ဝတ်ပြုမှု - ဆွလာသ် ဆိုသည်မှာ...

ဝတ်ပြုမှု - ဆွလာသ် ဆိုသည်မှာ...
မွတ်စ်လင်မ်တစ်ဦးအနေနဲ့ တစ်နေ့ကို ငါးကြိမ် ဝတ်ပြုရပါတယ်။
ဝတ်ပြုမှုကို အရဗီဘာသာစကားနှင့် "ဆွလာသ်" လို့ ခေါ်ပါတယ်။
"ဆက်သွယ်ခြင်း" လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပါတယ်။
မိတ်ဆွေက တစ်စုံတစ်ယောက်ကို ချစ်ခင်တယ်ဆိုရင် ထိုသူနဲ့ အမြဲ အဆက်အသွယ်လုပ်နေချင်တယ် မဟုတ်လား?
အလားတူပဲ၊ အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ချစ်ခင်တာကြောင့် တနေ့မှာတစ်ကြိမ်တည်း၊ တစ်ပတ်မှာ တစ်ကြိမ်တည်းမဟုတ်ဘဲ တနေ့ကို ငါးကြိမ် အရှင်မြတ်နဲ့ ဆက်သွယ်ဖို့ အလိုရှိတော်မူပါတယ်။
ဒီလောကရဲ့ အရေးကိစ္စတွေက ကျွန်တော်တို့ရဲ့ စိတ်ကို ပင်ပန်းစေပြီး ယိမ်းယိုင်စေပါတယ်။
ဒါပေမယ့် အရှင်မြတ်နှင့် ဆက်သွယ်မှုရှိနေတဲ့အခါ စိတ်တည်ငြိမ်အေးချမ်းမှု ရရှိပြီး လောကရဲ့ အရေးကိစ္စတွေမှာလည်း အဆင်ပြေချောမွေ့နေမှာဖြစ်ပါတယ်။
 

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ