ဂျီဟာဒ် ဝေါဟာရ၏ အဓိပ္ပါယ်

 ဂျီဟာဒ် ဝေါဟာရ၏ အဓိပ္ပါယ်

 

မြန်မာနိုင်ငံနှင့် ဂျီဟာဒ်ဝေါဟာရ

          ယခုအခါ မြန်မာနိုင်ငံတွင်လည်း အနောက်တိုင်းမီဒီယာနှင့် လူမှုကွန်ယက်များမှ အစ္စလာမ်နှင့်ပတ်က်သော လုပ်ကြံဖော်ပြချက်များကို ဆန်းစစ်မှုမရှိပဲ ရည်ရွယ်ချက် ရှိရှိဖြင့် မြန်မာမှုပြုကာ လုပ်ကြံဝါဒ ဖြန့်ချီမှု အမုန်းစကား ဖြန့်ချီမှုများပေါ်ပေါက်လာခဲ့ရာ မြန်မာမွတ်လင်တို့ အပေါ်သံသယများ ရန်လိုမူန်းတီးမှူများနှင့် အကြမ်းဖက်တိုက်ခိုက် ခဲ့မှု့များ ဖြစ်ပေါ်ခဲ့ပါသည်။ ဉပမာ-

.    မြန်မာနိုင်ငံတွင်လည်း မွတ်စလင်မ်လူဉီးရေမှာ ဘာသာခြားအမျိုးသမီးများကို အိမ် ထောင် ပြုကာ သားဖောက်သာသနာပြုခြင်းဖြင့် လျှင်မြန်စွာ တိုးပွားလျှက်ရှိကြောင်း

.  မွတ်စလင်မ်တို့ အင်အားကောင်းလာလျှင် ဂျီဟာဒ် ခေါ် မွတ်စလင်မ်မဟုတ်သူများကို သုတ်သင်ရှင်စလင်စရေးလုပ်လိမ့်မည်။ အထူးသဖြင့်(၇+၈+၆=၂၁) ၂၁ ရာစုတွင် ပြုလုပ် မည်ဖြစ်ရာ ၂၀၁၂မှတွက်လျှင်၈၈နှစ်သာ ကျန်တော့သဖြင့် မိမိ၏ သားမြေး လက်ထက် တွင်  ဗုဒ္ဓဘာသာများကို သုတ်သင်ကာ မြန်မာနိုင်ငံကို အပြီးသိမ်းလိမ့်မည်ဖြစ်‌ကြောင်း

. ယင်းသို့ သားဖောက်သာသနာပြုခြင်းနှင့် ဓားမိုးသာသနာပြုခြင်း(ဂျီဟာဒ်) အတွက် ဗလီများသည် ဗဟိုစင်တာများဖြစ်ပြီး နိုင်ငံခြားမှထောက်ပံ့ငွေများ ရနေကြောင်း ထို့ကြောင့် ဗလီဝတ်ကျောင်းတော်များကို တိုက်ခိုက်ဖြိုဖျက်ပစ်ရန် လိုအပ်ကြောင်း စသဖြင့် ၂၀၁၂ခုနှစ်နောက်ပိုင်းတွင် လုပ်ကြံဝါဒဖြန့်မှုများ စနစ်တကျပိုမို ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့ကြောင်း တွေ့ရပါသည်။

 

          သမ္မတဉီးသိန်းစိန်လက်ထက်တွင် နောက်ကွယ်မှ လက်မည်းကြီး၏ ကြိုးကိုင်မှု အစွန်းရောက် အမျိုးသားရေးဝါဒီတခု၏ လှုပ်ရှားမှုတို့ကြောင့် မည်သည့်အရပ်ကမှန်း မသိရသည့် ဒေါသထွက်နေသော လူအုပ်ကြီးများ မကြာခဏစနစ်တကျရောက်ရှိလာပြီ မြန်မာပြည်အဝှမ်း ဗလီဝတ်ကျောင်းတော်များနှင့် မွတ်စလင်မ်တို့အပေါ် အကြမ်းဖက် တိုက်ခိုက်မှူ့များ ဖြစ်ပေါ်လာခဲ့ခြင်း အပေါ် အလ်ကိုင်ဒါအဖွဲ့က မီဒီယာမှတဆင့်              ခြိမ်းခြောက်မှု IS နှင့် ဘိုကို ဟရာမ်စသည့် အစ္စလာမ်အမည်ခံ အကြမ်းဖက်လှုပ်ရှားမှုများ ကလည်း  အခြေအနေကိုပိုမို ရှုပ်ထွေးဆိုးရွားစေခဲ့ပါသည်။

           OIC (ခေါ်) အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကို ကမ္ဘာ့ မွတ်စလင်မ်နိုင်ငံပေါင်း (၅၇) နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး IS ဘိုကိုဟရာမ် တာလီဘန်စသည့် မွတ်စလင်မ်အမည်ခံ အကြမ်းဖက်အုပ်စုအားလုံးကို  ဆန့်ကျင်သော အဖွဲ့အစည်း ဖြစ်ပါသည်။  OUC အနေဖြင့် သမ္မတဉီးသိန်းစိန်လက်ထပ်က မြန်မာအစိုးရနှင့် အကျိုးပြုလုပ်ငန်းများ ပူးပေါင်း ဆောင် ရွက်နိုင်ရန် မြန်မာနိုင်ငံတွင် ရုံခန်းဖွင့်ရေး ကမ်းလှမ်းခဲ့ရာငြင်းပယ်ခြင်းခံခဲ့ရပါသည်။

              ထို့ကြောင့်လူ့ပုဂ္ဂိုလ်များအဖွဲ့အစည်းများ မီဒီယာများနှင့် လူမှု့ကွန်ယက်များက မည်သို့ဆိုစေကာမူ အစ္စလာမ်၏မှတ်ကျောက်ဖြစ်သော ကုရ်အာန်ကျမ်းစာနှင့် တမန်တော် မုဟမ္မဒ်သခင်(ဆွ)၏လက်တွေ့သွန်သင်ချက်များကို အရှိအတိုင်းသိရှိနားလည်ရန် အထူး လိုအပ်နေပါသည်။

ကုရ်အာန်ကျမ်းစာကပြောသော ဂျီဟာဒ်၏အဓိပ္ပာယ်အမှန်

             ဂျီဟာဒ်ဟူသော အာရဗီဝေါဟာရ၏စာပေအဓိပ္ပာယ်မှာ စစ်ပွဲ အကြမ်းဖက်ခြင်း စသည့်ဖြင့် လုံးဝမထွက်ပဲ အစွမ်းကုန်ကြိုးပမ်းအားထုတ်ခြင်း  သက်စွန့်ကြိုးပမ်း ဆောင် ရွက်ခြင်း (Exerting best effort , Struggle and Striving) ဟူ၍သာ အဓိပ္ပာယ် ရပါသည်။

ကုရ်အာန်ကျမ်းစာတွင် ဂျီဟာဒ်ဟူသော ဝေါဟာရကို

(၁) လူသား၏ နဖ်ဝိညာဉ် ကိုယ်ရည်ကိုယ်သွေး နှင့် ဆက်စပ်လိုက်သောအခါ- လူတဉီး ခြင်း၏ မတော်လောဘ ဒေါသ မောဟ မာန စည့်အကုသိုလ်စိတ်များကို အောင်နိုင်ရန် ကြိုးပမ်းအားထုတ်ခြင်း (ကုရ်အာန် ၂၉း၆/ ၂၉း၆၉/၁၆း၁၁၀)

(၂) ကုရ်အာန်ကျမ်းစာဟူသော တရားလမ်းညွှန်နှင့် ဆက်စပ်လိုက်သောအခါ- အဓမ္မကို ဓမ္မဖြင့် ယှဉ်ပြိုင်ခြင်း အသိဉာဏ်မဲ့မှု့ကိုတရားလမ်းညွှန်အလင်းဖြင့် ယှဉ်ပြိုင်ပပျောက် စေခြင်း (၂၅း၅၂)

(၃) စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ဟူသော ဝေါဟာရနှင့် ဆက်စပ်လိုက်သောအခါ -မတရားကျူးကျော်လာသော အဖျက်ရန်ကို ခုခံကာကွယ်တိုက်ခိုက်ခြင်း (ကုရ်အာန် ၂း၁၉၀)

(၄) သာသနာရေးဆိုင်ရာ အဆောက်အအုံများနှင့် ဆက်စပ်လိုက်သောအခါ - ဘာသာ တရားအသီးသီး၏ လွတ်လပ်စွာ ကိုးကွယ်ကျင့်သုံးပိုင်ခွင့်ကို အာမခံခြင်းနှင့် အကာကွယ် ပေးခြင်း (ကုရ်အာန် ၂၂း၄၀)

စသည်ဖြင့် ငြိမ်းချမ်းရေးကို ဉီးတည်သော အဓိပ္ပာယ်များဖြင့်သာ သုံးစွဲထားသည်ကို တွေ့နိုင်ပါသည်။





 

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ