ကုရ်အာန်က ကမ္ဘာပြားနေသည်ဟု ပြောထားပါသလား?

 ကုရ်အာန်က ကမ္ဘာပြားနေသည်ဟု ပြောထားပါသလား?

အမေး ကုရ်အာန်ထဲမှာ အလ္လာဟ်က ဒီကမ္ဘာကြီးကို သင်တို့အတွက် ကော်ဇောတစ်ခုအဖြစ် ဖန်ဆင်းထားတယ်လို့ပြောထားတယ်။ ဒါဟာ ကမ္ဘာကြီးက ပြားနေတယ်လို့ ဆိုလိုတာပဲပေါ့။ ဒီတော့ ဒါက ခေတ်သစ် သိပ္ပံက ဆိုထားချက်နဲ့ ဆန့်ကျင်ရာ ရောက်မနေဘူးလား။

အဖြေ။ 

() မြေကမ္ဘာကို ကော်ဇောတစ်ခုအဖြစ် လုပ်ထားသည်။

            ဒီမေးခွန်းက ကုရ်အာန်ကျမ်းလာ စူရာဟ် နူးဟ်က အာယသ်တစ်ခုကို အခြေခံပြီး ပေါ်လာခဲ့တာပါ။

အလ္လာဟ်အရှင်က အသင်တို့အတွက် မြေကမ္ဘာကို ကော်ဇောတစ်ခုအဖြစ် (ဖြန့်ကြက်) ဖန်ဆင်းထားတော်မူ၏။ (ကုရ်အာန် - ၇၁း၁၉)

            ဒါပေမယ့် အထက်ပါ အာယသ်ထဲက ဝါကျက မပြည့်စုံသေးပါဘူး။ နောက်က ဆက်လာတဲ့ အာယသ်ကျမှ ရှေ့က အာယသ်ကို ရှင်းပြထားပါတယ်။

            “သို့မှသာ အသင်တို့သည် ယင်းပထဝီမြေ၏ လမ်းကျယ်များဝယ် သွားလာနိုင်ကြကုန် အံ့သတည်း။” (ကုရ်အာန် ၇၁း၂၀)

            အလားတူ သတင်းစကားကိုပဲ စူရာဟ်တွလ်ဟာမှာလည်း ထပ်ပြီး ပြောထားပါသေးတယ်။

            “ထိုအရှင်မြတ်သည်ပင် ပထဝီမြေကို အခင်းအကျင်း ပြုလုပ်တော်မူခဲ့၏။ ၎င်းအပြင် ထိုအရှင်မြတ်သည်ပင် ယင်းပထဝီမြေ၌ အသင်တို့အဖို့ လမ်းများကိုလည်း ပြုလုပ်တော်မူခဲ့၏။” (ကုရ်အာန် - ၂၀း၅၃)

            မြေကမ္ဘာရဲ့ အပေါ်ယံလွှာက အထူအားဖြင့် မိုင် ၃၀ တောင်မှ မရှိပါဘူး။ မိုင်ပေါင်း (၃၇၅၀) မိုင်လောက်ရှိတဲ့ မြေကမ္ဘာရဲံ အချင်းဝက်နဲ့ နှိုင်းယှဉ်ကြည့်ရင် အင်မတန်မှပဲ ပါးလွှာလှပါတယ်။ မြေကမ္ဘာရဲ့ ပိုပြီး နက်ရှိုင်းလှတဲ့ အလွှာတွေက အင်မတန်မှ ပူပြင်းလှတဲ့ အရည်တွေဆိုတော့ ဘယ်လို သက်ရှိပုံစံကမှ မဖြစ်ထွန်းနိုင်ပါဘူး။ မြေကမ္ဘာရဲ့ အပေါ်ယံလွှာက အခဲဖွဲ့နေတဲ့ အခွံလွှာဖြစ်လို့ ကျွန်ုပ်တို့ အသက်ရှင် နေထိုင်နိုင်ကြတာပါ။ ကုရ်အာန်က ဒါကို ဖြန့်ခင်းထားတဲ့ ကော်ဇောတစ်ခုအဖြစ် အမှန်အကန်ပဲ ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့က ဒီအပေါ်မှာ လမ်းအမျိုးမျိုး အပေါ်မှာ ခရီးဆန့် သွားလာနိုင်ကြတာ ဖြစ်ပါတယ်။

() ကော်ဇောကို ပြားသော မျက်နှာပြင်ထက် တခြားအပေါ်မှာလည်း ဖြန့်ကျက် ခင်းကျင်းထားနိုင်ပါသည်။

            ကုရ်အာန်ရဲ့ ဘယ်အာယသ်တစ်ခုတစ်လေမှာမှ ကမ္ဘာက ပြားတယ်လို့ ပြောမထားပါဘူး။ ကုရ်အာန်က မြေကမ္ဘာရဲ့ အပေါ်ယံလွှာကို ကော်ဇောတစ်ခုနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုထားတာ ဖြစ်တယ်။ တချို့ လူတွေကတော့ ကော်ဇောဆိုတာ လုံးဝ ပြားနေတဲ့ မျက်နှာပြင်မျိုးပေါ်မှာသာ ခင်းလို့ရမယ် လို့ ထင်နေကြပါတယ်။ ကော်ဇောတစ်ခုကို မြေကမ္ဘာလို ကြီးမှားတ့ ထုလုံးအပေါ်မှာလည်း ခင်းလို့ရနိုင်ပါတယ်။ ကြီးမားလှတဲ့ ကမ္ဘာလုံးပုံစံပေါ်မှာ ကော်ဇောတစ်ခုကို အလွယ်လေးခင်းနိုင်တာကို တွေ့နိုင်ပါတယ်။

            ကော်ဇောပြင်ကို ပြင်ညီတစ်ခုပေါ်မှာတော့ ယေဘုယျ ခင်းလို့ရပါတယ်။ လမ်းလျှောက်လို့ သိပ်ပြီး အဆင်မချောလှတဲ့ပြင်ညီပေါ်လည်း ခင်းလို့ရပါတယ်။ ကုရ်အာန်က ကမ္ဘာရဲ့ အပေါ်ယံလွှာကိုသာ ကော်ဇော တစ်ခုအဖြစ် ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါသာမရှိရင် ဒီအောက်က အပူဒဏ်ပြင်းလှတဲ့ အရည်တွေကြောင့် အသက်ရှင်နိုင်စရာ မရှိပါဘူး။ ဘေးဥပါဒ်မကင်းတဲ့ ဝန်းကျင်ကြီး ဖြစ်နေတာကြောင့်ပါပဲ။ ဒါကြောင့် ကုရ်အာန်ဟာ ယုတ္တိဗေဒနည်း ကျရုံသာမက ရာစုနှစ်ပေါင်းများစွာ ကြာတော့မှ ဘူမိဗေဒ ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြရတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေကိုပါ ဖော်ပြပေးထားခဲ့ပါတယ်။

() မြေကမ္ဘာကိုအခင်းအဖြစ် ပြုလုပ်ထားသည်။

            အလားတူပဲ ကုရ်အာန်ထဲမှာ အာယသ်များစွာမှာပဲ မြေကမ္ဘာကို အခင်းလုပ်ထားတယ်လို့ ဆိုထားပါတယ်။

            “ထို့အပြင် ငါအရှင်သည် မြေကမ္ဘာကို (ကျယ်ပြန့်စွာ) ခင်းကျင်းထားတော်မူ၏။ အဘယ်လို့ တိကျစွာ ခင်းကျင်းထားဘိသော အရှင်ပါနည်း။” (ကုရ်အာန် - ၅၁း၄၈)

            အလားတူပဲ ကုရ်အာန်ရဲ့ တခြား အာယသ်အများအပြားမှာလည်း ကမ္ဘာကြီးရဲ့ ကျယ်ပြောလွန်းပုံကို ဆိုထားပါတယ်။

            “ငါအရှင်မြတ်သည် ပထဝီမြေကို အင်မတန် ကျယ်ဝန်းစွာနှင့် တောင်များကို သပ်များအဖြစ်နှင့် လုပ်ထားတော်မူသည် မဟုတ်လော။” (ကုရ်အာန် - ၇၈း၆-)

            ကုရ်အာန်ရဲ့ ဒီအာယသ်တော်တွေထဲက ဘယ်အာယသ် တစ်ခုတလေမှာမှ ကမ္ဘာကြီးကို ပြားတယ်ရယ်လို့ တစ်စက်ကလေးမှာတောင် မညွှန်းထားပါဘူး။ ကမ္ဘာမြေရဲ့ ကျယ်ဝန်းလှပုံကိုသာ ပြောထားတယ်။ မြေကမ္ဘာရဲ့ ကျယ်ဝန်းပြန့်ပြောမှုရဲံ အကြောင်းအရင်းကိုပဲ ဖော်ပြထားပါတယ်။

            ကျမ်းမြတ်ကုရ်အာန်ထဲမှာ ဆိုထားပါသေးတယ်။

            “အို..ယုံကြည်ကြကုန်သော ငါ၏ ကျေးကျွန်တို့၊ ငါအရှင်မြတ်၏ ကမ္ဘာမြေသည် လွန်စွာ ကျယ်ဝန်းလွန်းလှသည်။ ထို့ကြောင့် အသင်တို့သည် ငါအရှင်မြတ်ကိုသာ (ငါအရှင်တစ်ပါးတည်းကိုသာလျှင်) ဆည်းကပ်ကိုးကွယ်ကြကုန်လော့။ (ကုရ်အာန် - ၂၉း၅၆)

            ဒါကြောင့် ပတ်ဝန်းကျင်ရဲ့ ဖိအားပယောဂကြောင့် သူ့အနေနဲ့ ကောင်းတာကို မလုပ်တော့ပဲ မကောင်းတာကိုပဲ ဇွတ်တိုးမိရတာပါ ဆိုပြီး ဘယ်သူကမှ ဆင်ခြေပေးလို့ မရပါဘူး။

၄။ မြေကမ္ဘာ၏ ပုံသဏ္ဍာသည် ထုလုံးပုံဖြစ်သည်။

            ကုရ်အာန်က ကမ္ဘာမြေရဲ့ တကယ့်ပုံသဏ္ဍာန်ကို အောက်ပါ အာယသ်မှာ ဖော်ပြထားပါတယ်။

            “ငါအရှင်သည် မြေကမ္ဘာကို ဥသဏ္ဍာန် ပြုထားတော်မူ၏” (ကုရ်အာန် - ၇၉း၃၀)

            အရဗီဝေါဟာရဟားဟာက ဥပုံသဏ္ဍာန်လို့ အဓိပ္ပာယ်ရပါတယ်။ ဖြန့်ကြက်ခင်းထားချက်လို့လည်း အဓိပ္ပာယ်ရပါတယ်။ဟားဟာကဒုဟီးဟာကနေ ဆင်းသက်လာတာဖြစ်ပြီး အထူးသဖြင့် ငှက်ကုလားအုတ်ရဲ့ ဥကို ရည်ညွှန်းပါတယ်။ ကမ္ဘာမြေရဲ့ ပုံသဏ္ဍာန်နဲ့ တစ်ထပ်တည်း တိတိကျကျ တူတဲ့ ထုလုံးပုံသဏ္ဍာန် ရှိနေပါတယ် ဒါကြောင့် ကုရ်အာန်နဲ့ ခေတ်သစ် သိပ္ပံတို့ဟာ လုံးဝ ဥဿုံ တစ်ထပ်တည်းကိုက်ညီနေပါတယ်။

ဟောပြောတင်ပြသူ - ဒေါက်တာ ဇာကိရ်နိုက်(က်)

ဘာသာပြန်ဆိုသူ - ဝါးခယ်မ မောင်မင်းနိုင်



 

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ