မွတ်စလင်မ်တွေဟာ အခြေခံဝါဒီများနဲ့ အကြမ်းဖက်ဝါဒီတွေပဲလား?

မေး - မွတ်စလင်မ်အများစုကြီးက ဘာကြောင့် အခြေခံဝါဒီတွေနဲ့ အကြမ်းဖက်ဝါဒီတွေ ဖြစ်နေကြရတာပါလဲ?

 

ဖြေ - ဘာသာရေးဆွေးနွေးကြရာမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကမ္ဘာ့အရေး ဆွေးနွေးဝိုင်းမှာပဲ ဖြစ်ဖြစ် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း မွတ်စလင်မ်တွေကို မကြာခဏ ဆိုသလို ဒီမေးခွန်းကိုပဲ သံကုန်ဟစ်ဆိုလာကြတယ်။ အစ္စလာမ်ရယ် မွတ်စလင်မ်တွေနဲ့ ပတ်သက်လာရင် သတင်းမှား သက်သက်ကိုသာ သဲသဲမဲမဲ ဖော်ပြနေခဲ့ကြတဲ့ မီဒီယာ ပုံစံတိုင်း လိုပဲ မွတ်စလင်မ်တွေကိုဆို ပုံသေရိုက်သွင်း ဖော်ပြနေကြပါတယ်။ တကယ်ဆိုရင် ဒီလိုသတင်းအချက် အလက် အမှားတွေနဲ့ အမှားဝါဒ ဖြန့်ချက်တွေကြောင့် မကြာခဏဆိုသလိုပဲ မွတ်စလင်မ်တွေ အပေါ် ခွဲခြားဆက်ဆံတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဉီးတည်ပေါ်ပေါက်စေတာဖြစ်ပါတယ်။ အိုကလာဟိုးမား ဗုံးပေါက်ကွဲမှု နောက်ပိုင်းမှဦ အမေရိကန် မီဒီယာတွေမှာ မွတ်စလင်မ် ဆန့်ကျင်ရေးကို သတင်းစာတွေထဲကနေပြီး ခပ်သွက်သွက် ကလေး နှက်လိုက်ပုံကဒီတိုက်ခိုက်မှု နောက်ကွယ်မှာ အရှေ့အလယ်ပိုင်းရဲ့ လျှို့ဝှက်ကြံစည်မှုကြီး ရှိနေဆိုတဲ့ ရေးသားချက်လိုမျိုးပေါ့။ နောက်ပိုင်းကျမှ လက်သည်တရားခံက အမေရိကန်စစ်သားတစ်ဉီးဆိုတာ ဖော်ထုတ်နိုင်ခဲ့ကြတယ်။

 

၁။ အခြေခံဝါဒီ၏ အဓိပ္ပာယ်

          အခြေခံဝါဒီဆိုတာဟာ မိမိ လိုက်နာနေတဲ့ သီအိုရီ သို့မဟုတ် အယူဝါဒတစ်ခုကို အခြေခံကျကျ လိုက်နာသွားသူကို ခေါ်တာပါ။ လူတစ်ဉီးဟာ ဆရာဝန်ကောင်းတစ်ဉီးဖြစ်ဖို့ အတွက် သူ့အနေနဲ့ အယူဝါဒတစ်ခုကို အခြေခံကျကျ လိုက်နာသွားသူကို ခေါ်တာပါ။ လူတစ်ဉီးဟာ ဆရာဝန်ကောင်းတစ်ဉီးဖြစ်ဖို့အတွက် သူ့အနေနဲ့ ဆေးပညာရဲ့ အခြေခံတွေကို သိရမယ်။ လိုက်နာရမယ်။ လက်တွေ့ကျင့်သုံးရပါမယ်။ လူတစ်ဉီးဟာ သင်္ချာပညာကျော်ကြီးတစ်ဉီး ဖြစ်ချင်ရင်လည်း သူ့အနေနဲ့ သင်္ချာပညာရပ်ရဲ့ အခြေခံတွေကို သိရမယ်။ လိုက်နာရမယ်။ လက်တွေ့ ကျင့်သုံးသွားရမယ်။ သူဟာ သင်္ချာပညာအရာမှာ အခြေခံဝါဒီတစ်ဉီး ဖြစ်သင့်ပါတယ်။ ဒီလိုပဲ လူတစ်ဉီးက သိပ္ပံပညာရှင်ကောင်းတစ်ဉီး ဖြစ်ချင်ရင် သိပ္ပံပညာရပ်ရဲ့ အခြေခံများကို သိလည်းသိသင့်တယ်။ လိုက်လည်း လိုက်နာသင့်တယ်။ လက်တွေ့လည်း ကျင့်ဆောင်သွားရပါမယ်။ သိပ္ပံပညာနယ်ပယ်မှာ သူဟာ အခြေခံဝါဒီတစ်ဉီးဖြစ်သင့်တယ်။

 

၂။ အားလုံးသော အခြေခံဝါဒီတွေဟာ မတူညီကြပါဘူး

          အားလုံးသော အခြေခံဝါဒီများကို ဝါးလုံးရှည်နဲ့ သိမ်းကြုံးပြီးတော့ မရမ်းသင့်ပါဘူး။ အခြေခံဝါဒီအားလုံးကို အကောင်းချည်းပဲလို့ရော ဒါမှမဟုတ်ရင်လည်း အဆိုးကြီးပဲ ဆိုပြီးတော့ပါ အမျိုးအစား မခွဲနိုင်ပါဘူး။ အခြေခံဝါဒီတစ်ဉီးဉီးအပေါ် ဒီလိုမျိုး အမျိုးအစားခွဲဖို့က အခြေခံဝါဒီတစ်ဉီး အနေနဲ့ သူလှုပ်ရှားနယ်ပယ်နဲ့ သူ့လုပ်ရှုားမှုအပေါ်မှာပဲ မူတည်နေပါတယ်။ အခြေခံဝါဒီ ဓါးပြ သို့မဟုတ် သူခိုးတစ်ဉီးက လူ့အဖွဲ့အစည်းကို အန္တရာယ် သင့်စေနိုင်တယ်။ ဒါကြောင့် မလိုလားအပ်သူပဲ။ လူတစ်ဉီးဟာ အခြေခံဝါဒီဆရာဝန်တစ်ဉီး ဖြစ်နေရင်တော့ သူက လူ့အသိုင်းအဝိုင်းကို အကျိုးပြုသူပဲ။ လေးစားဂုဏ်ပေးမှု အထားခံရဆုံးသူပဲ။

 

၃။ အခြေခံဝါဒီ မွတ်စလင်မ်တစ်ဉီး ဖြစ်ရတာကို ကျွန်တော် ဂုဏ်ယူပါတယ်

အလ္လာဟ်ရဲ့ ကျေးဇူးတော်ကြောင့် ကျွန်တော်က အခြေခံဝါဒီမွတ်စလင်မ်တစ်ဉီးပဲ။ အစ္စလာမ်ရဲ့ အခြေခံတွေကို သိလည်းသိ၊ လိုက်လည်းလိုက်နာပြီး လက်တွေ့လည်း ကျင့်သုံးနေသူပါ။ ကျွန်တော့်ကိုယ် ကျွန်တော် အခြေခံဝါဒီ မွတ်စလင်မ်တစ်ဉီး ဖြစ်ရတာကိုလည်း ဂုဏ်ယူပါတယ်။ ဘာကြောင့်လဲဆိုတော့ အစ္စလာမ်ရဲ့ အခြေခံဝါဒီတွေက လူသားထုကြီးနဲ့ ကမ္ဘာကြီးကို အကျိုးပြုနေလို့ပဲလေ။ ခြုံငုံဆိုရရင် လူသားထုကြီးတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တဲ့ ဒါမှမဟုတ် အန္တရာယ်သင့်စေတဲ့အချက်ကို အစ္စလာမ်ရဲ့ ဘယ်အခြေခံတစ်ခုမှာမှ မတွေ့ကြရလို့ပါပဲ။ လူအတော်များများကပဲ အစ္စလာမ်နဲ့ပတ်သက်လို့ အထင်အမြင်လွဲမှားမှုတွေ ဝိုင်းခြာပတ်နေပြီး အစ္စလာမ်ရဲ့ သွန်သင်ချက် တော်တော်များများကပဲ မလျှော်မကန်ဖြစ်နေတယ်။ သမာသမတ်မကျဘူးဆိုပြီး သတ်မှတ်နေခဲ့ကြတယ်။ တကယ်လို့သာ လူတစ်ဉီးအနေနဲ့ အစ္စလာမ်ရဲ့ သွန်သင်ချက်တွေကို ပွင့်လင်းတဲ့ စိတ်ထားနဲ့ အချက်ကျကျ ပိုင်းခြားဆန်းစစ်ကြည့်သွားမယ်ဆိုရင် အစ္စလာမ်က လူတစ်ဉီးချင်းကိုရော လူ့အသိုင်းအဝိုင်းကြီးကိုပါ အပြည့်အဝကြီး အကျိုးပြုနေတယ်ဆိုတဲ့ အချက်ကနေပြီး လွတ်ထွက်သွားစရာ မရှိပါဘူး။

 

၄။ Fundamentalist ရဲ့ အဘိဓာန်လာ အဓိပ္ပာယ်

          ဝက်ဗ်စတား (Webster) အဘိဓာန်အရ (Fundamentalist) အခြေခံဝါဒဆိုတာဟာ ၂၀ ရာစုနှစ်ရဲ့ အစောပိုင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ အမေရိကန် ပရိုတက်စတင့်ဝါဒရဲ့ လှုပ်ရှားမှုကြီးတစ်ခုလို့ ဆိုထားပါတယ်။ ဒီဝါဒက ခေတ်သစ်ဝါဒကို တုံ့ပြန်တယ်။ သမ္မာကျမ်းစာဟာ ယုံကြည်ချက်ရေးရာမှာရော ကိုယ်ကျင့်တရားပိုင်းမှာ သာမက လုံးစေ့ပါစေ့ သမိုင်းမှတ်တမ်းပြုအရမှာပါ လုံးဝအမှားကင်းတယ်ရယ်လို့ ဒီဝါဒီတွေက အလေးကဲ ပြောဆိုခဲ့ကြတယ်။ သမ္မာကျမ်းစာကို ထာဝရ ဘုရားရှင်ရဲ့ ဗျာဒိတ်တော်လာ စကားစစ်စစ် အဖြစ် ယုံကြည်ရမယ်ဆိုပြီး အလေးအနက် ဆိုခဲ့ကြတယ်။ ဒီလိုနဲ့ အခြေခံဝါဒ (Fundamentalism) ဆိုတဲ့ အသုံးအနှုန်းဟာ အစတုန်းက သမ္မာကျမ်းစာဟာ ဘာအမှားအယွင်း တစ်စုံတစ်ရာမှ မပါရှိတဲ့ ကျမ်းဆိုပြီး ယုံကြည်ခဲ့ကြတဲ့ ခရစ်ယာန်ဘာသာဝင် အုပ်စုတစ်စုအတွက် ရည်စူးပြီး သုံးစွဲခဲ့တဲ့ အခေါ်အဝေါ်သာ ဖြစ်ပါတယ်။

          အောက်စဖို့ဒ် အဘိဓာန်အရ အခြေခံဝါဒ (Fundamentalism) ဆိုတာဟာ ဘာသာတရားတစ်ခုခု အထူးသဖြင့် အစ္စလာမ်ရဲ့ ရှေးကျတဲ့ ဒါမှမဟုတ်အခြေခံကျတဲ့ အယူဝါဒများကို တင်းတင်းကြပ်ကြပ် စောင့်ထိန်းလိုက်နာသွားတဲ့သူတွေကို ဆိုလိုတာပါ။

 

၅။ အစ္စလာမ်သည် ငြိမ်းချမ်းရေးကို ဆိုလိုသည်

          အစ္စလာမ်က ငြိမ်းချမ်းရေးလို့ အဓိပ္ပာယ်ရတဲ့ ဆလာမ်ဆိုတဲ့ ဝေါဟာရက ဆင်းသက်လာတာပါ။ ငြိမ်းချမ်းရေးဘာသာတရားတစ်ခုဖြစ်ပြီး ဒီဘာသာဝင်တွေကို ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားဖို့နဲ့ တိုးမြင့်သွားဖို့အတွက် သွန်သင်ထားပါတယ်။ ဒါကြောင့် မွတ်စလင်မ်တိုင်း မွတ်စလင်မ်တိုင်းက အခြေခံဝါဒီတစ်ဉီး ဖြစ်သင့်တယ်။ ဆိုလိုတဲ့ သဘောက အစ္စလာမ်ဆိုတဲ့ ငြိမ်းချမ်းရေးဘာသာတရားရဲ့ အခြေခံတွေကို သူ့အနေနဲ့ လိုက်နာသွားသင့်တယ်။




ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ