အစ္စလာမ်က ရုပ်ပွားဆင်းတု ကိုးကွယ်မှုကို ဆန့်ကျင်တယ်ဆိုပြီး ဘာကြောင့် ကအ်ဗဟ်ဘက်ကို ဦးချ နေကြရတာလဲ။?

 

 

အမေး - အစ္စလာမ်က ရုပ်ပွားဆင်းတု ကိုးကွယ်မှုကို ဆန့်ကျင်တယ်ဆိုပြီး ဘာကြောင့် ကအ်ဗဟ်ဘက်ကို ဦးချ နေကြရတာလဲ။?

အဖြေ
    ကအ်ဗဟ်က ကိဗလာဖြစ်ပါတယ်။ ဝတ်ပြုတဲ့အချိန်မှာ မွတ်စလင်တွေ မျက်နှာမူရာ ဖြစ်ပါတယ်။ ဝတ်ပြု ချိန်မှာမွတ်စလင်တွေဟာ ကအ်ဗဟ်ဖက်ကို မျက်နှာမူသာမူကြပေမဲ့ သူတို့က ကအ်ဗဟ်ကို ဝတ်ပြု ကိုးကွယ် နေကြတာမဟုတ်ကြောင်းကိုတော့ မှတ်သားထားဖို့ အရေးကြီးပါတယ်။ မွတ်စလင်တွေဟာ အလ္လာဟ်ကလွဲပြီး ဘာကိုမှ မကိုးကွယ် မဆည်းကပ်ကြပါဘူး။
    စူရာဟ်ဗကရာဟ်မှာ ဖော်ပြထားတာတော့ “ငါအရှင်သည်အသင်၏မျက်နှာက ကောင်းကင်ဘုံများဖက်သို့ (လမ်းညွှန်အတွက်) လှည့်လည် ကြည့်နေ သည်ကို မြင်နေတော်မူသည်။ ယခု ငါအရှင်က အသင် နှစ်မျို့မည့်ကိဗလာဟ် တစ်ခုဖက်သို့ လှည့်စေတော် မူမှာ ဖြစ်သည်။ သို့ဖြစ်ရာ အသင်၏ မျက်နှာကို မတ်စဂျီဒိ ဟရာမ်ဝတ်ကျောင်းတော်ဖက်သို့လှည့်ပါလေ။အသင်တို့ အဘယ်မှာပဲရှိနေ ရှိနေ အသင်တို့၏ မျက်နှာများကို ယင်းဘက်သို့သာ လှည့်ကြလော့။” (အလ် ကုရ်အာန် ၂ : ၁၄၄)

၁။ အစ္စလာမ်သည် ညီညွတ်ရေး အားပေးမြှင့်တင်မှုကို ယုံကြည်သည်
    ဥပမာပြရရင် မွတ်စလင်တွေ ဆွလားသ် ဝတ်ပြုလိုကြတယ်ဆိုလျှင် တချို့က မြောက်အရပ်သို့ လှည့်ချင်ကြမယ်။ တချို့က တောင်ဖက်ကို လှည့်ချင်ကြမယ်။ တစ်ဆူတည်းသောအရှင်ကို ကိုးကွယ် ဆည်းကပ်မှုမှာ တစ်ညီတစ်ညွတ်တည်း ဖြစ်ရေးအတွက် သူတို့ ဘယ် အရပ်ဒေသမှာပဲရှိရှိ တူညီသော တစ်ခုတည်းသော မျက်နှာမူရာ ကိဗလာဟ်ဖြစ်တဲ့ ကအ်ဗဟ် ဘက်သို့သာလျှင် မျက်နှာမူကြရမယ်ဆိုပြီး မိန့်ဆိုထားတာ ဖြစ်ပါတယ်။ တကယ်လို့ တချို့သော မွတ်စလင်များက ကအ်ဗဟ်ရဲ့ အနောက်ဖက်မှာ နေထိုင်နေကြရင် သူတို့က အရှေ့ဖက်ကို မျက်နှာမူကြရမယ်။ အလားတူပင် သူတို့က ကအ်ဗဟ်ရဲ့  အရှေ့ဖက်မှာ နေနေကြလျှင်တော့ အနောက်ဖက်ကို မျက်နှာမူပြီးဝတ်ပြုကြရမှာ ဖြစ်ပါတယ်။

၂။ ကအ်ဗာသည် ကမ္ဘာ့မြေပုံတွင် အလယ်ဗဟို၌ ရှိသည်
    မွတ်စလင်များဟာ ကမ္ဘာ့မြေပုံကို ပထမဆုံး ရေးဆွဲခဲ့ကြသူများ ဖြစ်တယ်။ သူတို့ရေးဆွဲတဲ့ မြေပုံမှာ တောင်အရပ်က အထက်ဖက်သို့ မျက်နှာမူနေပြီး မြောက်အရပ်ကတော့ အောက်ဖက်သို့ တူရူပြုနေ ပါတယ်။ ကအ်ဗဟ်ကအလည်ဗဟိုမှာ ရှိနေပါတယ်။ အလ်ဟမ်ဒုလိလ္လာဟ်။

၃။ တစ်ပါးတည်းသော အလ္လာဟ်ရှင်ကို ရည်ညွန်းလိုသည့်အတွက် ကအ်ဗာကို တွဝါးဖ်လှည့်ပတ်ရခြင်း ဖြစ်သည်
    မွတ်စလင်များဟာ မက္ကာရွှေမြို့ တော်မှာရှိတဲ့ မတ်စ်ဂျိဒိ ဟရာမ်ကျောင်းတော်ကြီးသို့ သွားကြချိန်မှာ သူတို့ဟာ ကအ်ဗဟ်ကို တွဝါးဖ်ပြု လှည့်ပတ်ကြရပါတယ်။ ဒီအပြုအမူက တစ်ဆူတည်းသော အလ္လာဟ်ရှင်ကို ယုံကြည်ဆည်းကပ်မှုရဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် စက်ဝိုင်းတိုင်းမှာ ဗဟိုချက်က တစ်ခုတည်းပဲ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ တစ်ပါးတည်းသော အရှင်ဟာ အလ္လာဟ်ရှင်ပဲ ဖြစ်ပါတယ်။

၄။ ဟဇရတ် အုမရ်(ရသွေ့) ၏ အဆိုအမိန့်
    ဟဂျရေ့ အက်စ်ဝဒ် ခေါ် ကျောက်နက်တော်နဲ့ ပတ်သက်ပြီး တမန်တော်မြတ်မုဟမ္မဒ်(ဆွ) ရဲ့ အဆွဟဗ် အဆွေတော်ကြီးတစ်ပါး ဖြစ်တဲ့ ဟဇရတ်အုမရ် (ရသွေ့) ရဲ့ အဆိုအမိန့်တစ်ခု ရှိခဲ့ပါတယ်။
    ဆွဟီဟ်ဗုခါရီကျမ်း အတွဲ ၂၊ အခန်း ၅၆၊ ဟဂျ်ကဏ္ဍ၊ ဟဒီးဆ် အမှတ် ၆၇ မှာပါ။ ဟဇရတ် အုမရ် (ရသွေ့) က "အချင်းကား ကောင်းကျိုးလဲ မပေးနိုင်သလို ဆိုးကျိုးလဲ မပေးနိုင်တဲ့ ကျောက်တုံး တစ်တုံးဆိုတာကို ကျွန်ုပ် သိထားတယ်။ တမန်တော်မြတ် (ဆွ)က အချင်းကို ထိခဲ့ နမ်းရှုံ့ ခဲ့တာကိုသာ ကျွန်ုပ် မမြင်ထားခဲ့ရင် ကျွန်ုပ်က အသင့်ကို ထိကိုင်မှာလဲ မဟုတ်သလို နမ်းရှုံ့မှာလဲ မဟုတ်ဘူး”လို့ မိန့်ဆိုခဲ့ပါတယ်။

၅။ လူတို့ ကအ်ဗဟ်ပေါ်တက်ပြီး အဇာန် ပေးကြတယ်
    တမန်တော်မြတ်(ဆွ)ခေတ်က ဆိုရင် လူတွေဟာ ကအ်ဗဟ်ပေါ်ကို တက်ပြီးတော့တောင် ဝတ်ပြုရန် ဖိတ်ခေါ်မှု အဇာန်ပေးခဲ့ကြတယ်။ ဘယ်ရုပ်ပွားဆင်းတု ကိုးကွယ်တဲ့သူကများ သူ ကိုးကွယ်ရာ ရုပ်ပွားဆင်းတု ပေါ်တက်ပြီး ရပ်တာကို မြင်ဖူးပါသလဲ။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ