လူသားကို သုတ်ကောင်ကပဲ ဖန်ဆင်းခဲ့တာလား ဒါမှမဟုတ် မြေကြီးဖြင့် ဖန်ဆင်းခဲ့တာလား။

 လူသားကို သုတ်ကောင်ကပဲ ဖန်ဆင်းခဲ့တာလား ဒါမှမဟုတ် မြေကြီးဖြင့် ဖန်ဆင်းခဲ့တာလား

အမေး။ ။ ကုရ်အာန်ရဲ့ တစ်နေရာမှာ လူသားကို သုတ်ရည် (sperm) က ဖန်ဆင်းတယ်လို့ ဆိုထားပြီးနောက် တစ်နေရာမှာကျတော့ လူသားကို မြေ (Dust) မှ ဖန်ဆင်းထားတယ်လို့ ဆိုထားပါတယ်။  ဒီအာယသ်နှစ်ခုက ရှေ့နောက်မညီ ဖြစ်မနေဘူးလား။ လူသားကို မြေက ဖန်ဆင်းထားတယ်ဆိုတာကို သိပ္ပံနည်းကျ ဘယ်လို သက်သေပြမလဲ။ 

အဖြေ။

(၁) လူသားကို ကလလရေကြည်နှင့် မြေမှ ဖန်ဆင်းခဲ့သည်။ 

ကျမ်းတော်မြတ် ကုရ်အာန်ရဲ့ စူရဟ် အလ်ကိယာမဟ် ထဲက အောက်ပါ အာယသ်အပါအဝင် အာယသ်တော် အများအပြားမှာပဲ လူသားဟာ ကလလ ရေကြည်တစ်စက်မှနေပြီး ဖြည်းဖြည်းချင်း စတင်လာတယ်လို့ ရည်ညွှန်းဆိုထားပါတယ်။ 

“၎င်းမှာ ထုတ်လွှတ်လိုက်သော သုတ်ရည်တစ်စက်သာလျှင် မဟုတ်ပြီလော” (ကုရ်အာန်  -   ၇၅း၃၇)

ကုရ်အာန်က နေရာတော်တော်များများမှာလည်းပဲ လူသားကို မြေကနေ ဖန်ဆင်းတယ်လို့ ဆိုထားပါသေးတယ်။ အောက်ပါ အာယသ်က လူသားတို့ရဲ့ အစနဲ့ ပတ်သက်ပြီး ရည်ညွှန်းချက် တစ်ရပ်ပဲ ဖြစ်ပါတယ်။ 

“ငါအရှင်က အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းခဲ့သည်ကို (စဉ်းစားကြကုန်)။” (ကုရ်အာန် - ၂၂း၅)

လူခန္ဓာကိုယ်ထဲမှာ ပါရှိနေတဲ့ ဒြပ်စင်အားလုံးကို (ဆိုလိုတာက လူ့ခန္ဓာကိုယ် ဖွဲ့စည်းထားသော ဒြပ်စင်များ) က မြေကြီးထဲမှာလည်း အရေအတွက် နည်းနည်းရှိတာ ရှိသလို အများကြီးရှိနေတာလည်း ရှိပါတယ်။ ဒါကြောင့်ပဲ ကျမ်းတော်မြတ် ကုရ်အာန်လာ အာယသ်က သိပ္ပံနည်းကျ ရှင်းလင်းချက် အဖြစ်နဲ့ လူသားကို မြေကြီးကနေ ဖန်ဆင်းခဲ့တယ်လို့ ဆိုထားရတာ ဖြစ်ပါတယ်။ 

အဲ့တချို့ ပါဒတော်တွေမှာကျတော့ ကုရ်အာန်က လူသားကို ကလလ ရေကြည်ကနေ ဖန်ဆင်းထားတယ်လို့ ဆိုထားသလိုပဲ တခြား အာယသ်တွေမှာကျပြန်တော့ လူသားကို မြေကြီးကနေ ဖန်ဆင်းခဲ့တယ်လို့ ဆိုထားပါသေးတယ်။ ဒါကလည်း ဘာမှ ရှေ့နောက်မညီတာ မဟုတ်ပါဘူး။ ဝိရောဓိဖြစ်နေတယ်ဆိုတဲ့သဘောက အဆိုအမျိုးမျိုး ကွဲကွဲလွဲလွဲ ရှိနေတယ်ဆိုတဲ့ သဘောပါပဲ။ ဒါတွေဟာ ဆန့်ကျင်ဖက် ဖြစ်ရင်ဖြစ် ဒါမှမဟုတ်ရင်လည်း ဝိရောဓိ ဖြစ်နေမယ်ဆိုရင် နှစ်ခုစလုံး တစ်ပြိုင်နက်ထဲ မမှန်ကန်နိုင်ပါဘူး။ 


(၂) လူသားကို ရေမှဖန်ဆင်းခဲ့သည်။ 

တချို့တချို့ ပါဒတော်တွေမှာကျတော့ ကုရ်အာန်က လူသားကို ရေက ဖန်ဆင်းထားတယ်လို့ ဆိုထားပြန်ပါသေးတယ်။ ဥပမာပြရရင် စူရဟ် ဖုရ်ကာန်ထဲမှာ အခုလို လာရှိထားပါတယ်။ 

“ထိုအရှင်သည်ပင် ရေဖြင့် လူသားကို ဖန်ဆင်းတော်မူသော အရှင်တည်း” (ကုရ်အာန် ၂၅း၅၄)

သိပ္ပံပညာက ဒီအချက် ၃ ချက်စလုံး မှန်တယ်လို့ ဆိုထားပါတယ်။ လူသားကို ကလလ ရေကြည်ကရော မြေကရော ဖန်ဆင်းခဲ့သလိုပဲ ရေကနေလည်းပဲ ဖန်ဆင်းခဲ့ပါတယ်။ 


(၃) ဒါဟာ ဝိရောဓိဖြစ်ခြင်း (Contradiction)မဟုတ်ပါဘူး။ ခြားနားသိသာစေခြင်း (Contradistinction) ပဲ ဖြစ်ပါတယ်။ 

       ဆိုပါစို့ဗျာ၊ လက်ဖက်ရည်တစ်ခွက်ဖျော်ဖို့ ကျွန်တော်က ရေလိုတယ်လို့ပြောမယ်၊ နောက်တစ်ဉီးက လက်ဖက်ခြောက်လိုတယ်လို့ပြောမယ်။ ဒီအဆိုနှစ်ရပ်က ဝိရောဓိ မဟုတ်ပါဘူး။ လက်ဖက်ရည် တစ်ခွက်ဖျော်ဖို့ ရေရော လက်ဖက်ခြောက်ပါ နှစ်မျိုးစလုံးလိုတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့ပြင် အချိုကြိုက်တဲ့သူဆိုရင် သကြားတောင်လိုသေးတယ်။ 

      ဒါကြောင့် ကုရ်အာန်က လူကို ကလလ ရေကြည်၊ မြေကြီးနဲ့ရေတို့ကနေ ဖန်ဆင်းတယ်လို့ ပြောထားတာဟာ ဘာမှ ဝိရောဓိ မရှိပါဘူးခင်ဗျာ။ ခြားနား သိသာစေခြင်းသာ ဖြစ်ပါတယ်။ တူညီတဲ့ ဘာသာရပ်တစ်ခုကို ဘာပဋိပက္ခမှ မရှိပဲနဲ့ ခြားနားတဲ့ အယူအဆနှစ်ရပ်အရ ပြောပြတာကို ခြားနားသိသာစေခြင်းလို့ ခေါ်ပါတယ်။ ဉပမာ ကျွန်တော်က လူသားက အစဉ်သဖြင့် သစ္စာတည်ကြည်တယ်။ လိမ်လည်းလိမ်တတ်တဲ့အကျင့်ရှိတယ်လို့ပြောခဲ့ရင် ဒါဟာ ဝိရောဓိပဲ၊ အဲ ဒါပေမယ့် လူသားရဲ့ ဗီဇကတော့ ရိုးဖြောင့်တယ်။ အကြင်နာရှိတယ်။ မေတ္တာရှိတယ်လို့ပြောရင်ကတော့ ဒါဟာ ခြားနားသိသာစေခြင်း ဖြစ်ပါတယ်။ ဝိရောဓိ လုံးဝ မဟုတ်ပါဘူး။

  


ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ