးမှသာ ပြန့်ပွားသွားရတာမျိုးပါတဲ့။ ဒါကတော့ အစ္စလာမ်ကို ဓါးမိုးပြီး ဖြန့်ချိခဲ့တယ်ဆိုတဲ့ ဒီအထင်မှား အမြင်မှားအချက်နဲ့ ပတ်သက်လို့ သူ့ဖက်က ရည်ညွှန်းပြီး ရေးသားသွားခဲ့ပါတယ်။

(၁၀) ဘာသာတရားတွင် အဓမ္မမှု မရှိစေရ

          ဒါဆို အစ္စလာမ်က ဘာဓါးနဲ့ ပြန့်ပွားသွားခဲ့ရတာလဲ၊ မွတ်စလင်မ်တွေမှာ ဓါးရှိနေရင်တောင်မှ အစ္စလာမ် ပြန့်ပွားသွားအောင် ဖြန့်ချိရေးမှာ ဒါကို သုံးလို့ မရပါဘူး။ ကုရ်အာန်က အခုလို ဆိုထားလို့ပါပဲ။

          “ဘာသာရေးတွက် အဓမ္မမှု မရှိစေရ။ သစ္စာအမှန်တရားသည် မိစ္စာအယူမှ လုံးလုံး ရှင်းရှင်း လင်းလင်း ကြီး ကွဲကွဲပြားပြားကြီး ရှိနေချေသည်။” (ကုရ်အာန် - ၂း၂၅၆)

 

(၁၁) အသိဉာဏ်ရဲ့ ဓါး

          ဒီဓါးကတော့ အသိဉာဏ်ဆိုတဲ့ ဓါးပါပဲ။ လူတွေရဲ့ နှလုံးသားတွေနဲ့ စိတ်တို့ကို အောင်နိုင်တာက အသိဉာဏ်ပဲလေ။

          ကျမ်းတော်မြတ် ကုရ်အာန် စူရာဟ် နဟလ် (စူရာဟ် ၁၆၊ ပါဒ ၁၂၅) မှာ ဆိုထားတာက..

          “အသင်တို့၏ အရှင်သခင်ရဲ့ လမ်းစဉ်ကို အသိအလိမ္မာ ဉာဏ်ပညာနှင့် စုံမက်ဖွယ်ရာ ဟောပြော ပို့ချချက် နှင့် (အားလုံးကို ဖိတ်ခေါ်ကြကုန်။ သူတို့တတွေနှင့် အကောင်းဆုံးနှင့် အယဉ်ကျေးဆုံး အဖွယ်ရာဆုံး နည်းလမ်းများဖြင့် အခြေအတင် ဆွေးနွေးပြောဆိုကြကုန်။ပါတဲ့ ခင်ဗျား။ (ကုရ်အာန် - ၁၆း၁၂၅)

 

(၁၂) ကမ္ဘာ့ဘာသာတရားများတွင် ၁၉၃၄ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ နှစ်ငါးဆယ် ကာလအတွင်းမှာ ယုံကြည်သူ ဉီးရေ တိုးပွားလာမှု

          ရီဒါးဒိုင်ဂျက်() မဂ္ဂဇင်းကြီးရဲ့ ၁၉၈၆ ခုနှစ်ရဲ့ လက်စွဲစာအုပ်ထဲက ဆောင်းပါးတစ်ခုမှ ၁၉၃၄ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ ရာစုနှစ်ဝက်အတွက်းမှာ ကမ္ဘာ့အဓိက ဘာသာတရားကြီးများရဲ့ လူဉီးရေ တိုးတက်မှု စာရင်း ဇယားကို တွက်ချက်ပြထားပါတယ်။ ဒီဆောင်းပါးကို ပလိန်း ထရုသ် (The Plain Truth) ဆိုတဲ့ မဂ္ဂဇင်းမှာလည်း ထပ်ထည့်ထားပါတယ်။ တိုးနှုန်း အမြင့်ဆုံးက အစ္စလာမ်ပဲ။ ၂၃၅ ရာခိုင်နှုန်းထိ တိုးပါတယ်။ ခရစ်ယာန် ဘာသာတရားက ၄၇ ရာခိုင်နှုန်းပဲ တိုးပါတယ်။ ကဲကျွန်တော်မေးပြီ။ ဒီရာစုနှစ်ကြီးမှာ ဘယ်စစ်ပွဲကြီးတွေကို တိုက်ခဲ့လို့ လူတွေ သန်းပေါင်းများစွာကို ဘာသာပြောင်းသွားစေခဲ့ရတာလဲ။

 

(၁၃) အမေရိကနှင့် ဉရောပတို့တွင် ကြီးထွားနှုန်း အမြန်ဆုံးသော ဘာသာတရားမှာ အစ္စလာမ်ဖြစ်သည်။

          ဒီကနေဆို အမေရိကမှာ ကြီးထွားနှုန်း အမြန်ဆုံးသော ဘာသာတရားကြီး ဖြစ်နေသလို ဉရောပ မှာ ကြီးထွားနှုန်း အမြန်ဆုံးသော ဘာသာတရားကလည်း အစ္စလာမ်ပါပဲ။ အနောက်တိုင်းက လူပေါင်းများစွာက အစ္စလာမ်ကို လက်ခံလာခဲ့ကြရတာဟာ ဘယ်ဓါးနဲ့ ဘယ်အင်အား သုံးခဲ့လို့ပါလဲ။

 

(၁၄) ဒေါက်တာ ဂျိုးဇက် အဒမ် ပီယာဆင်

          ဒေါက်တာ ဂျိုးဇက် အဒမ် ပီယာဆင် အမှန်အကန်ပြောပြသွားခဲ့တာကအာရဗ်တွေရဲ့ လက်ထဲမှာသာ တစ်နေ့ နျူးကလီးယားဗုံးတွေ ရောက်သွားခဲ့ရင်ဆိုပြီး အစိုးရိမ် ကြီးနေတဲ့သူတွေ ရှိတယ်။ ဒီလူတွေဟာ တမန်တော် မိုဟာမဒ် (ဆွ) ဖွားသန့်စင်တော်မူတဲ့ နေ့ကတည်းကအစ္စလာမ်ဆိုတဲ့ ဗုံးကြီး ကျဲချပြီးခဲ့ပြီဆိုတာကို မမြင်လိုက်ကြတဲ့ သူတွေပဲတဲ့။

 


ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ