ဂျေရုစလင် JERUSALEM အပိုင်း(၁)

 

ဂျေရုစလင်၏ သမိုင်းကြောင်းကို ဖတ်ရှုနိုင်ရန် ဒေါက်တာဦးမြင့်သိန်းရဲ့ စာအုပ်ကို အပိုင်းဆက်ဖြင့် မျှဝေလိုက်ပါတယ်။

ဂျေရုစလင် JERUSALEM

အပိုင်း(၁)

ဒီအပတ်မှာကျွန်တော့်အနေနဲ့ "ဂျေရုစလင်မ် ဆိုတဲ့ခေါင်းစဉ်ကိုတင်ပြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က "တမန်တော်မြတ်၏ညဉ့်ခရီးနှင့်မိအ်ရာဂျ်အနှစ်သာရ”ဆိုတဲ့ ခေါင်းစဉ်တင်ပြခဲ့တုံးက ကမ္ဘာ့မွတ်စလင်မ်ထုအနေနဲ့ ဂျေရုစလင်မ်မြိုမှာရှိတဲ့ အတ်ကဆွါဝတ်ကျောင်းတော်ကို အချစ်ထားကြရမယ့်အကြောင်း တင်ပြခဲ့ပြီဖြစ်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ တမန်တော်ချုပ် မုဟမ္မဒ်(ဆွ)က မက္ကဟ်မြိုမှာရှိတဲ့ ကအ်ဗဟ်ဝတ်ကျောင်းတော်နဲ့ မဒီနဟ်မြိုမှာရှိတဲ့ တမန်တော်မြတ်(ဆွ)ရဲ့ဝတ်ကျောင်းတော်ပြီးရင် ဂျေရုစလင်မ်မြိုမှာရှိတဲ့ အတ်ကဆွါဝတ်ကျောင်းတော်ဟာ ဝိညာဉ်ပိုင်းဆိုင်ရာအရ မွတ်စလင်မ်တွေအတွက် တတိယအမြတ်ဆုံးဖြစ်တယ်လို လမ်းညွှန်ထားပါတယ်။
ဒီအပြင်အနှိင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကလည်း "ငါအရှင်မြတ်သည် ယင်း(အတ်ကဆွါ)ကျောင်းတော်၏ဝန်းကျင်ကို ကောင်းချီးမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေတော်မူ၏” လို ကုရ်အာန်(၁၇း၁)မှာလည်း တမန်တော်မြတ်ရဲ့ ညဉ့်ခရီးနဲ့ မိအ်ရာဂျ်ခရီးနဲ့ ဆက်နွယ်ပြီးဖေါ်ပြထား ပါတယ်။ ဒီအပြင် မွတ်စလင်မ်တို ဆွလာသ်ဝတ်ပြုတည်ဆောက်တဲ့အခါမှာ မျက်နှာမူခဲ့တဲ့ ပထမကိဗ်လဟ်လည်းဖြစ်ခဲ့ပါတယ်။ (ကုရ်အာန် ၂း၁၄၄) ဒါကြောင့်အတ်ကဆွာဝတ်ကျောင်းတော်နဲ့ ဂျေရုစလင်မ်မြိုအကြောင်း မွတ်စလင်မ်တွေသိဖိုလိုအပ်ပါတယ်။ ဒီအပြင်မွတ်စလင်မ်တွေသာမကာ ဒီခေတ်မှာ ကမ္ဘာ့လူသားတွေအနေနဲ့လည်း ဒီအကြောင်းတွေကိုအရှိအတိုင်းမှန်ကန်စွာ သိရှိနေဖိုလိုအပ်နေပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ဒီနေ့ကမ္ဘာ့ငြိမ်းချမ်းရေးပြဿနာမှာ ဂျေရုစလင်မ်မြိုနဲ့ ပါလက်စတိုင်း- အစ္စရေးပြဿနာက အဓိကပါဝင်နေလိုပါဘဲ။ ပါလက်စတိုင်းလို ဆိုလိုက်တာနဲ့ လူအတော် များများက မွတ်စလင်မ်တွေရဲ့ပြဿနာလိုမှတ်ယူနေကြပါတယ်။ တကယ်တော့ပါလက်စတိုင်းလူမျိုးထဲမှာမွတ်စလင်မ်ရော၊ ခရစ်ယာန်ပါ ပါဝင်နေပါတယ်။ အစ္စရေးလူမျိုးကတော့ ဂျူးဘာသာဝင်တွေဖြစ်ကြပါတယ်။ ဒီအပြင် မွတ်စလင်မ်တွေရော၊ ခရစ်ယာန်တွေရော၊ ဂျူးတွေပါ တစ်ဆူတည်းသောအနှိင်းမဲ့ကိုးကွယ်ရာအရှင်ကို ကိုးကွယ်ကြသူတွေဖြစ်ကြပါတယ်။ထိုအရှင်မြတ်ထုတ်ပြန်ပိုရခဲ့တဲ့ ခေတ်အလိုက်ကျမ်းစာအသီးသီးကို လက်ခံကျင့်သုံးသူများဖြစ်ကြပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာခေတ်အသီးသီးမှာ နိုင်ငံရေးနဲ့.. လူမှု-စီးပွားရေး ပယောဂများကြောင့် ခံယူချက်များ ကွဲပြားသွားခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် အဖြစ်မှန်ကို အရှိအတိုင်းသိဖို လိုအပ်ပါတယ်။

တမန်တော်ကြီး အိဗ်ရာဟီမ် (Ibrahim)

ကမ္ဘာဂြိုဟ်မှာပထမဆုံး ... လူသားနဗီတမန်တော် အာဒမ်ဟာ မက္ကဟ်မြိုကို ဗဟိုပြုပြီးပေါ်ထွန်းခဲ့တယ်။ ကမ္ဘာဦးဝတ်ကျောင်းတော် ကအ်ဗဟ်ကိုတည်ဆောက်ခဲ့တယ်။ အဲဒီနောက် တမန်တော်နူးဟ်ခေတ်ကိုရောက်လာခဲ့တယ်။ ဒါပေမယ့် အဲဒီခေတ်ကလူတွေဟာ..အနှိင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်နဲ့. ထိုအရှင်ရဲ့ စေတမန်... နူးဟ်ကို ဆန့်ကျင်ရုံသာမက အလွန်ဆိုးဝါးတဲ့ ပြစ်မှုတွေကြောင့် ရေလွှမ်းမိုးမှုပြစ်ဒဏ်နဲ့ ကြုံတွေ့ခဲ့ကြရတယ်။ အဲဒီနောက် ဘေဘီလုံးခေတ် (ယခုခေတ်အီရတ်) အုရ်(ဥr) ဆိုတဲ့ဒေသမှာ တမန်တော်ကြီး အိဗ်ရာဟင်မ်ပေါ်ထွန်းခဲ့ပါတယ်။ အနှိင်းမဲ့ကိုးကွယ်ရာအရှင်ရဲ့လမ်းညွန်ချက်အရ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဟောပြောပြသခဲ့ပေမဲ့ သူ့ရဲ့ဖခင်နဲ့ ဘုရင်အပါအဝင် ပတ်ဝန်းကျင်ရဲ့ဆန့်ကျင်မှုကို ကြုံတွေ့ခဲ့ရပါတယ်။. နောက်ဆုံးမှာတော့အနှိင်းမဲ့ကိုးကွယ်ရာအရှင်က မိမိရဲ့စေတမန်. အိဗ်ရာဟင်မ်နဲ့ တူတော်မောင်ဖြစ်တဲ့.. တမန်တော်လူးသ်ွ(Lot)တိုကို မြတ်သောနယ်မြေသို ရွှေ့ပြောင်းစေခဲ့ပါတယ်။(ကုရ်အာန် ၂၁:၇၁)။. မြတ်သောနယ်မြေဆိုတာ သမိုင်းကြောင်းအရ ဂျေရုစလင်မ်လို ပညာရှင်တွေက ဖွင့်ဆိုထားကြပါတယ်။ အဲဒီနောက် အနှိင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က တမန်တော်ကြီး အိဗ်ရာဟင်မ်နဲ့ သားတော် တမန်တော်လောင်းလျာ အိစ်မာအီလ်းတိုကို.. မက္ကဟ်မြိုမှာရှိတဲ့.. ကမ္ဘာဦးကျောင်းတော် ကအ်ဗဟ်ရဲ့ အုတ်ရိုးကိုပြန်လည်မြှင့်တင်စေခဲ့ပါတယ်။(ကုန်အာန် ၃း၉၅-၉၆) ဒါပေမယ့်ရှင်းရှင်းလင်းလင်းသိထားဖိုက တမန်တော်ကြီး အီင်ရာဟင်မ်(Ibraham) ဟာ အစ္စရေးလူမျိုးမဟုတ်သလို ဂျူးဘာသာဝင်လည်းမဟုတ်၊ ခရစ်ယာ န်ဘာသာ ဝင်လည်းမဟုတ်ခဲ့ပါဘူး။ ဘာဖြစ်လိုလည်းဆိုတော့ အဲဒီအချိန်မှာ အစ္စရေးလူမျိုး၊ ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာတို မပေါ်ထွန်းသေးလိုပါပဲ။ တကယ်တော့ တမန်တော်ကြီး အီဗ်ရာဟင်မ်ဟာ အနှိင်းမဲ့ကိုးကွယ်ရာဖြစ်တဲ့ (allah / God / Elah / Iswar)ကိုသာ နာခံကိုးကွယ်သူ မွတ်စလင်မ်တစ်ဦးဖြစ်တယ်လို အနှိင်းမဲ့ကိုးကွယ်ရာရှင် ကိုယ်တိုင်က လမ်းညွှန် ရှင်းလင်း ထားပါတယ်။ ဒါကြောင့် သူဟောကြားတဲ့သာသနာဟာလည်း အစ္စလာမ်သာဖြစ်ခဲ့ပါတယ်။(ကုရ်အာန် ၂း၁၂၄-၁၂၈)

အရဗ်နှင့်အစ္စရေး(Arab and Israel)

တမန်တော်ကြီး အီဗ်ရာဟင်မ်ရဲ့ ပထမဇနီးဖြစ်တဲ့ စာရဟ် (Sarah) သခင်မမှာ သားသမီးမထွန်းကားဘဲရှိခဲ့ပါတယ်။
ဒီလိုနဲ့ ( အီဂျစ်သူ) ဒုတိယာနီးဖြစ်တဲ့ ဟာဂရဟ် (Hegar) သခင် မကနေ အိစ်မာအီလ်(Ismael) ဖွား မြင်ခဲ့ပြီး သူကတဆင့်ကေဒါမျိုးနွယ်၊ ... အဲဒီကတဆင့် အရဗ်လူမျိုးများ ပေါက်ဖွားလာခဲ့ခြင်းပဲဖြစ်ပါတယ်.. အဲဒီလို သားတော်ကြီးအစ္စမာအီလ်(၁၃)နှစ်သား အရွယ်ရောက်မှ အနှိင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ရဲ့ စီမံကိန်းအရ ပထမဇနီး ဟာရဟ်ကနေ သားတော် အိစ္စ်ဟါက်(Isaac)ကို ဖွားမြင်ခဲ့ပြီး သူကတစ်ဆင့် အစ္စရာအီလ်လို ဘွဲအမည်ရတဲ့ တမန်တော်ယအ်ကူဗ် (Jacob)၊ သူကနေမှ သားတော် ၁၂ပါးမွေးဖွားပြီး သူတိုတွေကတဆင့် အစ္စရေးလူမျိုးတွေ ဆင်းသက်ပေါက်ဖွားလာခဲ့ကြတာဖြစ်ပါတယ်။.ဒါကြောင့်.. တကယ်တော့ အာရဗ်လူမျိုးတွေနဲ့ အစ္စ ရေး လူမျိုးတွေဟာ အဖေတူ အမေကွဲ ညီအစ်ကိုတွေသာဖြစ်ကြပါတယ်။ ဒီနေ့ ကမ္ဘာ့မွတ်စလင်မ်တွေအနေနဲ့ ဒီလိုပဲခံယူထားကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အစ္စရေးလူမျိုး၊ ဂျူးဘာသာဝင်တွေကြားထဲမှာ နိုင်ငံရေး ဇီယွန်ဝါဒ(Poitical Zionism) ပေါ်ပေါက်လာပြီး အစွန်းရောက်မျိုးချစ်စိတ်နဲ့ တမန်တော်ကြီး အိပ်ဗရာဟင်(မ်)ရဲ့ ဒုတိယဇနီး ဟာဂျရဟ် သခင်မဟာ နိုင်ငံခြား အီဂျစ်သူ ကျွန်မဖြစ်တယ်။ ကျွန်မကနေမွေးတဲ့သား အိစ်မာအီလ်ဟာလည်း တရားဝင်သားမဟုတ်ဘူး။ ဒါကြောင့် သူကနေ ဆင်းသက်လာတဲ့ အရပ်တွေဟာလည်း လူရိုင်း (Gentile) စာရင်းထဲမှာပဲပါတယ်။ နဗီတမန်တော်တို၊ လူသားဘုရားတိုဆိုတာ အစ္စရေးလူမျိုးထဲကပဲ ပေါ်ထွန်းရမယ်။..အခြားဘယ်လူမျိုးကမှ မပေါ်ထွန်းနိုင်ဘူး။ ပေါ်ထွန်းတယ်ပြောရင်လည်း လိမ်ညာမှုသာဖြစ်တယ်။ ဒါကြောင့် အရပ်လူမျိုးကပေါ်ထွန်းခဲ့တဲ့ နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်(ဆွ)ဟာလည်း လူလိမ်သာဖြစ်တယ် ဆိုပြီး လုပ်ကြံဇာတ်တွေဖန်တီးခဲ့ကြတယ်။ ဓမ္မဟောင်း - ကျမ်းစာကိုလည်း ပြင်ခဲ့ကြပါတယ်။ ခရစ်ယာန် ဘာသာဝင်တွေကလည်း လက်ရှိဓမ္မဟောင်းကျမ်းစာအရ အဲဒီလိုပဲ ယုံကြည်ခဲ့ကြပါတယ်။

အစ္စရေးလူမျိုးတို့ တောလည်ခြင်း

တမန်တော်ယအ်ကူဗ်(Jacob)ဟာ ပါလက်စတိုင်းဒေသမှာ ပေါ်ထွန်းခဲ့တဲ့ တမန်တော်တစ်ပါး ဖြစ်ခဲ့ပါတယ်။ ဘာကြောင့် အစ္စရေးလူမျိုးတွေ ပါလက်စတိုင်းဒေသကနေ အီဂျစ်ပြည် ရောက်သွားခဲ့တာလဲ။ ကုရ်အာန်ရဲ့အဖြေကတော့ တမန်တော်ယက်ကူဗ်ရဲ့သားတော်(၁၂)ပါးအနက် တစ်ပါးဖြစ်တဲ့ တမန်တော်ယူစွဖ်(Joseph)ဟာ ငယ်ရွယ်စဉ်က ဖခင်ရဲ့ ချစ်မြတ်နိုးမှုအပေါ်ကျန်ညီအစ်ကိုတွေရဲ့ မနာလိုမှုကြောင့် ရေတွင်းပျက်ထဲစွန့်ပစ်ခံခဲ့ရပြီး ကုန်သည်တစ်စုက တွေ့ရှိကယ်တင်ပြီး အီဂျစ်ပြည်မှာကျွန်အဖြစ် ရောင်းချခံခဲ့ရပါတယ်။ ဒီလိုနဲ့အီဂျစ်ဝန်ကြီး တစ်ဦးရဲ့ အိမ်ကိုရောက်သွားပြီး စုလိုင်ခတ် မင်းသမီးကြောင့် ထောင်ထဲရောက် ပြီးတော့အီဂျစ်ဘုရင်ကြီးရဲ့ အိပ်မက်ကို အလ္လာဟ်စွမ်းအားနဲ့ ဥာဏ်အမြော်အမြင်ကြောင့် ဖြေရှင်းပေးနိုင်ခဲ့မှုကြောင့် နောက်ဆုံးအီဂျစ်ပြည်ကို အုပ်ချုပ်ရတဲ့ အကြီးအကဲအဖြစ် ဘုရင်က ခန့်အပ် ခဲ့ပါတယ်။ ဒီလိုနဲ့ အီဂျစ်ပြည်မှာ အစ္စရေးလူမျိုးတွေ ဂုဏ်ရှိစွာ နေနိုင်ခဲ့ကြပေမယ့် အစ္စရေးလူမျိုး တမန်တော်မူစာ(Moses) ပေါ်ထွန်းတဲ့ခေတ်မှာ အစ္စရေးလူမျိုးတွေဟာ အီဂျစ်ဘုရင် ဖိရ်အောာင် ခေါ် ဒါရိုရဲ့ကျွန်ဘဝကို ရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်။

ဖိနှိပ်ချုပ်ချယ်ခြင်း၊ နှိပ်စက်ခြင်းများစွာ ခံနေခဲ့ကြရပါတယ်။ ဒီအပြင် တမန်တော်လောင်းလျာ တမန်တော်မူစာ မွေးဖွားတဲ့အချိန်မှာ အီဂျပ်ဘုရင် ဖါရှိကို ဆန့်ကျင်ပုန်ကန်မယ့်သူတစ်ဦး အစ္စရေးလူမျိုးထဲက မွေးဖွားမယ်ဆိုတဲ့ ဟောကိန်းကြောင့် ဖါရိုဘုရင်က အစ္စရေးလူမျိုးထဲက မွေးဖွားလာတဲ့သားယောက်ျား လေးတွေမှန်သမျှကို သတ်စေပြီး သမီးမိန်းကလေးများကိုသာ အရှင်ထားစေခဲ့ပါတယ်။ ဒါပေမယ့် အနှိင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ရဲ့ စီမံကိန်းကို သူမကျော်လွှားနိုင်ခဲ့ပါဘူး။ တိုတိုပြောရရင်တော့ သူ့ကိုဆန့်ကျင်မယ့် တမန်တော်လောင်းလျာ မူစာဟာ ဖါရိုဘုရင်ရဲ့မိဖုရားအာစီယဟ် သခင်မရဲ့ မေတ္တာကြောင့် ဖါရိုဘုရင်ရဲ့ မွေးစားသွားဘဝကို ရောက်ရှိသွားခဲ့ပါတယ်။ ဖါရိုဘုရင်ကလည်းသူ့ကိုချစ်ခဲ့ပါတယ်။ ဒါပေမယ့် ဖာရိုဘုရင်ရဲ့ အရာရှိတွေက အစ္စရေးလူမျိုးတွေအပေါ် နှိပ်စက်မှုပြုနေတော့ မူစာသခင်ကကိစ္စတစ်ခုမှာဝင်ထိန်းသိမ်းရင်းနဲ့လက်လွန်ပြီး အီဂျစ်အရာရှိတစ်ဦး သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် မူစာသခင်ကအီဂျစ်ကနေ မဒ်ယန်ဒေသကို ဟစ်ဂျရသ်ပြု ပြောင်းရွှေ့ခဲ့ရပါတယ်။.အဲဒီမှာ.. တမန်တော် ရှုအိုင်ဗ်နဲ့တွေ့ဆုံခဲ့ပြီး သူ့သမီးတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။. သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ခရီးမှာ အလ္လဟ်ထံက ဝဟီလမ်းညွှန်ရပြီးနဗီတမန်တော်တာဝန် ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ သူ့ရဲ့ညီအစ်ကိုတော် ဟာရွန်ကိုလည်း တွဲဘက်အဖြစ် နဗီတမန်တော် တာဝန်ပေးအပ်ပြီး သူတို့နှစ်ဦးကို ဒါရိုဘုရင်ထံနဲ့.. အီဂျစ်လူမျိုးတွေကို တရားပြုဖို့ စေလွှတ်ခြင်းခံခဲ့ရပါတယ်။ ဘယ်လိုတရားပြပြ ဖာရိုဘုရင်ရဲ့နောက်လိုက်တွေဟာ မောက်မာပလွှားနေတဲ့အတွက် နောက်ဆုံးမှာ အလ္လာဟ်ရဲ့လမ်းညွှန်အရ တမန်တော် မူစာဟာ အစ္စရေးလူမျိုးများကို ပင်လယ်နီကို အံ့ဖွယ်သူရဲဖြတ်သန်းပြီး ကယ်တင်ခဲ့ပါတယ်။ ဖါရိုဘုရင်နဲ့ နောက်လိုက်တွေဟာ အစ္စရေးတွေနောက်ကလိုက်ရင်း ရေနစ်သေဆုံးခဲ့ကြပါတယ်။ ဒါရှိခဲ့ ရုပ်အလောင်းကို နောင်လာနောင်သားတွေ သင်ခန်းစာယူနိုင်ဖို့ အလ္လာဟ်က တစ်နည်းနည်းနဲ့ ဆယ်ယူထားစေတယ်လို့ မွတ်စ်စလင်မ်တွေရဲ့ကျမ်းစာက ပြဆိုထားပါတယ်။..ဒါပေမယ့်ဂျူးနဲ့ ခရစ်ယာန်တို့ရဲ့ ဓမ္မဟောင်းကျမ်းမှာတော့ နောက်လိုက်တွေသာ ရေနစ်ပြီး. ဖါရိုဘုရင်ရေနစ်တဲ့အထဲမှာ မပါဘူးလို့ ဆိုထားပါတယ်။ ဒါပေမယ့် ရေနစ်သေခဲ့တဲ့ ဖါရိုဘုရင်ရဲ့ ပီပီရုပ်အလောင်းကို (၁၉)ရာစုမှာ THEBES ဂူထဲက ပြန်တွေ့ပြီးဖြစ်ပါတယ်။ ဒီရုပ်အလောင်းကို လက်တွေ့သွားရောက် စစ်ဆေးခဲ့တဲ့ ပြင်သစ်နိုင်ငံက ခွဲစိပ်ကုပါရဂူကြီး ဒေါက်တာ မောရစ်(စ်) ဘူကိုင်လ် (Maurice Bucalle) က ဒါကြောင့် ဒီကိစ္စဟာ ဂျူးနဲ့ ခရစ်ယာန်တို့ရဲ့ ဓမ္မဟောင်းကျမ်း (Old Testament) မူရင်းရဲ့ အားနည်းချက်မဟုတ်ကြောင်း၊ လူသားတွေရဲ့ ပြုပြင်စွက်ဖက်မှု ကြောင့်သာဖြစ်ကြောင်း၊ သူ့ရဲ့ သမ္မာကျမ်း ကုရ်အာန်နဲ့ ခေတ်သစ်သိပ္ပံ The Bible, The Qur'an and Modern Science စာအုပ်ထဲမှာ အသေးစိတ်ရှင်းပြထားပါတယ်။ အဲဒီအချိန်မှာ သူဟာခရစ်ယာန်တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီကိစ္စကိုအခြေခံပြီး သူဟာ ကုရ်အာန်ကို လေ့လာပြီးနောက်ပိုင်းမှာ အစ္စလာမ် သာသနာဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ဟောာကြားချက်များကြောင့် အနောက်တိုင်းမှာ အစ္စလာမ်ထဲကိုခေတ်ပညာတတ်တွေ ဝင်ရောက်လာခဲ့ကြပါတယ်။

တမန်တော်မူစာက အစ္စရေးလူမျိုးတွေကို အီဂျစ်ရဲ့ကျွန်သဘောက်ဘဝကနေ ကယ်တင်ပြီး တရားပြသခဲ့ပေမယ့် အစ္စရေးတွေဟာ ကျွန်စိတ်မပျောက်ဘဲ.. အီဂျစ်လူမျိုးတွေလိုပဲ ရွှေနွားရုပ်လေး သွန်းလုပ်ကိုးကွယ်ခဲ့ကြတယ်။ အရက်သေစာမူးယစ်ပြီး အလ္လာဟ်ရဲ့ လမ်းညွှန်နဲ့ တမန်တော်မူတနဲ့ တမန်တော်ဟာရွန်တို့ကို ဆန့်ကျင်သွေဖည်ခဲ့ကြလို့ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က အစ္စရေးလူမျိုးတွေကို ဆိုင်းနိုင်းသဲကန္တာရထဲမှာ နှစ်ပေါင်း(၄၀)ပစ်ထားပြီး တောလည်စေခဲ့ပါတယ်။ မွတ်စလင်မ်တွေလည်း အလ္လာဟ်ရဲ့လမ်းညွှန်ကုရ်အာန်နဲ့ တမန်တော်မြတ်ရဲ့ သွန်သင်ချက်တွေကို မျက်ကွယ်ပြုရင် အလားတူပြစ်ဒဏ်မျိုးကို မြို့ပေါ်မှာတောင် ခံရမှာဖြစ်ကြောင်းသင်ခန်းစာယူသင့်ပါတယ်။

အစ္စရေးတို့၏ရွှေခေတ် (Golden age of Israel)

ကျွန်စိတ်မဖျောက်နိုင်တဲ့ အစ္စရေးမျိုးဆက်တစ်ဆက်ဖြစ်တဲ့ နှစ်ပေါင်း(၄၀) တောလည်ပြီးတဲ့နောက် အလ္လာဟ်က သူတို့ထဲမှာ ‌‌ယောရှု(Joshua)၊ အဲဒီနောက်တမန်တော်ဒါဝူဒ်(David) တို့ ပေါ်ပေါက်လာပြီး မျိုးဆက်သစ် ထူထောင်စေခဲ့ပါတယ်။ တမန်တော်ဒါဝုဒ်ခေတ်မှာ ဂျေရုစလင်မ်မြို့တော် စည်ပင်ဖွံ့ဖြိုးလာခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့သားတော် တမန်တော် စူလိုင်မါန် (Solomon) ဂျေရုစလင်မ်မှာဝတ်ကျောင်းတော် (Temple of Solomon) တည်ဆောက်ခဲ့ပြီး သူ့ရဲ့ခေတ်ဟာ အစ္စရေးလူမျိုးတွေအတွက်တော့ ရွှေခေတ်ဖြစ်ခဲ့ပါတယ်။
BC ၉၃၅ခုနှစ်မှာ တမန်တော် စုလိုင်မါန်ဘုရင်ကြီး..ကွယ်လွန်ပြီးတဲ့နောက် ဂျူးလူမျိုးတွေအကြားမှာ (မြောက်ပိုင်း)အစ္စရေးနဲ့ တောင်ပိုင်း(ဂျူဒါ)ဆိုပြီး နှစ်ပိုင်းကွဲခဲ့ကြပါတယ်။ အီဂျစ် တို့ကလည်းဝင်ရောက် တိုက်ခိုက် ကြပါသေးတယ်။ ဘီစီ ၇၂၂ခုနှစ်မှာ အဆီးရီးယန်းတို့က ဂျူးတွေရဲ့မြောက်ပိုင်းဒေသကို သိမ်းယူခဲ့ကြပြီး ဂျူးတွေသတ်ခံရခြင်း၊ သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခံရခြင်း တို့ကြောင့် မြောက်ပိုင်းဂျူးတွေဟာ နိုင်ငံမဲ့များအဖြစ် တစ်စစ ပျောက်ကွယ်သွားခဲ့ ကြပါတယ်။ ဒါပေမယ့် ဂျေရုစလင်မ်မြို့ရှိတဲ့ တောင်ပိုင်းကတော့ ဆက်လက် တည်ရှိနေခဲ့ပါတယ်။

ဂျေရုစလင်မ်မြို့ နှစ်ကြိမ်ဖျက်ခံခဲ့ရခြင်း

နောက်ပိုင်းမှာ ဂျူးတို့ဟာ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ် ထုန်ပြန်ပို့ချပေးခဲ့တဲ့ လမ်းညွှန်ကျမ်းတွေကို ပြုပြင်ခဲ့ကြပြီး အမှန်တရားကနေ သွေဖည် ဖေါက်ပြန်လာခဲ့ကြပါတယ်။. သူတို့ရဲ့ပြစ်မှုတွေကြောင့် ပြစ်ဒဏ်နှစ်ကြိမ် ကျရောက်မည်ဖြစ် ကြောင်း၊ ပြုပြင်ရင်ကၡဏာတော်ရမယ်၊ မပြုပြင်က ပြစ်ဒဏ်ရမယ်လို့ အလ္လာဟ်က ဖေါ်ညွှန်းထားပါတယ်။(ကုရ်အာန် ၁၇း၄-၈)
ပထမအကြိမ်ကတော့ အီဂျစ်နဲ့အဆီးရီးယန်းတို့ တိုက်ပြီးတဲ့နောက် ဘီစီ ၅၈၇ခု နှစ်မှာ ဘေဘီလုံးတို့က ဂျေရုစလင်မ်မြို့ကို တိုက်ခိုက်သိမ်းယူပြီး မြို့ကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်းပဲဖြစ်ပါတယ်။ ဂျူးများစွာလည်း သတ်ခံခဲ့ရပါသေးတယ်။ တမန်တော် စုလိုင်မာန်ဘုရင်တည်ဆောက်ခဲ့တဲ့ ဝတ်ကျောင်းတော်လည်း ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီအပြင် ဂျူးတွေကို ဘေဘီလုံးသို့ ကျွန်အဖြစ် ဖမ်းဆီးခေါ် ဆောင်သွားခြင်းကြောင့် ပထမအစ္စရေးပြည် ပျက်သုဉ်းခဲ့ရပါတယ်။ ဒါပေမဲ့ ဘီစီ ၅၃၇ ခုနှစ်မှာ ပါရှန်းတွေက ဘေဘီလုံးကိုသိမ်းပိုက်ခဲ့ပြီး ဂျူးသုံ့ပန်းတွေကို နောက်တစ်နှစ်မှာ ဂျူဒါ(ဂျေရုစလင်မ်)ကို ပြန်ခွင့်ပေးခဲ့ပြီး ဝတ်ကျောင်းတော်ကိုလည်း ပြန်လည်တည်ဆောက်ခွင့် ပေးခဲ့ပါတယ်။ ဒါပေမယ့် ဂျူးအချို့ကတော့ မပြန်ဘဲ ဘေဘီလုံးမှာပဲ နေခဲ့ကြပါတယ်။ အဲဒီနောက် ဂျေရုစလင်မ်ကို

ဂရိ(ခေါမ) တွေနဲ့ နဝတိယန်(Nabatean)တွေက သိမ်းပိုက်ခဲ့ကြပါသေးတယ်။

အဲဒီနောက် ဂျူးလူတွေဟာ အလ္လာဟ်စေလွှတ်တဲ့ တမန်တော်အချို့ကို သတ်ဖြတ်ခြင်း၊ သတ်ဖို့ကြံစည်ခြင်း တို့ကိုပြုလုပ်ခဲ့ကြပါသေးတယ်။ ဥပမာ- တမန်တော်ဇကရိယာနဲ့ သူ့ရဲ့ သားတော် တမန်တော်ယဟ်ယါ (John the Baptist) တို့ကို သတ်ဖြတ်ခြင်း၊ တမန်တော်အီစာခေါ် ယေရှုခရစ်တော်ကိုလည်း လက်ဝါးကပ်တိုင်ပေါ်တင်ပြီး သတ်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။(ကုရ်အာန် ၂း၆၁ ၄း၁၅၇)။ ဒီလိုနဲ့ ရောမတွေဟာ အေဒီ၇ဝ ခုနှစ်မှာ ဂျေရူစလင်မ်မြို့ကို သိမ်းပိုက်ဖျက်ဆီးခဲ့ကြပါတယ်။ ဂျူးတွေကိုလည်း သုံ့ပန်းအဖြစ် ခေါ်ဆောာင်သွားခဲ့ကြပါတယ်။ ဝတ်ကျောင်းတော်ကိုလည်း တစ်စစီဖျက်ဆီးခဲ့ကြပါတယ်။(ကုရ်အာန် ၁၇း၄-၇၊ ၇း၁၄၅)။ အခုရှိနေတဲ့ အနောက်ဘက်နံရံ(Wailing Wall) ဟာအဖျက်ဆီးခံ ကျောင်းတော်ရဲ့ အကြွင်းအကျန်ဖြစ်ပါတယ်။
ဂျူးတစ်စုက ရောမကို ခုခံတော်လှန်ခဲ့ကြပေမယ့် အေဒီ ၁၃၂ ခုနှစ်မှာ ရောမတို့က အပြတ်နှိမ်နှင်းခဲ့ပြီး ဂျူးတွေကိုပါလက်စတိုင်းကနေ မောင်းထုတ်ခဲ့ကြပါတယ်။ ရောမတွေဟာ အေဒီ ၆၃၆အထိ သိမ်းပိုက်ထားခဲ့ကြပါတယ်။
အင်ရှာအလ္လာဟ်၊ လာမယ့်အပတ်မှာ ယေရှုခရစ်တော်နှင့် ဂျေရုစလင်မ်၊ ခရစ်ယာန်သာသနာနှင့် ဂျေရုစလင်မ်၊အစ္စလာမ်သာသနာနဲ့ ဂျေရုစလင်မ်စတဲ့သမိုင်းပိုင်းဆိုင်ရာ အချက် အလက်များကို ဆက်လက်တင်ပြပေးပါမယ်။

အလ်ဟာဂျ် မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ