အစ္စလာမ် သာသနာတွင် ဟလာလ်နှင့်ဟရာမ်(ပြုပိုင်နှင့်မပြုပိုင်)ဆိုသည်မှာ အဘယ်ကို ဆိုသည်အား သင်သိပါသလား...။

အစ္စလာမ် သာသနာတွင် ဟလာလ်နှင့်ဟရာမ်(ပြုပိုင်နှင့်မပြုပိုင်)ဆိုသည်မှာ အဘယ်ကို ဆိုသည်အား သင်သိပါသလား...။
 
အစားအစာအပါအဝင် လူ့ဘဝရေးရာတွေနဲ့ ပတ်သက်လို အစ္စလာမ့် တရား ဥပဒေမှာ ဟလာလ်(Halal)နှင့် ဟရာမ်(Haram) ဆိုတဲ့ ဝေါဟာရနှစ်ခုဟာ အလွန် အရေးပါပါတယ်။
 
ဟလာလ် ဆိုတာက အရဗီဘာသာစာပေအရ ဘုရားသခင် ချမှတ်ထားတဲ့ တရားဥပဒေနှင့် ညီခြင်း(lawful)နှင့်ပြုပိုင်ခြင်း(permitted)စတဲ့ အဓိပ္ပါယ် တွေ ရပါတယ်။ အစ္စလာမ့် တရားဥပဒေ(ရှရီအဟ်)အရ မွတ်စ်လင်မ်တွေ လုပ်ပိုင်ခွင့်ရှိတဲ့ အရာနဲ့ လုပ်ရပ်တွေကိုခေါ်ခြင်းဖြစ်တယ်။

ဟရာမ် ဆိုတာကတော့ အရဗီဘာသာစာပေအရ ဟလာလ်ရဲ့ဆန့်ကျင်ဘက်ကို ခေါ်တယ်။ ဆိုလိုတာက ဘုရားသခင် ချမှတ်ထားတဲ့ တရားဥပဒေနှင့် ကိုက်ညီမှုမရှိခြင်း(unlawful)နှင့် မပြုပိုင်(prohibited)လို အဓိပ္ပါယ်ရပါတယ်။ အစ္စလာမ့်တရားဥပဒေအရ မွတ်စ်လင်မ်တွေ လုပ်ပိုင်ခွင့်မရှိတဲ့ အရာနှင့် လုပ်ရပ်များကို ခေါ်တာဖြစ်တယ်။

- ဆရာဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်) ၏ ဟလာလ် အစားအစာသည် ကိုယ်ကျင့်တရား ဖွံဖြိုးရေးနှင့် အစားအစာ ဘေးဥပဒ်ကင်းရေးကို အကျိုးပြုပုံ စာအုပ်မှ ကောက်နုတ်တင်ပြသည်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ