အစ္စလာမ်သည် အကြမ်းဖက်မှုကို အားပေးပါသလား။

 အစ္စလာမ်သည် အကြမ်းဖက်မှုကို အားပေးပါသလား။

အမေး             မွတ်စလင်မ်တွေက ကာဖိရ်တွေကို တွေ့တဲ့နေရာမှာ သတ်ရမယ်လို့ ကုရ်အာန်က ဆိုထားတော့ အစ္စလာမ်က အကြမ်းဖက်မှု၊ သွေးထွက်သံယိုမှုနဲ့ ရိုင်းစိုင်းကြမ်းကြုတ်မှုတို့ကို အားပေးအားမြှောက်ပြုရာ ရောက်မနေပေဘူးလား။

အဖြေ။              အစ္စလာမ်ကို ဝေဖန်တဲ့သူတွေက ကုရ်အာန်က အာယသ်တော် တချို့ကို ကိုးကားပြီး အစ္စလာမ်က အကြမ်းဖက်မှု၊ သွေးထွက်သံယိုမှုနဲ့ ရိုင်းစိုင်းကြမ်းကြုတ်မှုတို့ကို အားပေးအားမြှောက်ပြုတယ်၊ အစ္စလာမ် ဘာသာဝင် မဟုတ်တဲ့သူတွေကို တွေ့ရာ သင်္ချိုင်း ဓားမဆိုင်း သတ်ကြ သုတ်သင်ကြလို့ ဆိုထားသယောင်ယောင် မဟုတ်မဟတ် လုပ်ဇာတ်ထွင်ခဲ့ကြတယ်။

() စူရာဟ် သောင်ဗဟ်မှ ပါဒတော်

            အစ္စလာမ်ကို ဝေဖန်တဲ့သူတွေက အောက်ပါ စူရဟ် သောင်ဗဟ်က အာယသ်တစ်ခုကို မကြာခဏ ကိုးကားပြီး အစ္စလာမ်က အကြမ်းဖက်မှု သွေးထွက်သံယိုမှုနဲ့ ရိုင်းစိုင်းကြမ်းကြုတ်မှုတို့ကို အားပေးကြောင်း ပြသဖို့ ကြိုးပမ်းခဲ့ကြတယ်။

            “မုရှ်ရိကီးန် (ကာဖိရ်များ၊ ဒိဠိများနှင့် ရုပ်ပွားဆင်းတု ကိုးကွယ်သူများကို တွေ့ရာနေရာမှာ သတ်ကြကုန်။” (ကုရ်အာန် - ၉း၅)

(အာယသ်တော်လာ စာသားက စစ်ဖြစ်ချိန်နှင့် ဆိုင်သည်။

            အစ္စလာမ်ကို ဝေဖန်တဲ့သူတွေက ဒီအာယသ်တော်ရဲ့ စာသားကိုပဲ ကွက်ပြီး တကယ်တမ်း ကိုးကား ခဲ့ကြတာပါ။ ပါဒတော်ကို အသေအချာ နားလည်ဖို့အတွက် ကျွန်ုပ်တို့အနေနဲ့ ဒီစူရာဟ်ရဲ့ အာယသ် () ကစပြီး ဖတ်ရပါမယ်။ အဲဒီမှာ မွတ်စလင်မ်တွေနဲ့ မက္ကာမြို့က မုရှ်ရိကီးန် နတ်ဘုရား ကိုးကွယ်သူတွေ ငြိမ်းချမ်းရေး စာချုပ်တစ်ခု ချုပ်ထားတာပါတယ်။ ဒီစာချုပ်ကို မက္ကာမြို့က မုရှ်ရိကီးန်တို့က ချိုးဖောက်ခဲ့ကြတယ်။ မက္ကာမြို့က မုရှ်ရိကီးန်တွေကို ပြုပြင်စရာ ပြုပြင်ဖို့ဆိုပြီး () အချိန်ပေး ခဲ့တယ်။ မပြုပြင်ခဲ့ရင်ဖြင့် စစ်ကြေညာမယ်ပေါ့။ စူရာဟ် သောင်ဗဟ်ရဲ့ ပါဒ မှာ ဆိုထားပါတယ်။

            “တားမြစ်ထားသော လများ ပြည့်သွားသည်တွင် မုရှ်ရိက်တို့အား အသင်တို့ တွေ့လေရာ နေရာများတွင် သတ်ဖြတ်ကြ။ ယင်းတို့အား ဖမ်းဆီးကြ။ (စစ်၏) ပရိယာယ်တိုင်းတွင် သူတို့ တတွေ အား ချောင်းမြောင်းစောင့်စားကြ။ အကယ်၍ သူတို့က သတိ သံဝေဂ ရခဲ့ပါမူ။ ဆွလားသ်ကို ပုံမှန် ဆောက်တည် လာပါမူ။ ဇကားသ်ကို ပေးဆောင်လာပါမူ သူတို့အတွက် လမ်းကို ဖွင့်ပေးပါ။ အမှန်ပင် အလ္လာဟ်အရှင်သည် အင်မတန် ခွင့်လွှတ်ချမ်းသာ ပေးတော်မူသော အရှင်နှင့် မဟာ့မဟာ ဂရုဏာတော်ရှင်တည်း။” (ကုရ်အာန် ၉း၅)

            ဒီအာယသ်က စစ်မက်ကာလကို ညွှန်းဆိုထားပါတယ်။

() အမေရိကန်နဲ့ ဗီယက်နမ် စစ်ပွဲမှ စံနမူနာ။

            အမေရိကန်က ဗီယက်နမ်နဲ့ စစ်ဖြစ်ဖူးတာကို ကျုပ်တို့ အသိပဲ။ အမေရိကန် သမ္မတက ဖြစ်စေ ဒါမှမဟုတ် အမေရိကန် စစ်တပ်ရဲ့ စစ်ဗိုလ်ချုပ်ကပဲဖြစ်ဖြစ် စစ်အတွင်း ကာလမှာ အမေရိကန် စစ်သားတွေကို ဗီယက်နမ်တွေကို ဘယ်မှာတွေ့တွေ့ သတ်ကြလို့ ပြောခဲ့တယ် ဆိုပါစို့။ ဒီစကားရဲ့ အနေအထားကို မကြည့်ခဲ့ရင်တော့ ဒီဗိုလ်ကို သားသတ်သမားကြီးလို့ ဘယ်သူပဲမဆို စွပ်စွဲမိမှာပဲလေ။

            ဒီစကား အသွားအလာကို ကြည့်ပြီး ဒီစကားက စစ်အတွင်းမှာ ပြောခဲ့တာပဲ ဆိုရင်ကတော့ ဒီစကားဟာ အင်မတန်မှပဲ ယုတ္တိဗေဒ နည်းကျရုံသာမက စစ်အတွင်းမှာ အမေရိကန် စစ်သားတွေကို စိတ်ဓာတ် တက်ကြွအောင် မြှင့်တင်ပေးတဲ့ စကားဆိုတာကို သိရပါတယ်။

() စူရာဟ် သောင်ဗဟ် (၉း၅) ပါဒကလည်း စစ်အတွင်းမှာ မွတ်စလင်မ်တွေ စိတ်ဓာတ်ကို မြှင့်တင်ပေးချက်ပဲ ဖြစ်တယ်။

            အလားတူပဲ စူရာဟ် သောင်ဗဟ် ကဏ္ဍ ပါဒ မှာလည်း မုရှ်ရိက်များကို တွေ့တဲ့နေရာမှာ သတ်ပစ်လို့ ဆိုထားတာက စစ်ပွဲကာလမှာ မွတ်စလင်မ် စစ်သားတွေကို စိတ်ဓာတ် မြှင့်တင်ပေးတဲ့ စကားပါပဲ။ ကုရ်အာန်က မွတ်စလင်မ် စစ်သားတွေကို ပြောချင်တာက စစ်ပွဲကာလမှာ မကြောက်ကြနဲ့။ ရန်သူကို ဘယ်နေရာမှပဲတွေ့တွေ့ သတ်ပစ်လို့ဆိုတဲ့ သဘောပါပဲ။

() ရှရီဆိုသူက ပါဒ () ကနေ ပါဒ () ကို ခုန်ကျော်သွားခဲ့တယ်။

            အိန္ဒိယမှာ အစ္စလာမ်ကို အပြင်းထန်ဆုံး ဝေဖန်ထိုးနှက်သူတွေထဲက တစ်ဉီးကတော့ အရွန်ရှရီဆိုတဲ့သူပဲ။ သူက သူရေးသားခဲ့တဲ့ ဖသ်ဝါ ကမ္ဘာ (The world of Fatwahs) ဆိုတဲ့ စာအုပ် စာမျက်နှာ (၅၇၂) မှာ အလားတူ ပါဒဖြစ်တဲ့ စူရာဟ် သောင်ဗဟ်ကဏ္ဍ () ပါဒ () ကိုပဲ ကိုးကားပြသွားခဲ့ပါတယ်။ စူရာဟ် သောင်ဗဟ် ပါဒ () ကို ကိုးကားအပြီးမှာ သူက ပါဒ အမှတ် () ကို ခုန်တက်သွားပါတယ်။ အသိဉာဏ် ရှိသူတိုင်းက ပါဒ အမှတ် () ကို သူချန်သွားတာကို သိကြမှာ ဖြစ်ပါတယ်။

() စူရာဟ် သောင်ဗဟ် ကဏ္ဍ () ရဲ့ ပါဒ () က အဖြေကို ပေးထားတယ်။

            စူရာဟ် သောင်ဗဟ် ကဏ္ဍ () ပါဒ () က အစ္စလာမ်က အကြမ်းဖက်မှု၊ သွေးထွက် သံယိုမှုနဲ့ ရိုင်းစိုင်းကြမ်းကြုတ်မှုကို အားပေးတယ်ဆိုတဲ့ စောဒကရဲ့ အဖြေကို ပေးထားပါတယ်။

            “အကယ်၍ မုရှ်ရိက်များထဲမှ တစ်ဉီးသော သူက အသင့်ထံ ခိုလှုံလာခဲ့ပါမူ အသင်သည် ထိုသူအား အလ္လာဟ်အရှင်၏ ဗျာဒိတ်တော်ကို ကြားနာနိုင်အံ့သောငှာ ခိုလှုံခွင့် ပေးပါလေ။ ထို့အပြင် ၎င်းတို့သည် မသိ နားမလည်သော သူများ ဖြစ်သောကြောင့် အသင်သည် ထိုသူအား ဘေးရန်ကင်းငြိမ်းရာ နေရာသို့ စောင့်ကြပ် ပို့ပေးပါလေ။” (ကုရ်အာန် ၉း၆)

            ကုရ်အာန်က စစ်မက် ကာလအတွင်းမှာ ခိုလှုံလာတဲ့ မုရှ်ရိက်တစ်ဉီးကို ခိုလှုံခွင့် ပေးဖို့ဆိုထားရုံ သာမက ဘေးရန် ကင်းငြိမ်းမယ့် နေရာအထိ လိုက်လံ စောင့်ကြပ် ပို့ပေးဖို့ကိုပါ ဆိုထားပါတယ်။ ဒီနေ့ နိုင်ငံတကာ မြင်ကွင်းကိုပဲ ကြည့်လိုက်ပါ။ ကြင်နာတတ်တဲ့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပါတယ် ဆိုတဲ့ စစ်ဗိုလ်မျိုးကတောင် စစ်ဖြစ်နေတဲ့ ကာလကြီးမှာ သူတို့က ငြိမ်းချမ်းရေးကို လိုလားပါတယ်ဆိုရင်တောင် ရန်သူ စစ်သားတွေကို ဒီလိုမျိုး လွှတ်လပ်ခွင့် ပေးပါ့မလား၊ စစ်ပွဲကာလထဲမှာ ရန်သူ တပ်သားတွေက ငြိမ်းချမ်းရေးကို လိုလားပါတယ်လို့ ပြောလာခဲ့ရင် ဘယ်စစ်ဗိုလ်ကများ သူတို့ကို လွတ်လပ်စွာ သွားခွင့်ပေးဖို့နဲ့ ဘေးရန်ကင်းငြိမ်းတဲ့နေရာအထိ ပို့ပေးလိုက်ပြီလို့ ပြောခဲ့တာများ ရှိခဲ့ပါသလဲ။ ဒါမှသာ ကမ္ဘာမှာ ငြိမ်းချမ်းရေးကို တိုးမြင့်သွားဖို့အတွက် ကျမ်းတော်မြတ် ကုရ်အာန်ထဲမှာ အလ္လာဟ်ရှင်က မိန့်ချွေတော် မူထားချက်နဲ့ တစ်ထပ်တည်း လိုက်နာသွားကြရာ ရောက်ပါမယ်။

ဟောပြောတင်ပြသူ - ဒေါက်တာ ဇာကိရ်နိုက်(က်)

ဘာသာပြန်ဆိုသူ - ဝါးခယ်မ မောင်မင်းနိုင်

 


ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ