ဘဝနေဟန်အရေးပါပုံ။

 

ဘဝနေဟန်အရေးပါပုံ။

နုပျိုခြင်း၏တန်ဖိုးကို မအိုမီသိလော့၊
ကျန်းမာခြင်း၏တန်ဖိုးကို မနာမီသိလော့၊
ရှင်ခြင်း၏တန်ဖိုးကို မသေမီသိလော့။
(တမန်တော်မြတ်မုဟမ္မဒ်(ဆွ)၏သြဝါဒ၊ မိရှ်ကားသ်ကျမ်း)
ကျန်းမာခြင်းဟာ တန်ဖိုးမဖြတ်နိုင်တဲ့ လာဘ်တစ်ပါး ဖြစ်ပါတယ်။ ရုပ်ခန္ဓာရော စိတ်ပါ ကျန်းမာခြင်းကိုဆိုလိုပါတယ်။ ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ ကျန်းမာရေးအလေးထားပုံနဲ့ ဘဝနေဟန်တွေဟာ ကျန်းမာခြင်းအပေါ်  သြဇာသက်ရောက်တဲ့ အချက်တွေဖြစ်ပါတယ်။ ဘဝနေဟန် life style ဟာ ကျန်းမာခြင်းကို များစွာ ဆုံးဖြတ်ပေးပါတယ်။ ဘဝနေဟန်တွေထဲမှာ အစားအစာဟာ အဓိက ကဏ္ဍကနေပါဝင်နေတယ်။ အစားအစာရွေးချယ်မှုဟာ ရောဂါဘယ ကင်းဝေးစေခြင်း၊ ကျန်းမာခြင်းနဲ့ အသက်ရှည်ခြင်းတို့အတွက် အလွန်အရေးပါပါတယ်။ ဒါကြောင့် အစ္စလာမ့်ဘဝတည်ဆောက်မှုလမ်းစဉ်မှာ အစားအစာ၊ ဝတ်စားဆင်ယင်ပုံနဲ့ အနေအထိုင် စတဲ့ ဘဝနေဟန်ကို ကျင့်စဉ်အဖြစ် ပညတ်ချက်များနဲ့ လမ်းညွှန်ထားပါတယ်။ ရုပ်ခန္ဓာဖွံ့ဖြိုးရေးသာမက စိတ်ကျန်းမာရေး၊ ကိုယ်ကျင့်တရားပျိုးထောင်ရေးအတွက်ပါ ဖြစ်ပါတယ်။
- ဆရာဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်) ၏ ဟလာလ် အစားအစာသည် ကိုယ်ကျင့်တရား ဖွံ့ဖြိုးရေးနှင့် အစားအစာ ဘေးဥပဒ်ကင်းရေးကို အကျိုးပြုပုံ စာအုပ်မှ ကောက်နုတ်တင်ပြသည်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ