အစ္စလာမ်မှ အရက်သေစာကို တားမြစ်ထားချက်

 မေး - အစ္စလာမ်က အရက်သေစာသောက်စားခြင်းကို ဘာကြောင့်ပိတ်ပင်ခဲ့ရသလဲ?

ဖြေ - အရက်သေစာဟာ မမှတ်မိလောက်တဲ့ အချိန်ကာလကြီးကတည်းက လူ့အဖွဲ့အစည်းရဲ့ ဘေးအန္တရာယ်ဆိုးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ မရေတွက်နိုင်အောင် လူ့အသက်တွေလည်း ဆုံးရှုံးရ၊ ကမ္ဘာတလွှားမှာ လူသန်းပေါင်းများစွာကို ကြောက်မက်ဖွယ် ဘေးဒုက္ခစုံကိုလည်း ကြုံစေခဲ့ရပါတယ်။ အရက်သေစာဟာ လူ့အဖွဲ့အစည်းက ရင်ဆိုင်နေရတဲ့ ပြဿနာ အမြောက်အများရဲ့ ရင်းမြစ် အကြောင်းရပ်ပဲ ဖြစ်ပါတယ်။ စာရင်းဇယားအရ ရာဇဝတ်မှုနှုန်းတွေ တိုးတက်လာတယ်။ စိတ်ဝေဒနာခံစားရမှုတွေ တစ်ဆထက် တစ်ဆ များပြားလာတယ်။ အရက်ရဲ့ အဖျက်စွမ်းအားကြောင့် ကမ္ဘာ့တလွှားမှာ အိမ်ထောင်တွေလည်း သန်းချီပြီး ပျက်ပြားခဲ့ကြရတယ်။

 

၁။ ကုရ်အာန်မှာ အရက်သေစာကို ပိတ်ပင်ထားချက်

          ကျမ်းမြတ်ကုရ်အာန်မှာ အရက်သေစာ မှီဝဲမှုကို အောက်ပါ ပါဒတော်အရ ပိတ်ပင်ထားပါတယ်။

အို..ယုံကြည်သူတို့၊ မူးယစ်သေစာ၊ လောင်းကစား၊ ရုပ်ပွားဆင်းတုများကို ကိုးပြီး ရည်စူးခြင်း၊ မြှားဖြင့် ကံစမ်းမှုတို့အား စက်ဆုတ်ဖွယ်ရာ တစ်ရပ်သာဖြစ်၏။ ရှိုင်သွာန်၏ အပြုအမူပင် ဖြစ်၏။ ယင်းသို့သော စက်ဆုပ်စရာတို့ကို ရှောင်ကျဉ်ကြကုန်။ သို့မှသာ အသင်တို့ အောင်မြင်ကြချေအုံး။” (ကုရ်အာန် - ၅း၉၀)

 

၂။ အရက်သေစာက ဟန့်တားပိတ်ပင်မှု ပြုပေးတဲ့ဌာနကို အဟန့်အနားပြုပါတယ်။

          လူသားတွေဟာ သူတို့ရဲ့ ဉီးနှောက်ထဲမှာ ဟန့်တားပိတ်ပင်တဲ့ ဗိမာန် (inhibitory centre) ဆိုတာကို ပိုင်ဆိုင်ထားပါတယ်။ ဒီစင်တာက လူသားကို သူကမှားတယ်လို့ သတ်မှတ်ထားတဲ့အရကို ပြုလုပ်ခြင်းဘေးမှ ဟန့်တား ကာကွယ်ပေးထားပါတယ်။ ဉပမာပြောရရင် လူဟာ သူ့ရဲ့ မိဘကိုဖြစ်စေ ဒါမှမဟုတ် အကြီးအကဲများကိုဖြစ်စေ စကားပြောဆိုရာမှာ ပုံမှန်အားဖြင့်ဆိုရင် ဖရုဿဝါစာ စကားကို အသုံးပြုမှာ မဟုတ်ပါဘူး။ အရက်မူးသွားပြီဆိုရင်တော့ မိဘများကို စကားပြောရမှာ ရိုင်းရိုင်းပျပျ စော်စော်ကားကား ပြောတတ်တာကို တွေ့ကြရပါမယ်။ မူးရူးနေတာကြောင့် မိဘအပေါ် မှားမှားယွင်းယွင်းပြုမိတာကိုလည်း သူ့မှာ သတိမရှိပါဘူး။ အမူးသမား အတော်များများဟာ ကိုယ့်အဝတ်အစားထဲမှာပါ ကျင်ငယ် စွန့်ပစ်တတ်ကြပါတယ်။ စကားကိုလည်း ပေါက်တတ်ကရ ပြောတတ်သလို မဖွယ်မရာကိုပါ ပြုမူတတ်ကြပါတယ်။

 

၃။ အရက်စွဲနေသူတိုင်းဟာ အစ ကနဉီးမှာတုန်းက လူမှုရေးအရ သောက်သူပါပဲ။

          လူအတော်များများကပဲ အရက်ကို သိက္ခာဆယ်တဲ့အနေနဲ့ သူတို့ကိုယ်သူတို့ လူမှုရေးအရ သောက်သူဆိုပြီး ခေါ်နေကြပါတယ်။ သူတို့က တစ်ပတ် နှစ်ပတ်လောက်သာ သောက်တာပါ။ ကိုယ့်ကိုယ်ကို ထိန်းနိုင်ပါတယ်။ ဒါကြောင့် ဘယ်တော့မှ မမူးဘူးရယ်လို့ ဆိုတတ်ကြပါတယ်။ စူးစမ်းလေ့လာ ဆန်းစစ်ချက်များအရ အရက်စွဲနေသူတိုင်းဟာ အစက လူမှုရေးအရသောက်တာက စစွဲသွားတာရယ်လို့ သိခဲ့ရပါတယ်။ ဘယ်အရက်သမား ဘယ်အရက်စွဲနေသူကမှ စသောက်ကတည်းက ငါတော့ အရက်သမားကြီးဖြစ်အောင် သောက်သွားမယ်လို့ ရည်ရွယ်ပြီးမှ သောက်ကြတာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘယ်လူမှုရေးအရ သောက်သူပဲဖြစ်ပါစေ၊ ငါအရက်သောက်ခဲ့တာကြာလှပြီ၊ ငါ့ဘဝမှာ ငါ့ကိုယ်ငါ ကောင်းကောင်းကြီး ထိန်းနိုင်လို့ လူမှန်းသူမှန်ူမသိ မူးသွားတဲ့အချိန်ဆိုတာ နည်းနည်းလေးမှ မရှိပါဘူးဆိုပြီး ရဲရဲကြီး မပြောနိုင်ကြပါဘူး ခင်ဗျာ။

 

၄။ လူတစ်ဉီးဟာ တစ်ခေါက်ပဲ အမူးလွန်သွားပြီဆိုတာနဲ့ ရှက်ဖွယ်လိလိကိစ္စကို ကျူးလွန်မိတတ်တာကြောင့် သူ့ဘဝတစ်သက်တာ အမည်းစက်ထင်ပြီး ကျန်သွားခဲ့ရတာပါပဲ။

          လူမှုရေးအရ သောက်သူပဲဖြစ်ဖြစ် သူ့ကိုယ်သူ တစ်ကြိမ် မထိန်းနိုင် မသိမ်းနိုင် လွတ်သွားပြီ ဆိုပါစို့။ အမူးလွန်သွားချိန်မှာ သူ့အနေနဲ့ မုဒိမ်းမှု ဒါမှမဟုတ် သွေးရင်းချင်း စပ်ယှက်မှုကို ကျူးလွန်တတ်ပါတယ်။ နောက်ပိုင်းကျမှ သူ့အမှားအတွက် နောင်တရမိသွားပြီဆိုရင် ပုံမှန်လူတစ်ဉီးအနေနဲ့ ဒီအမှားက သူ့ဘဝတစ်သက် တသသ ဖြစ် ကျန်ခဲ့ရတော့တာပါပဲ။ ကျူးလွန်သူရော စော်ကားခံရသူရော ပြန်ပြင်လို့ မရတော့သလို နဂိုအတိုင်း ပြန်မဖြစ်နိုင်တဲ့ ထိခိုက် ဆုံးရှုံးမှုကြီးကို ဖြစ်ပျက်လိုက်ရတာပါပဲ။

 

၅။ အရက်သေစာကို ဟဒီးဆ်ဩဝါဒတော်ထဲမှာလည်း ပိတ်ပင်တားမြစ်ထားပါတယ်။

          အစ္စလာမ်ရဲ့ တမန်တော်မြတ်ကြီး မုဟမ္မဒ် သခင် မိန့်ကြားထားတော်မူတာက ဒီလိုပါ။

(က) ဆူနန် အိဗနေ မာဂျာဟ်၊ အတွဲ ၃၊ မူးယစ်သေစာခန်း၊ အခန်း ၃၀၊ ဟဒီးဆ်အမှတ် ၃၃၇၁၊

() ဆူနန် အိဗနေ မာဂျာဟ်၊ အခန်း ၃၊ မူးယစ်သေစာခန်း၊ အခန်း ၃၀၊ ဟဒီးဆ်အမှတ် ၃၃၉၂။

          တစ်စုံတစ်ရာရာတွင် အရက်သေစာပမာဏ များသည်ဖြစ်စေ နည်းသည်ဖြစ်စေ တားမြစ်ပိတ်ပင်ထားသည်။

          ဒီအတွက်ကြောင့်ပဲ တစ်စက်ပဲဖြစ်ဖြစ် တစ်ပက်ပဲဖြစ်ဖြစ် သောက်ခွင့်မရှိပါဘူး။

          အရက်သေစာ သောက်သုံးသူများကို ကျိန်ဆဲထားရုံသာမက သူတို့တတွေနဲ့ တိုက်ရိုက်ပဲဖြစ်ဖြစ် သွယ်ဝိုက်၍ပဲဖြစ်ဖြစ် ထိတွေ့ပတ်သက်နေသူတွေကပါ အလ္လာဟ်ရဲ့ အမျက်တော် သင့်ကြမှာဖြစ်ပါတယ်။

          ဆူနန် အိဗနေ မာဂျာဟ် အတွဲ ၃၊ အရက်သေစာ အခန်း၊ အခန်း ၃၀၊ ဟဒီးဆ်အမှတ် ၃၃၈၀။

          အနပ်(စ်) သခင်က ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်က ဩဝါဒချွေတော်မူခဲ့သည်။

          “အရက်သေစာနှင့် ဆက်စပ်ပတ်သက်နေသော လူအုပ်စု ဆယ်စုအပေါ် အလ္လာဟ်၏ အမျက်တော် သင့်ချေအံ့။ ယင်းတို့ကား အရက်သေစာချက်သူ၊ အရက်သေစာကို ချက်လုပ်ရာမှာ ဝင်ကူညီသူ၊ အရက်သေစာ သောက်သုံးသူ၊ အရက်သေစာကို သယ်ဆောင်ဖြန့်ဖြူးပေးသူ၊ အရက်သေစာကို တစ်ဉီးဉီးသို့ ယူဆောင်ပေးသူ၊ အရက်သေစာကို တည်ခင်းပေးသူ၊ အရက်သေစာကို ရောင်းချသူ၊ အရက်သေစာ ရောင်းရငွေကို သုံးစွဲသူ၊ အရက်သေစာကို ဝယ်ယူသူ၊ တစ်ဉီးဉီးအတွက် ဝယ်ယူပေးသူတို့ပင် ဖြစ်သည်။

 

၆။ အရက်စွဲခြင်းသည် ရောဂါ (Alcoholism is a disease)

          ဆရာဝန်တွေ၊ သမားတော်တွေက အခုဆိုရင် အရက်သောက်သုံးမှုအပေါ် အစွဲကင်းကင်းနဲ့ မြင်လာကြပါပြီ။ ဒါကြောင့် အရက်သောက်သုံးခြင်းကို စွဲတယ်ဆိုတာထက် ရောဂါတစ်ခုဆိုပြီး ခေါ်ဆိုလာကြပြီ ဖြစ်ပါတယ်။

          အစ္စလာမ့်ရေးရာ သုတေသနဌာနက လက်ကမ်းကြော်ငြာတစ်ခု ထုတ်ထားရာမှာ..

          အရက်စွဲခြင်းဟာ ရောဂါတစ်ခုဆိုရင်တော့ ဒီရောဂါကသာ

-       ပုလင်းနဲ့ ထည့်ရောင်းနေတဲ့ရောဂါ

-       သတင်းစာ၊ မဂ္ဂဇင်းများနဲ့ ရေဒီယို ရုပ်မြင်သံကြားတို့ကနေပြီး ကြော်ငြာပေးမှုကို ရနေတဲ့ ရောဂါ

-       အစိုးရအတွက် အခွန်အခ ထုတ်ပေးနေတဲ့ရောဂါ

-       အဝေးပြေးလမ်းများမှာ ပြင်းပြင်းထန်ထန် သေကြေမှုများကို ဆောင်ကျဉ်းပေးနေတဲ့ ရောဂါ

-       ရောဂါပိုးမွှားများ မပါသလို ဗိုင်းရပ်စ်များကိုလည်း ပေါ်စေရာလည်း မဟုတ်တဲ့ ရောဂါဆိုးကြီးတစ်ခုပင်။



ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ