မွတ်စလင်မ်များသည် ကအ်ဗာ ကို ရှိခိုးပူဇော်နေကြတာလား?

 အစ္စလာမ်က ရုပ်ပွားဆင်းတု ကိုးကွယ်မှုကို ဆန့်ကျင်တယ်ဆိုပြီး ဘာကြောင့် ကအ်ဗာဘက်ကို ဉီးချနေကြရတာလဲ?

မေး - မွတ်စလင်မ်များသည် ကအ်ဗာ ကို ရှိခိုးပူဇော်နေကြတာလား?

အဖြေ - ကအ်ဗာက ကိဗလာဖြစ်တယ်။ ဝတ်ပြုတဲ့အချိန်မှာ မွတ်စလင်မ်တွေ မျက်မှာမူရာ ဖြစ်ပါတယ်။ ဝတ်ပြုချိန်မှာ မွတ်စလင်မ်တွေစာ ကအ်ဗာဖက်ကို မျက်နှာမူသာ မူကြပေမယ့် သူတို့က ကအ်ဗာကို ဝတ်ပြု ကိုးကွယ်နေကြတာ မဟုတ်ကြောင်းကိုတော့ မှတ်သားထားဖို့ အရေးကြီးပါတယ်။ မွတ်စလင်မ်တွေဟာ အလ္လာဟ်ကလွဲပြီး ဘာကိုမှ မကိုးကွယ် မဆည်းကပ်ကြပါဘူး။

 စူရာဟ်ဗကရာဟ်မှာ ဖော်ပြထားတာကတော့…

 “ငါအရှင်သည် အသင်၏ မျက်နှာက ကောင်းကင်ဘုံများဖက်သို့ (လမ်းညွှန်အတွက်) လှည့်လည်ကြည့်နေသည်ကို မြင်နေတော်မူသည်။ ယခု ငါအရှင်က အသင်နှစ်မြို့မည့် ကိဗလာဟ် တစ်ခုဖက်သို့  လှည့်စေတော်မူမှာ ဖြစ်သည်။ သို့ဖြစ်ရာ အသင်၏ မျက်နှာကို မတ်စဂျီဒ် ဟရာမ် ဝတ်ကျောင်းတော်ဖက်သို့ လှည့်ပါလေ။ အသင်တို့ အဘယ်မှာပဲ ရှိနေ ရှိနေ အသင်တို့၏ မျက်နှာများ ကို ယင်းဘက်သိူ့သာ လှည့်ကြလော့။” (အလ် ကုရ်အာန် - ၂း၁၄၄)

၁။ အစ္စလာမ်သည် ညီညွတ်ရေး အားပေးမြှင့်တင်မှုကို ယုံကြည်သည်။

 ဉပမာပြရရင် မွတ်စလင်မ်တွေ ဆွလားသ် ဝတ်ပြုလိုကြတယ်ဆိုလျှင် တချို့က မြောက်အရပ် သို့ လှည့်ချင်ကြမယ်။ တချို့က တောင်ဖက်ကို လှည့်ချင်ကြမယ်။ တစ်ဆူတည်းသော အရှင်ကို ကိုးကွယ်ဆည်းကပ်မှုမှာ တစ်ညီတစ်ညွတ်တည်း ဖြစ်ရေးအတွက် သူတို့ ဘယ်အရပ်ဒေသ မှာပဲ ရှိရှိ တူညီသော တစ်ခုတည်းသော မျက်နှာမူရာ ကိဗလာဟ်ဖြစ်တဲ့ ကအ်ဗာ ဘက်သို့သာလျှင် မျက်နှာမူကြရမယ်ဆိုပြီး မိန့်ဆိုထားတယ်။ တကယ်လို့ တချို့သော မွတ်စလင်မ်များက ကအ်ဗာရဲ့ အနောက်ဖက်မှာ နေထိုင်နေကြရင် သူတို့က အရှေ့ဖက်ကို မျက်နှာမူကြရမယ်။ အလားတူပင် သူတို့က အရှေ့ဖက်မှာ နေနေကြလျှင်တော့ အနောက်ဖက်ကို မျက်နှာမူပြီး ဝတ်ပြုကြရမှာ ဖြစ်ပါတယ်။

၂။ ကအ်ဗာသည် ကမ္ဘာ့မြေပုံတွင် အလယ်ဗဟို၌ ရှိသည်။

 မွတ်စလင်မ်များဟာ ကမ္ဘာ့မြေပုံကို ပထမဆုံး ရေးဆွဲခဲ့ကြသူများ ဖြစ်တယ်။ သူတို့ရေးဆွဲတဲ့ မြေပုံမှာ တောင်အရပ်က အထက်ဖက်သို့ မျက်နှာမူနေပြီး မြောက်အရပ်ကတော့ အောက်ဖက်သို့ တူရှုပြုနေပါတယ်။ ကအ်ဗာက အလည်ဗဟိုမှာ ရှိနေပါတယ်။ အလ်ဟမ်ဒုလိလ္လာဟ်။

၃။ တစ်ပါးတည်းသော အလ္လာဟ်အရှင်ကို ရည်ညွှန်းလိုသည့်အတွက် ကအ်ဗာကို တွဝါးဖ် လှည့်ပတ်ရခြင်း ဖြစ်သည်။

 မွတ်စလင်မ်များဟာ မက္ကာဟ်ရွှေမြို့တော်မှာရှိတဲ့ မတ်စဂျိဒေ့ ဟရာမ်ကျောင်းတော်ကြီးသို့ သွားရောက်ကြချိန်မှာ သူတို့ဟာ ကအ်ဗာကို တွဝါးဖ် လှည့်ပတ်ကြရပါတယ်။ ဒီအပြုအမူက တစ်ဆူတည်းသော အလ္လာဟ်ရှင်ကို ယုံကြည်ဆည်းကပ်မှုရဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် စက်ဝိုင်းတိုင်းမှာ ဗဟိုချက်က တစ်ခုတည်းပဲ ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ တစ်ပါးတည်းသော အရှင်ဟာ အလ္လာဟ်ရှင်ပဲ ဖြစ်ပါတယ်။ 

၄။ ဟဇရတ် အုမရ်၏ အဆိုအမိန့်

 ဟဂျရေ့ အဆဝါဒ် ခေါ် ကျောက်နက်တော်နဲ့ ပတ်သက်ပြီး တမန်တော် မိုဟာမဒ် (ဆွ) ရဲ့ အဆွဟဗ်အဆွေတော်ကြီး တစ်ပါးဖြစ်တဲ့ ဟဇရတ်အုမရ်ရဲ့ အဆိုအမိန့်တစ်ခု ရှိခဲ့ပါတယ်။

 ဆွဟီဗုခါရီကျမ်း အတွဲ ၂၊ အခန်း ၅၆၊ ဟဂျ်ကဏ္ဍ၊ ဟဒီးဆ် အမှတ် ၆၇ မှာပါ။ ဟဇရတ် အုမရ်က “အချင်းကား ကောင်းကျိုးလည်း မပေးနိုင်သလို ဆိုးကျိုးလည်း မပေးနိုင်တဲ့ ကျောက်တုံးတစ်တုံးဆိုတာကို ကျွန်ုပ်သိထားတယ်၊ တမန်တော်မြတ် (ဆွ) က အချင်းကို ထိခဲ့ နမ်းရှုံ့ခဲ့တာကိုသာ ကျွန်ုပ် မမြင်ထားခဲ့ရင် ကျွန်ုပ်က အသင့်ကို ထိကိုင်မှာလည်း မဟုတ်သလို နမ်းရှုံ့မှာလည်း မဟုတ်ဘူး” လို့ မိန့်ဆိုခဲ့ပါတယ်။

၅။ လူတို့ ကအ်ဗာအပေါ် တက်ပြီး အဇာန် ပေးကြတယ်

 တမန်တော်မြတ် (ဆွ) ခေတ်တုန်းက လူတွေဟာ ကအ်ဗာပေါ်ကို တက်ပြီးတော့တောင် ဝတ်ပြုရန် ဖိတ်ခေါ်မူ အာဇာန်ပေးခဲ့ကြတယ်။ မွတ်စလင်မ်တွေဟာ ကအ်ဗာကို ကိုးကွယ်တယ်ဆိုပြီး စွပ်စွဲပြောဆိုတဲ့ သူကို မေးချင်တာကတော့ ဘယ်ရုပ်ပွားဆင်းတု ကိုးကွယ်တဲ့သူကများ သူကိုးကွယ်ရာ ရုပ်ပွားဆင်းတုပေါ်တက်ပြီး ရပ်တာကို မြင်ဖူးလို့လဲလေ။



ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ