အစ္စလာမ့်မဏ္ဍိုင်ကြီးများ (ကျင့်စဉ်)

အစ္စလာမ့်ဏ္ဍိုင်ကြီးများ (ကျင့်စဉ်) သည် ငြိမ်းချမ်း‌ရေးကို ဖော်ဆောင် ခြင်း ဖြစ်သည်

         အစ္စလာမ့်ယုံကြည်ချက် အနှစ်ချုပ်မှာ အနှိုင်းမဲ့ကိုယ်ကွယ်ရာ တစ်ပါးတည်းရှိခြင်း (သောင်ဟီဒ်)ဖြစ်ပြီး အစ္စလာမ့်ကျင့်စဉ်အားလုံး၏ ရည်ရွယ်ချက်မှာ အလ္လာဟ်သိစိတ်ဖြင့် မကောင်းမှုရှောင်ခြင်း ကောင်းမှုပြုခြင်းနှင့် တာဝန်ကျေခြင်း (သက်ကဝါ) ရရှိစေရန် ဖြစ်ပါသည်။

          မွတ်စလင်မ် တစ်ဉီးအနေဖြင့် အနှိုင်းမဲ့ကိုယ်ကွယ်ရာ မြတ်အလ္လာဟ်အပေါ် ထားရ မည့် တာဝန်များရှိသလို ဖန်ဆင်းခံအသီးသီးအပေါ် ထားရမည့်တာဝန်များလည်း ရှိပါ သည်။ အနှစ်ချုပ်အားဖြင့် အစ္စလာမ့်မဏ္ဍိုင်ကြီး(၅)ရပ်မှာ-

(၁) ရှဟာဒသ် = အမှန်တရားအတွက်သက်သေထွက်ဆိုခြင်း

(၂) ဆွလာသ် = အနှိုင်းမဲ့ကိုယ်ကွယ်ရာထံသတ်မှတ်ပုံစံများဖြင့် ချည်းကပ်၍ ဉာဏ်ကို      စေစားကာ တနေ့လျှင် ၅ကြိမ် ဝတ်ပြုတည်ဆောက်ခြင်း

(၃) ဇကားသ် = တရားဝင်စီးပွားရှာ၍ ရလာသော ဝင်ငွေများအနက် တနှစ်တာကာလ ကြာအောင် စုဆောင်းပိုလျှံငွေရှိပါက ၂.၅%ကို ဆင်းရဲသားနှင့်ပစ္စည်းမဲ့များ အပါအဝင် သတ်မှတ်လူတန်းစား ၈ မျိုးသို့ ပေးလှူထောက်ပံ့ခြင်း

(၄) ဆွီယာမ် = နှစ်စဉ်ကုရ်အာန်ကျမ်းစာ စတင်ကျရောက်ခဲ့သော ရမ်ဇန်လမြတ်တလ လုံးဉပုသ်ဆောက်တည်ခြင်း

(၅) ဟဂျ်    = တတ်စွမ်းနိုင်သူများအတွက် တစ်ပါးတည်းသော အနှိုင်းမဲ့ ကိုးကွယ်ရာ          ( One God ) တခုတည်းသော သစ္စာတရား ( One Message or One Religion) နှင့် တမျိုးတည်းသော လူသားမျိုးနွယ် ( One Humanity or One Family ) ကို ဖော်ညွှန်း တည်ဆောက်ခဲ့သော  ကမ္ဘာဉီးကျောင်းတော် ( ကာဗဟ်) သို့ သွားရောက်၍ ဟဂျ်ကျင့်စဉ် ပြုခြင်း

            အထက်ပါ မဏ္ဍိုင် (၅)ရပ်မှာ မွတ်လင်မ်တိုင်းအတွက် မပြုမနေရတာဝန်ဖြစ်ပြီး လူတစ်ဉီးခြင်းအတွက်ဖြစ်စေ လူအဖွဲ့အစည်းအတွက်ဖြစ်စေ ကိုယ်ကျင့်တရား တရား မျှတမှု လူမှု့စီးပွားရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် မရှိမဖြစ်လိုအပ်ချက်များ ဖြစ်ကြ ပါသည်။

             လူတစ်ဉီးနေ့စဉ် ( အာရုံဉီး မွန်းလွှဲ ညနေ နေဝင်ပြီးချိန်နှင့် ညဉီးယံ) ၅ကြိမ်  ကိုယ် နှုတ် စိတ်နှလုံး သုံးပါးလုံးဖြင့် ဝတ်ပြုတည်ဆောက်ခြင်းဖြင့် ဉာဏ်စင် မြင့်မား လာပြီး အကုသိုလ်တရားများမှရှောင်ရှားနိုင်စွမ်း ရှိလာနိုင်ပါသည်။ နှစ်စဉ် ဆင်းရဲသား များနှင့် ပစ္စည်းမဲ့များအား ပံ့ပိုးထောက်ပံ့ခြင်းဖြင့် ပေးလှူသူ၏ နဖ်စ်ဝိညည် ကိုယ်ရည် ကိုယ်သွေး သန့်စင်ဖွံဖြိုးကာ သူ၏ဉစ္စာနေပိုင်ဆိုင်မှုများလည်း သန့်စင်ဖွံဖြိုး လာမည် ဖြစ်သည်။ မွတ်စလင်မ်တိုင်းသည် ကမ္ဘာ၏ မည်သည့်နေရာ၌ရှိစေကာမူ နေ့စဉ် (၅) ကြိမ် ဝတ်ပြုရာတွင်  One God , One Message ,  One Humanity (ဝါ) ငြိမ်းချမ်းရေး သက်ေတ ကမ္ဘာဉီးကျောင်းတော်ဘက်သို့ မျက်နှာမူ၍ ဝတ်ပြုရသည် ။ တတ်စွမ်းနိုင် သူတွေအဖို့ တစ်သက်တွင် တကြိမ် ဟဂျ်ကျင့်စဉ်၌လည်း လူဖြူ လူမည်း ဖိုမ ယဉ်ကျေးမှု မခွဲခြားပဲ ကမ္ဘာဉီးကျောင်းတော်သို့ သွားရောက်သက်သေခံကြရသည်။



ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ