အစ္စလာမ်ရဲ့ နှုတ်ခွန်းဆက်စကား

 အစ္စလာမ်ရဲ့ နှုတ်ခွန်းဆက်စကား
"အက်စ်စလားမု အလိုင်းယ်ကွန်မ်"
သင့်အပေါ်ငြိမ်းချမ်းမှု အဖြာဖြာ သက်ရောက်ပါစေ ဆိုတာက အစ္စလာမ်သာသနာရဲ့ နှုတ်ခွန်းဆက်စကား ဖြစ်ပါတယ်။
တမန်တော်တွေအားလုံးရဲ့ နှုတ်ခွန်းဆက်စကားလည်း ဖြစ်ပါတယ်။ မွတ်စ်လင်မ်တစ်ယောက်အနေနဲ့ တစ်စုံတစ်ယောက်ကို ဒီလိုနှုတ်ဆက်လိုက်ခြင်းဟာ တကယ်ပဲ ထိုသူကို အလ္လာဟ်အရှင်မြတ်ထံမှ ငြိမ်းချမ်းမှုပေးသနားတော်မူရန် ဆုတောင်းပေးလိုက်တာဖြစ်ပါတယ်။ ထိုသူရဲ့ဘဝသက်တမ်းမှာ၊ ထိုသူရဲ့အိမ်မှာ၊ မိသားစုအတွင်းမှာ၊ ထိုသူရဲ့ စိတ်ထဲမှာ၊ ထိုသူရဲ့ ခန္ဓာကိုယ်မှာ ငြိမ်းချမ်းမှု သက်ရောက်စေဖို့ ဆုတောင်းပေးလိုက်တာ ဖြစ်ပါတယ်။ စလာမ်နှုတ်ခွန်းဆက်ခြင်းဖြင့် "ကျွန်ုပ်ဟာ သင်နှင့် ငြိမ်းချမ်းစွာ ဆက်ဆံမည်၊ အန္တရာယ်ပြုမည့်သူမဟုတ်ပါ" လို့လည်း အဓိပ္ပာယ် သက်ရောက်ပါတယ်။ အစ္စလာမ်ဟာ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်ဂရုစိုက်၊ မေတ္တာထားတဲ့ လှပတဲ့ သာသနာဖြစ်ပါတယ်။ 


ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ