ကုရ်အာန်ကျမ်းစာက ပြဋ္ဌာန်းထားသော လွတ်လပ်စွာယုံကြည်ကျင့်သုံးခွင့်

 


ကုရ်အာန်ကျမ်းစာက ပြဋ္ဌာန်းထားသော လွတ်လပ်စွာယုံကြည်ကျင့်သုံးခွင့်

ကုရ်အာန်ကျမ်းစာတွင် လူသားများ၏ လွတ်လပ်စွာရွေးချယ်ခွင့်နှင့် ယုံကြည်ချက်ဖော်ထုတ်ခွင့်ကို ထင်ရှားရှင်း လင်းစွာ ပြဋ္ဌာန်းဖော်ပြထားပါသည်။

“စင်စစ်သော်ကား အနှိုင်းမဲ့ကိုးကွယ်ရာ.. မြတ်အလ္လာဟ်၏ ခွင့်ပြုချက်မရှိဘဲ မည်သူတစ်ဦးတစ်ယောက်မျှ အမှန်တရားကို သက်ဝင်ယုံကြည်နိုင်သည် မရှိချေ။ ထိုအရှင်မြတ်သည် အသိ ဉာဏ်ကို အသုံးမပြုသော သူတို့အပေါ်၌သာလျှင် (အယူမှားနှင့် အကုသိုလ် အကျိုးဆက်တည်းဟူသော) မစင်ကြယ်မှုကို သက်ရောက်စေတော်မူ၏” (ကုရ်အာန် ၁ဝး၁ဝဝ)

အစ္စလာမ်သာသနာတွင် မိမိ၏စိတ်နှလုံးသားမှ အမှန်တကယ် ယုံကြည်မှုမရှိဘဲ အခြားတစ်စုံ တစ်ရာ ကြောင့် ဘာသာကူးပြောင်းလာခြင်းကို လုံးဝလက်မခံပါ။ ထို့အတူ အသိဉာဏ်နှင့် လွတ်လပ်ခွင့်မပါဘဲ အဓမ္မစနစ်ဖြင့် ဘာသာ ကူးပြောင်းစေခြင်းကိုလည်း လုံးဝလက်မခံပါ။

ထို့အပြင် အစ္စလာမ့်ဘဝတည်ဆောက်မှု လမ်းစဉ်တွင် သာသနာပိုင်ဟူ၍လည်း မရှိပါ။ သာသနာပြုခြင်း ဟူသော သဘောတရားမျိုးလည်း မရှိပါ။ သို့သော် အစ္စလာမ်သာသနာနှင့် ကုရ်အာန်ကျမ်းစာကပြဆိုသော ငြိမ်းချမ်းရေးနှင့် အလှ တရားများကို လူသားတို့သိရှိနိုင်ရန် ရှင်းလင်းဖြန့်ချိခြင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူသာ ရှိပါသည်။ ယင်းကို ဒအ်ဝဟ် ခေါ် အမှန်တရားသို့ ဖိတ်ခေါ်ခြင်းဟု ခေါ်ပါသည်။

Credit- Islamization (ဒေါက်တာမြင့်သိန်း-ငြိမ်းချမ်းလုလင်)

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ