အသားအီးဒ် နှင့် အစ္စလာမ်သာသနာ

အသားအီးဒ် နှင့် အစ္စလာမ်သာသနာ

အစ္စလာမ်သာသနာတွင် အီးဒ် ၂ အီးဒ် ရှိသည်ဟု မြန်မာနိုင်ငံရှိလူများသိကြပါသည်။ ရမသွာန်ဥပုသ်လပြီးဆုံးသည့်နောက်တွင်ကျရောက်သည့် အီးဒ်ကို မုန့်အီးဒ်၊ မုန့်အီးဒ်ပြီး နောက် ၂ လလောက်နေပြီးကျရောက်သည့် အီးဒ်ကိုတော့ အသားအီးဒ်ဟု သိကြပါသည်။ အသားအီးဒ်နဲ့ ပက်သက်ပြီး မြန်မာနိုင်ငံမှာ အစ္စလာမ်မုန်းတီးသူများ၏ အမုန်းတရားဝါဒဖြန့်မှုများကြောင့် အစ္စလာမ့်သာသနာ၏ စွန့်လှူမှုအလှူတစ်ခုကို မျက်မုန်းကျိုး အမြင်မရှင်းဖြစ်နေသူ အနည်းငယ်ရှိနေပါသည်။

ထိုလူအနည်းငယ်အတွက် ဒီဆောင်းပါးလေးကတဆင့် အကြောင်းအရာတစ်ချို့ မျှဝေပေးလိုက်ပါတယ်။

အသားအီးဒ် ကုရ်ဗာနီဆိုသည်မှာ ချမ်းသာသောမွတ်စလင်မ်တွေက ဆင်းရဲသားအမြောက်အများ စားသောက်နိုင်သော သားကောင်များဖြစ်သည့် ဆိတ်၊သိုး၊ကျွဲ၊နွား စသည့်အကောင်များကို ဆင်းရဲသားများ စားသောက်နိုင်ရန်လှုဒါန်းသည့် ပွဲတော်ဖြစ်ပါသည်။ မွတ်စလင်မ်တိုင်း မပြုမနေ ပြုလုပ်ဖို့တာဝန်မရှိပါဘူး။ ချမ်းသာသောမွတ်စလင်မ်များဘဲ လှုဒါန်းဖို့တာဝန်ရှိပါတယ်။  ဒါက အတိုချုပ်ရှင်းပြတာပါ။ အစ္စလာမ်သာသနာတွင် ကျရောက်သော အသားအီးဒ်၏ နောက်ခံသမိုင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့် (B.C 2100 ၀န်းကျင်) ကပွင့်ပေါ်လာခဲ့သော တမန်တော် အီဗာရာဟီးမ် (အ) က ဘုရားသခင်အတွက် သူ့သားကလေး၏ အသက်ပါစွန့်လွှတ်ရဲခဲ့သည့် သတ္တိနှင့် ယုံကြည်ခြင်းအား လေစားတန်ဖိုးထားသောကြောင့် ကျင်းပသည့် ပွဲတော်တစ်ခု ဖြစ်ပါသည်။

 

 

အသားအီးဒ် ဟုလူသိများသော အီးဒ်အလ်အဒ်ဟာ (ခေါ်) ကုရ်ဗာနီအီးဒ်နေ့ သမိုင်း

ဘေဘီလုံခေတ်(B.C 2100၀န်းကျင် -  လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့်လောက်) တွင် တမန်တော်ကြီးအီဗ်ရာဟီးမ်သည် ၎င်း၏ အိပ်မက်တွင်း၌ သူ၏သားတော်လေး တမန်တော်အီစ်မာအီးလ်(အ)ကို စွန့်လှူလှီးဖြတ်နေသည်ဟု မက်မြင်သည်။ ထိုအကြောင်းကို သူ၏သားတော်အား ပြောပြရာ တမန်တော်အီစ်မာအီလ်(အ) ကလည်း ဖန်ဆင်းရှင် (အလ္လာဟ်ရှင်မြတ်)၏ ပို့ချသည့် အမိန့်တော်ဖြစ်၍ ၎င်းအတိုင်းသာဆောင်ရွက်ပါရန်ဟု ၎င်းအား လှီးဖြတ်ရန် သဘောတူခဲ့သည်။ ထို့ကြောင့် ဖခင်ကြီး တမန်တော်အီဗ်ရာဟီးမ်က သူ၏ သားတော်လေး တမန်တော်အီစ်မာအီးလ်ကို မှောက်လျက်လှဲချခဲ့သည်။ ထို့အချိန်တွင် အလ္လာဟ်အရှင်မြတ်က တမန်တော်ကြီး အီဗ်ရာဟီးမ်နှင့် သူ၏ သားတော်လေး တမန်တော်အီစ်မာအီးလ် နှစ်ဦးစလုံးအား အရှင်မြတ်၏အမိန့်နာခံကာ ကုရ်ဗာနီ (စွန့်လှူခြင်း)ကို အသိအမှတ်ပြု၍ ထိုသားကလေး၏ နေရာတွင် သားကောင်ငယ်တစ်ကောင် အစားထိုးပြီး သားအဖနှစ်ဦး ကို ကယ်တယ်တော်မူခဲ့သည်ဟု မွတ်စလင်မ်တွေယုံကြည်ကြပါသည်။  ထို့နောက် အလ္လာဟ်အရှင်မြတ်က တမန်တော်အီဗ်ရာဟီမ်၏ ထိုယုံကြည်မှုပြင်းထန်၍ဘုရားသခင်အတွက်စွန့်လှုမှုကို နောင်လာနောက်သားတို့ အမှတ်ရနေခြင်းကို ရှိစေတော်မူခဲ့သည်။ (ကြည့် - ကုရ်အာန် ၃၇:၁၀၂-၁၁၂)

 

ဒီအဖြစ်အပျက်မှ အရေးကြီးမှတ်သားစရာများမှာ -

 

(၁) သားတော်အီစ်မာအီးလ်(အ) နေရာတွင် ဖန်ဆင်းရှင် (အလ္လာဟ်ရှင်မြတ်က) သားကောင် တစ်ကောင်ဖြင့် အစားထိုးပေးခဲ့ပြီး တမန်တော်အီဗ်ရာဟီးမ်(အ) နှင့် သူ၏ သားငယ် တမန်တော်အီစ်မာအီးလ်(အ) တို့၏ ယုံကြည်ခြင်းနှင့် စွန့်လှုခြင်း ကို အသိအမှတ်ပြုခြင်း။

 

(၂) ရှေးဟောင်းယဉ်ကျေးမှုများ၌ရှိနေသော လူကိုယစ်ပူဇော်သည့် စနစ်ဆိုးနှင့် သားကောင်ကို ယဇ်ပူဇော်သည့် စနစ်းဆိုးအား ပယ်ဖျက်၍ ချမ်းသာပြီး လှုဒါန်းနိုင်သည့် လူများမှ မရှိဆင်းရဲသားများ အား စားသောက်ဖွယ်ရာ လှုဒါန်းသည့် အစီအစဉ်ဖြင့် ဘုရားသခင်က အစားထိုးပေးခြင်း။

 

(၃) ကုရ်ဗာနီသည် နွားများကိုဘဲ သတ်ဖြတ်၍လှုဒါန်းသည်မဟုတ်ဘဲ တစ်‌ခြား လူအများ စားသောက်နိုင်သည့် သတ္တဝါများကိုပါ လှုဒါန်းနိုင်ခြင်း။ (ဥပမာ - ဆိတ်၊ သိုး၊လား) - အာရဗ်နိုင်ငံများတွင် လား များကိုသာလှုဒါန်းခြင်း။

 

(၄) ကျမ်းတော်မြတ်ကုရ်အာန်ထဲတွင် ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်က ကုရ်ဗာနီ စွန့်လှုခြင်းနှင့်ပက်သက်၍ အောက်ပါအတိုင်းရှင်းလင်းစွာမိန့်ထားပါသည်။

“အလ္လာဟ်အရှင်မြတ်ထံတော်သို့ ထိုသားကောင်များ၏ အသားများနှင့်သွေးများသည် လုံးဝရောက်သည် မဟုတ်ပေ။ သို့ရာတွင် အသင်တို့၏ ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်မှု စေတနာသာ အရှင်မြတ်ထံတော်သို့ ရောက်သည်။” ကုရ်အာန် (၂၂:၃၇)

အထက်ပါ အချက်များအရ ကုရ်ဗာနီ (အသားအီးဒ်) နှင့်ပက်သက်ပြီး အမြင်ရှင်းသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မေးခွန်းများ ထပ်မံမေးလိုပါက Page chatbox က မေးမြန်းနိုင်ပါတယ်။

 

အစ္စလာမ် သာသနာဝင်များ ဘာကြောင့် အသားစားလဲ သိချင်ရင် အောက်ပါလင့်က လေ့လာနိုင်ပါတယ်။

ဟလာလ်အစားအစာသည် ကိုယ်ကျင့်တရား ဖွံ့ဖြိုးရေးနှင့် အစားအစာဘေးဥပဒ်ကင်းရေးကို အကျိုးပြုပုံ
ရေးသားသူ -
 အလ်ဟာဂျ် ဒေါက်တာ မြင့်သိန်း (ငြိမ်းချမ်းလူလင်)

Media Fire မှ ဒေါင်းလုပ်လုပ်ရန် --> https://bit.ly/3uQPsrh
Google Drive မှ ဒေါင်းလုပ်လုပ်ရန် -->
https://bit.ly/3u9A4Yh

 

 

 

 

 

 

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ