ဘာသာတရားအားလုံးက လူတွေကို ကောင်းတာတွေကိုပဲ သင်ကြားထားပါလျက်နဲ့ ဘာကြောင့် အစ္စလာမ်ဘာသာကိုပဲ လိုက်နာကြလို့ ဆိုထားရတာလဲ?

ဘာသာတရားအားလုံးက လူတွေကို ကောင်းတာတွေကိုပဲ သင်ကြားထားပါလျက်နဲ့ ဘာကြောင့် အစ္စလာမ်ဘာသာကိုပဲ လိုက်နာကြလို့ ဆိုထားရတာလဲ?

အမေး - အားလုံးသော ဘာသာတရားတွေဟာ အခြေခံအရ ဆိုင်ရာ ဘာသာဝင်တွေကို ကောင်းရာကို လုပ်ကြဖို့ သွန်သင်ထားကြတာချည်းပါပဲ။ သူ့အနေနဲ့ ဘာသာတရားတွေထဲက ဘယ်တစ်ခုခုကိုပဲ ဖြစ်ဖြစ် လိုက်နာသွားလို့ရော မရနိုင်ဘူးလား။

အဖြေ

() အစ္စလာမ်နဲ့ တခြား ဘာသာတရားအများစုအကြား အဓိက ကွဲပြားခြားနားချက်။

          အားလုံးသော ဘာသာတရားတွေက အခြေခံအရ လူသားတွေကို ကောင်းရာကို ပြုကျင့်ပြီး မကောင်းရာကို ရှောင်ကြဉ်ကြဖို့ပဲ တိုက်တွန်းနှိုးဆော်ခဲ့ကြတာချည်းပါပဲ။ ကျွန်ုပ်တို့ တစ်ဉီးချင်းမှာ ရော လူ့အသိုင်းအဝိုင်းအတွင်းမှာပါ လက်တွေ့ကျကျ ကောင်းရာကို ပြုကျင့်သွားဖို့နဲ့ မကောင်းတာကို ရှောင်ကြည်ကြဖို့ကို လမ်းညွှန်ပေးနေကြပါတယ်။ အစ္စလာမ်က လူ့သဘာဝကိုရော လူ့အဖွဲ့အစည်း များရဲ့ ထွေထွေပြားပြား အဖြစ်ကိုပါ အသိအမှတ်ပြုထားပါတယ်။ အစ္စလာမ်က ဖန်ဆင်းရှင် ကိုယ်တော်တိုင်ဆီကလာတဲ့ လမ်းညွှန်ဖြစ်ပါတယ်။ ဒါကြောင့် အစ္စလာမ်ကို ဒီးနူလ်ဖီတရဟ် (လူသားရဲ့ သဘာဝ ဘာသာတရား) ရယ် လို့လည်း ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

 

() ဉဒါဟရုဏ်၊ အစ္စလာမ်က ခိုးဝှက်တိုက်လိုက်လုယက်မှုကို တားမြစ်ထားသလိုပဲ ခိုးဝှက်တိုက်ခိုက်မှုကို ပပျောက်စေမယ့် နည်းလမ်းကိုလည်းပဲ ညွှန်ကြားပြသထားပါတယ်။

(က) အစ္စလာမ်က ခိုးဝှက်လုယက်မှုကို ပပျောက်စေမယ့် နည်းလမ်းကို ပြဌာန်းပေးထားသည်။

          အားလုံးသော အဓိက ဘာသာတရားကြီးတွေမှာလည်း ခိုးဝှက်မှုကို မကောင်းမှုဆိုပြီးတော့ သွန်သင်ထားကြပါရဲ့။ ဒါဆို အစ္စလာမ်နဲ့ တခြား ဘာသာတရားတွေရဲ့ ကြားမှာ ဘာကွာခြားလဲ။ အစ္စလာမ်က ခိုးဝှက်မှုဆိုတာ မကောင်းဘူးလို့ သွန်သင်ထားသလို တဆက်တည်းမှာပဲ လူတွေ ခိုးဝှက်မှု ပြုကြမှာမဟုတ်တဲ့ လူမှုအဆောင်အအုံ တစ်ရပ်ကို လက်တွေ့ကျကျ ဖန်တီးနိုင်မယ့် နည်းလမ်းတစ်ရပ်ကိုပါ ပြသပေးထားတာကပဲ အဓိက ခြားနားချက်ကြီး ဖြစ်နေရတာပါ။

() အစ္စလာမ်က ဇကားသ်ကို ပြဌာန်းထားသည်။

          အစ္စလာမ်က ဇကားသ်ဆိုတဲ့ (နှစ်စဉ် အလှူပြုရန် တာဝန်) ကို ပြဌာန်းသတ်မှတ်ထားပါ တယ်။ အစ္စလာမ့်ဉပဒေသက လူတိုင်းဟာ နီဆဗ် အဆင့်ထက်ကျော်ပြီး ပိုစုဆောင်းမိပြီဆိုတာနဲ့ ဆိုလိုတာက ရွှေဆိုရင် ၈၅ ဂရမ်ထက် ပိုရှိခဲ့ရင် အဲဒီ စုဆောင်းမိတာရဲ့ . ရာခိုင်နှုန်းကို နှစ်စဉ် အလှူအဖြစ်နဲ့ ပေးကမ်းကြရပါမယ်။ ကမ္ဘာမှာရှိတဲ့ ချမ်းသာသူတိုင်းကသာ ရိုးသားမှုအတိနဲ့ ဇကားသ်ကို ပေးသွားကြမယ်ဆိုရင် ဒီကမ္ဘာကြီးကနေ ဆင်းရဲ မွဲတေမှုတွေကို အမြစ်ပြတ် သုတ်သင် ပစ်နိုင်ပါတယ်။ ဘယ်သူမှ ငတ်ပြီး သေရတယ်ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။

() ခိုးမှုအတွက် ပြစ်ဒဏ်က သူခိုးရဲ့လက်ကို ဖြတ်ပစ်တာဆိုရင်

          ခိုးမှုကျူးလွန်သူရဲ့ လက်ကို ဖြတ်ပစ်ရမယ်လို့ အစ္စလာမ်က သတ်မှတ်ထားပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန် စူရာဟ် မာအိဒဟ်မှာ အခုလို လာရှိထားပါတယ်။

          “ခိုးသူသည် ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် သူတို့၏ ပြစ်မှုအတွက် အလ္လာဟ့်ထံမှ စံပြ အပြစ်ပေးနည်း အဖြစ် ၎င်းတို့၏ လက်များကို ဖြတ်တောက်ပစ်ရမည်။ အလ္လာဟ်သည် အချုပ်အခြာ ဩဇာအာဿာတော်ရှင်တည်း။ ဉာဏ်တော်အနန္တရှင်တည်း။” (ကုရ်အာန် - ၅း၃၈)

          မွတ်စလင်မ် မဟုတ်သူတွေဘက်ကတော့ ဒီ ၂၀ ရာစုခေတ်ကြီးထဲမှာ လက်ကို ဖြတ်ပစ်စေတာဟာဖြင့် အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အရိုင်းအစိုင်း သာသနာ ဖြစ်နေလို့ပဲလို့ ဆိုကြမှာပါပဲ။

 

() အစ္စလာမ့် ဉပဒေကို တကယ်အကောင်အထည် ဖော်ခဲ့ချိန်တွင် ရရှိခဲ့သည့် အကျိုးရလဒ်များ

          ကမ္ဘာမှာ အမေရိကန် နိုင်ငံဟာ အတိုးတက်ဆုံးသော နိုင်ငံတွေထဲက တစ်ခုပါပဲ ကံမကောင်းတဲ့ အချက်ကတော့ ရာဇဝတ်မှု၊ ခိုးမှု၊ ဓါးပြမှု၊ လုယက်မှု အမြင့်မားဆုံးသော နိုင်ငံကြီးတစ်ခု ဖြစ်နေတာပါပဲ။ အမေရိကန်နိုင်ငံမှာ အစ္စလာမ့်ရှရီအသ်ကိုသာ လက်တွေ့ကျင့်သုံး သွားမယ်ဆိုပါစို့။ ချမ်းသာတဲ့လူတိုင်းက နှစ်စဉ် လပြက္ခဒိန်မှာ ရွှေသား ၈၅ ဂရမ်ထက် ပိုနေသမျှထဲက သူစုဆောင်းထားချက်ရဲ့ ၂.၅ ရာခိုင်နှုန်းကို ဇကားသ်အဖြစ် ပေးခဲ့ကြပြီဆိုပါစို့။ သူခိုးဓါးပြကို မိရင်လည်း ပြစ်ဒဏ်အဖြစ် လက်ဖြတ်ပစ်တယ်ဆိုပါစို့။ ဒါဆိုရင် အမေရိကမှာ ခိုးဝှက်တိုက်ခိုက်မှုနှုန်းထားက တိုးလာအုံးမှာလား။ လျော့ကျသွားမှာလား။ ဒီအတိုင်း တန့်ပြီးပဲ နေနေမှာလား။ သဘာဝကျကျ ဆိုရရင်ဖြင့် လျော့ကျသွားရမှာပါ။ ဒါတင်မက ဒီလိုမျိုးတင်းကြပ်တဲ့ ဉပဒေ ပြစ်ဒဏ်ကိုသာ ပေးသွားခဲ့ရင် ဘယ်ကလာ ခိုးရဲ တိုက်ရဲ တော့မှာလဲ။

          ဒီကနေ့ ကမ္ဘာမှာ ခိုးမှုလုယက်မှု ဖြစ်ပွားနှုန်းက ကြောက်ခမန်းလိလိ ကြီးထွားနေတာကို ကျွန်တော်သဘောတူပါတယ်။ ဒါကြောင့် သူခိုးအားလုံးကိုသာ လက်ဖြတ်ခဲ့မယ်ဆိုရင် လက်ပြတ်နေတဲ့သူတွေ ထောင်သောင်းချီပြီး ရှိနေမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက အချက်ကတော့ ဒီဉပဒေကို ကျင့်သုံးသွားသရွေ့ ခိုးမှုနှုန်းထားက ချက်ချင်းဆိုသလို ထိုးကျသွားလိမ့်မယ် ဆိုတာပါပဲ။ ဘယ်သူခိုးပဲမဆို ခိုးလို့မိသွားရင် ငါတော့ လက်ဖြတ်ခံရမှာကို ဒုက္ခိတအဖြစ် အရှက်တကွဲ အကျိုးနည်း ဖြစ်ရချည်သေးရဲ့ ဆိုတာကို မခိုးခင် အရင် အလေးအနက်ထား တွေးမိမှာဖြစ်ပါတယ်။ ပြစ်ဒဏ်အပေါ် ဒီလိုအတွေးဝင်မိတာနဲ့တင်ပဲ သူခိုး အများစုကြီးဟာ ခိုးဖို့ဝှက်ဖို့ကို စိတ်ဓာတ်ကျသွားမှာ ဖြစ်ပါတယ်။ သူခိုးသူဝှက်ရှိခဲ့ရင်တောင်မှ အနည်းအကျဉ်းလောက်ပဲ ရှိတော့မှာပါ။ ဒါဆို လူနည်းစုကလေးကို လက်ဖြတ်လိုက်ရတာနဲ့တင် လူသန်းပေါင်းများစွာဟာ သူခိုးသူဝှက်ဘေးကလည်း ကင်းရမယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့လည်း နေထိုင်သွားလာနိုင်ပါမယ်။

          ဒါကြောင့် အစ္စလာမ့် ရှရီအသ်က လက်တွေ့လည်းကျသလို လက်ငင်းအကျိုးရလဒ်များ လည်းပဲ ရှိနေပါတယ်။

ဉပမာ () အစ္စလာမ်က မုဒိမ်းမှုနှင့် အမျိုးသမီးများအပေါ် စော်ကားမော်ကား ပြုမှုတို့ကိုလည်း တားမြစ်ပိတ်ပင်ထားသည်။ ဟီဂျာ့ဗ်ကို ပြဌာန်းထားပြီး မုဒိမ်းမှုအတွက် ကြီးလေးသော ပြစ်ဒဏ်ကို ချမှတ်ထားသည်။

(က) အစ္စလာမ်က မုဒိမ်းမှုနှင့် စော်ကားမော်ကား ဗလက္ကာရမှုတို့ကို အမြစ်ပြတ် သုတ်သင်နိုင်မည့် နည်းကို ပြဌာန်းပေးထားသည်။

          အဓိက ဘာသာတရားအားလုံးက မိန်းမသားအပေါ် ဗလက္ကာရ ပြုမှုနဲ့ မတော်မတရား ကျင့်ကြံမှုတို့ကို ကြီးလေးသော ပြစ်မှုတွေဆိုပြီး ကြွေးကြော်ထားပါတယ်။ ဒါဆိုရင် တခြား ဘာသာတရားတွေနဲ့ အစ္စလာမ်နဲ့ ဘာကွာခြားပါသလဲ။ ကွာခြားချက်ကတော့ အစ္စလာမ်က အမျိုးသမီးတွေကို လေးစားကြဖို့ ဗလက္ကာရပြုမှုကို စက်ဆုပ်ဖွယ်ရာနဲ့ မုဒိမ်းမှုကို ကြီးလေးသော ပြစ်မှုဆိုပြီး ဖော်ပြထား၊ သွန်သင်ထားရုံသက်သက်နဲ့ မပြီးဘဲ လူ့အဖွဲ့အစည်းအနေနဲ့ ဒီလိုမျိုး ရာဇဝတ်မှုတွေကို ဘယ်ပုံဘယ်နည်း အမြစ်ပြတ် ကင်းစင်အောင် လုပ်သွားရမယ်ဆိုပြီးလည်း ရှင်းလင်းတဲ့ လမ်းညွှန်ကိုပါ ချမှတ်ပေးထားချက်ပဲ ဖြစ်ပါတယ်။

() ယောက်ျားများအတွက် ဟီဂျာ့ဗ်

          အစ္စလာမ်မှာ ဟီဂျာ့ဗ်စနစ် ရှိပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန်မှာ ဉီးစွာ ယောက်ျားများအတွက် ဟိဂျာ့ဗ်ကို ဆိုထားပြီးမှနောက် ရှေ့ဆက်ပြီး မိန်းမများအတွက်ကို ဆိုထားတာပါ။ ယောက်ျားများအတွက် ဟိဂျာဗ်ကိုတော့ အောက်ပါ အာယသ်မှာဖော်ပြထားပါတယ်။

          “မယုံကြည်သူ အမျိုးသားတို့ကို မျက်လွှာချထားကြရန်နှင့် မိမိတို့၏ အရှက်အိန္ဒြေကို ထိန်းသိမ်းကြဟုဆိုလော့။ ဤသည် ၎င်းတို့အဖို့ အစင်ကြယ်ဆုံးပင်ဖြစ်သည်။ ဧကန် အလ္လာဟ်ရှင်သည် ၎င်းတို့ပြုသမျှကို ကောင်းစွာ သိရှိတော်မူ၏။” (ကုရ်အာန် - ၂၄း၃၀)

          ယောက်ျားတစ်ဉီးက မိန်းမသားတစ်ဉီးကို စပြီး ကြည့်မိလိုက်တာနဲ့ သူ့စိတ်ထဲမှာ မရိုးမသား အတွေးဆိုတွေ မဝင်ခင်အရင် သူ့မျက်လွှာကို ချပစ်လိုက်သင့်ပါတယ်။

() အမျိုးသမီးများအတွက် ဟိဂျာ့ဗ်

          အမျိုးသမီးများအတွက် ဟိဂျာ့ဗ်ကို အောက်ပါ အာယသ်မှာ ဖော်ပြထားပါတယ်။

          “ယုံကြည်သူ အမျိုးသမီးတို့အား မျက်လွှာကို ချကြ၊ အရှက်အိန္ဒြေကို ထိန်းသိမ်းကြ၊ ပေါ်၍ နေတတ်သောမိမိတို့၏ အလှမှတပါး ကျန်အလှအပတို့ကို မဖော်ပြစေရ။ ရင်ဘတ်ပေါ်ဝဘ် ခြုံလွှာကို ဆွဲချထားကြ။ မိမိတို့၏ ခင်ပွန်းများ၊ ဖခင်များ၊ သားများ…..ရှေ့မှတပါး မိမိတို့၏ အလှကို မပြကြရဟု ဆိုလေ။” (ကုရ်အာန် - ၂၄း၃၁)

          အမျိုးသမီးတစ်ဉီးအဖို့ ဟိဂျာ့ဗ်ရဲ့ အတိုင်းအတာကတော့ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ လုံခြုံနေဖို့ပါပဲ။ ပေါ်နေမယ့် အပိုင်းကတော့ မျက်နှာနဲ့ လက်ကောက်ဝတ်အထိ လက်ဖဝါးအပိုင်းပဲ ဖြစ်ပါတယ်။ သူတို့မှာဆန္ဒရှိခဲ့ရင်တော့ ခန္ဓာကိုယ်ရဲ့ ဒီအပိုင်းတွေကိုပါ ဖုံးချင်ရင် ဖုံးထားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အစ္စလာမ့် ပညာရျိ တချို့ကဆိုရင် မျက်နှာကိုတောင် ဖုံးအုပ်ထားသင့်တယ်လို့ ဆိုထားကြတာ ရှိပါတယ်။

() ဟိဂျာ့ဗ်က ဗလက္ကာရအမှုကို ဟန့်ထား ကာကွယ်ပေးသည်

          မိန်းမသားများအတွက် ဟိဂျာ့ဗ်ကိုဘာကြောင့် ပြဌာန်းထားရတယ်ဆိုတဲ့ အကြောင်းအရင်းကို ကျမ်းမြတ်ကုရ်အာန်လာ စူရာဟ် အလ်အဟိဇဗ်မှ အောက်ပါ အာယသ်မှာ ပေးထားပါတယ်။

          “အို တမန်တော်၊ သင်၏ ဇနီးများ၊ သမီးများနှင့် ယုံကြည်သူ အမျိုးသမီးများအား (အပြင်သို့ သွားလာကြရာမှာ) အပေါ်ရုံကို သူတို့၏ ရင်ဘတ်ပေါ်ဝယ် အနည်းငယ် ချထားကြဟု ပြောကြားပါလေ။ ဤသည် ပိုပြီးသိသာရန် အဆင်ပြေစေ၏။ အလ္လာဟ်ရှင်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော အရှင်၊ အလွန်သနား ကြင်နာညှာတာတော်မူသော အရှင် ဖြစ်၏။ (ကုရ်အာန် - ၃၃း၅၉)

          ကုရ်အာန်မှာ အမျိုးသမီးများအတွက် ဟိဂျာ့ဗ်ကို သတ်မှတ်ပေးထားတယ်။ ဒါမှ ဒီနည်းနဲ့ပဲ သူတို့တတွေကို အရှက်အိန္ဒြေ အကြီးအကဲဆုံးသူတွေဆိုတာကို သိသွားစေမှာဖြစ်ပြီး ဗလက္ကာရ ပြုခံရမယ့် ဘေးကပါ ဟန့်တား ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

() အမွှာညီမများ ဉပမာ

          အလှအပချင်း တူကြတဲ့ အမွှာညီအစ်မ နှစ်ဉီးက လမ်းလျှောက်ထွက်ကြတယ်ဆိုပါစို့။ တစ်ယောက်က မျက်နှာရယ် လက်ကို လက်ကောက်ဝတ်အထိရယ်က လွဲရင် တစ်ကိုယ်လုံးကို လုံလုံခြုံခြုံ ဖုံးအုပ်ထားတယ်။ နောက်အမွှာညီအစ်မကကျတော့ မီနီစကပ် ပေါင်လယ်ဂါဝန်နဲ့ မလုံမလဲ ဝတ်ထားတယ်ဆိုပါစို့။ လမ်းထောင့်မှာလည်း အခွင့်အရေးရရင် မိန်းကလေးတွေကို စကြ နောက်ကြမယ့် လမ်းသရဲတစ်စုကလည်း ရှိနေတယ်ထား။ ကဲ ဘယ်လိုမိန်းကလေးမျိုးက အစခံရမှာလဲ။ အစ္စလာမ့်နည်းကျ ဟိဂျာ့ဗ်ဝတ်ထားတဲ့ မိန်းကလေးကိုလား ဒါမှမဟုတ် မီနီစကပ် ဝတ်ထားတဲ့ မိန်းကလေးကိုလား။ ဖုံးဖုံးဖိဖိ ရှိရမှာတွေကို လိုတာထက်ပိုပြီး ပေါ်လွှင်စေမယ့် အဝတ်အထည်က ဆန့်ကျင်ဖက်လိင်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ရာဂစိတ်ကို နှိုးဆွပေးရာ ရောက်ပါတယ်။ ဗလက္ကာရ ပြုချစ်တဲ့စိတ်၊ သားမယားပြုကျင့်ချင်တဲ့စိတ်ကို ပိုပြီးပေါ်စေပါတယ်။ ကုရ်အာန်က ဟိဂျာ့ဗ်က ဗလက္ကာရမှုကို ဟန့်တား ကာကွယ်ပေးတယ်ဆိုပြီး အမှန်ကို ပြောထားတာ ဖြစ်ပါတယ်။

() မုဒိမ်းကောင်များအတွက် ကြီးလေးသော အပြစ်ဒဏ်

          အစ္စလာမ့်ရှရီအသ်က မုဒိမ်းမှုကို ကျူးလွန်တဲ့သူအတွက် ကြီးလေးတဲ့ပြစ်ဒဏ်ကို ပြဌာန်းထားပါတယ်။ မွတ်စလင်မ် မဟုတ်သူတွေကတော့ ဒီခေတ်ကြီးမှာ ဒီလိုမျိုး တင်းတင်းကြပ်ကြပ်ကြီး ပြစ်ဒဏ်ခေတ်တာကို ကျောချမ်းခဲ့ပါတယ်။ ကျွန်တော်က မွတ်စလင်မ် မဟုတ်တဲ့ ယောက်ျားအတော်များများကို ရိုးရိုးလေးပဲ မေးခွန်းထုတ်ကြည့်ခဲ့ဖူးပါတယ်။ အလ္လာဟ်ရှင် ဖယ်ရှားပါစေသား။ လူကြီးမင်းရဲ့ ဇနီး ဒါမှမဟုတ် မိခင် ဒါမှမဟုတ် နှမကို မုဒိမ်းကျင့်ခံရတယ်ဆိုပါစို့။ လူကြီးမင်းကိုပဲ ဒီအမှုမှာ တရားသူကြီးအဖြစ် စီရင်စေမယ်ဆိုပါစို့။ မုဒိမ်းကောင်ကို ခင်ဗျားရဲ့ရှေ့ကို ခေါ်လာပြီး ခင်ဗျားသူ့ကို ဘယ်လိုပြစ်ဒဏ်မျိုး ပေးမလဲပေါ့လို့ မေးလိုက်ရုံရှိသေး အားလုံးကဒီလိုကောင်မျိုးကို သေဒဏ်သာ စီရင်မှာဗျလို့ ဖြေကြတယ်။ တချို့ကဆိုရင် ခံပြင်းပြင်းနဲ့မသေမချင်း အမျိုးမျိုး ညှင်းဆဲဒုက္ခပေးပြီးမှ သေစေမယ်တဲ့။ အဲခင်ဗျားတို့ရဲ့ မိခင်တို့ မယားတို့ကို မုဒိမ်းကျင့်တဲ့ သူကိုကျတော့ ခင်ဗျားတို့က သေဒဏ်ပေးချင်ကြတယ်။ ဒါပေမယ့် တခြားသူတစ်ဉီးဉီးရဲ့ မိခင် ဒါမှမဟုတ် မိန်းမကို သားမယားပြုကျင့်ခံရတာကိုကျတော့ ကြီးလေးတဲ့ ပြစ်ဒဏ်ကို ပေးရင် ရိုင်းစိုင်းတယ်၊ ကြမ်းကြုတ်တယ်ဆိုပြီး ပြောနေကြတယ်။ ဘာကြောင့်များ နှစ်မျိုးနှစ်ခွ ဖြစ်နေကြရတာတုန်းဗျ။

() လူ့ပြဿနာများအတွက် အစ္စလာမ်မှာ လက်တွေ့ကျတဲ့ အဖြေများ ရှိနေသည်

          အစ္စလာမ်က အကောင်းဆုံးသော ဘဝလမ်းစဉ်ပါ။ ဘာကြောင့်လဲဆိုတော့ သွန်သင်ချက်တွေက သဘောတရားသက်သက် မဟုတ်လို့ လေလုံးထွားချက်သက်သက် မဟုတ်လို့ပါပဲ။ လူ့ဘဝပြဿနာ ခပ်သိမ်းအတွက် လက်တွေ့ကျတဲ့ အဖြေတွေ ဖြစ်နေလို့ပါပဲ။ လူတစ်ဉီးချင်းအတွက်ရော လူ့အစုအဝေးအတွက်ပါ အစ္စလာမ်က အကျိူးတရားများကို အောင်မြင်ဖြစ်ထွန်းစေနိုင်ပါတယ်။ အစ္စလာမ်က အကောင်းဆုံးသော ဘဝလမ်းစဉ်ပါ။ ဘာကြောင့်လဲဆိုရင် လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံအတွက်ဆိုပြီး ဘောင်မကန့်ထားတဲ့ လက်တွေ့ကျလှတဲ့ ကမ္ဘာ့ ဘာသာတရားတစ်ခု ဖြစ်နေလို့ပါပဲ။




          

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ