အောင်ဆန်းကွင်းဘေး တခြမ်းပဲ့ဗလီ သမိုင်းအကျဉ်း
အေဒီ ၁၈၂၆ ခု၊ ရန္တပိုစာချုပ်ချုပ်ဆိုအပြီးတွင် ဘကြီးတော်မင်းတရားကြီး က မိမိ၏သစ္စာတော် ခံတပ်သားများကို ဆုလဒ်များပေး ခဲ့ရာ တပ်ဗိုလ်မှူးများဖြစ်သော ဦးရွှေသိုင်း နှင့် ဦးရွှေမှိုင်း ညီအစ်ကို နှစ်ဦးက ကျွန်တော်မျိုး တို့သည် အစ္စလာမ်ဘာသာ၀င် ရခိုင် လူမျိုးများ ဖြစ်သည့်အလျောက် ခေါင်းချရန် (ဝါ) ၀တ်တက်ရန် နေရာပေး တော်မူပါရန် သံတော်ဦးတင်ခဲ့သဖြင့် ဘကြီးတော်မင်းက လက်ရှိ အောင်ဆန်းကွင်းအနီး နေရာတွင် မြေနေရာ လှူဒါန်းခဲ့သည်။ ပေစာ မှတ်တမ်း ရှိခဲ့သည်။ ၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ် မြန် မာစစ်ပွဲအပြီးတွင် စစ်ဗိုလ် ဆာ ဖယ်ရာက လမ်းဖောက်ခဲ့ရာ လမ်းနှင့်မလွတ်၍ ဖဲ့ချခဲ့ရသဖြင့် တစ်ခြမ်းပဲ့ ဗလီဟုတွင်ခဲ့သည်။
အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ပန်းဝါနှင့် ဝက်ထီးကန် တိုက်ပွဲတို့တွင် မြန်မာတပ်များ၏ စစ်ရေးစွမ်အင်ကို အင်္ဂလိပ် တို့က အောက်ပါ အတိုင်း ဖွင့်ဟထားပါသည်။
ထိုမြန်မာတပ်အားလုံး၏ စစ်ဆင်ရေးဗျူဟာမှာ အဆင့်အဆင့် ချီတက်တပ်စွဲလေ့ရှိသော ခံတပ်စ်ဆင်ရေးသာလျှင် ဖြစ်၏ ။ ထိုခံတပ် စစ်ဆင်ရေးများ၍ မြန်မာတို့သည် စိတ်ကူးဉာဏ်ကောင်းသူများဖြစ်ပြီး စိတ်ရောကိုယ်ပါ အားတက်သရော ပြူမှုဆင်နွဲ လေ့ရှိသည်။ ခံကတုတ်များကနေ၍ မယိမ်းမယိုင်သောစိတ်ဓါတ် ရဲရင့်သော သူရ သတ္တိတို့ဖြင့် ရင်ဆိုင်လေ့ရှိကာ ထိုမြန်မာတို့အား စစ်မြေပြင်ရှိ စစ်သားများအဖြစ် နှင့်မူကား ကြောက်မက်ဖွယ် ကောင်းသူများအဖြစ် တွေ့ရ၏”
မဟာဗန္ဓုလနှင့်အတူ အစ္စလာမ်ဘာသာ၀င် နေမျိုးဂုဏ္ဏရတ် ခန်ဆပ်ဗိုလ် နှင့် ခေါင်းဦးရွှေမှိုင်း ဦးရွှေသိုင်း ခေါ် မွတ်စလင် စစ်ဗိုလ် စစ်သားများမှာ ဗိုလ်မှူးဝါဟစ်ကဲ့သို့ အင်္ဂလိပ်ဘက်မှ မွတ်စလင်စစ်သည်များ နှင့် ဘာသာတူမှုကိုမကြည့်ပဲ အမိနိုင်ငံ မျက်နှာကို ကြည့်ကာ တိုက်ပွဲဝင်ခဲ့ကြသည်။
ခေါင်းဦးရွှေမှိုင်းမှာ ရခိုင်စုရပ် စစ်ဗိုလ်ခေါင်းဆောင်ဖြစ်ပြီးမွတ်စလင် မြန်မာရဲမက် ၅၀၀ ပါ စစ်တပ် သိမ်ကြီးတပ်ကို တာ၀န်ယူခဲ့ သည်။ သိမ်ကြီးတပ်မှာ သိမ်ဖြူခံတပ်ကိုခေါ်ပါသည်။ ဘကြီးတော်မင်းလက်ထက် ဂေါ့တော့ ပုလ္လင် တိုက်ပွဲကား အရေးကြီးလှပေ သည်။ အင်္ဂလိပ်တို့ဘက်မှ စစ်သည် သောင်းကျော်ပါ၀င်ခဲ့သလို မြန်မာ့ အင်အားကလည်း မသေးလှသမို့ အင်္ဂလိပ်တပ်များမှ အကျ အဆုံးများစွာနှင့် နောက်ဆုတ်ခဲ့ရသည်။ ဤ တိုက် ပွဲတွင်လည်း ခန်ဆပ်ဗိုလ်ဦးစီးသော မြင်းတပ်သား တစ်ရာကျော်ပါ၀င်ပြီး တိုက်ပွဲ၀င်ခဲ့ကြပေသည်။ (ကုန်းဘောင်ခေတ် ရာဇ၀င်တော်ကြီး ဒုတိယတွဲ စာမျက်နှာ ၃၇၆-၃၇၇)
ဤသို့ ဘကြီးတော်မင်းတရားကြီးက တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာရှိစွာနှင့် တိုက်ပွဲ၀င်ခဲ့ကြသော တပ်မတော် သားများကို ဂုဏ်ပြုသည့်အခမ်းအနားတွင် ကုလားပျို၊ သေနတ်အစု သား ၁၃၀၀ ကျော်တို့ကို ဘောက်တိုရွှေ ပိန်း၊ မျဉ်းတိုသက္ကလပ် စိမ်း၊ မျဉ်းရှည်းသက္ကလပ် နီ၊ သက္ကလပ် စိမ်းအဖြူ ဆင့်တို့ကိုချီးမြင့်ခဲ့သည်” ဟူ၏။ ( ကုန်းဘောင်ခေတ် ရာဇ၀င်တော်ကြီး ၊ဒုတိယတွဲ ၊စာ – ၄၇၇)
အင်္ဂလိပ်နယ်ချဲ့သမားများနှင့် တိုက်ကြသည့်စစ်ပွဲမှာ အသက်စွန့်ပြီး တိုက်ခိုက်ကြသူ တပ်မတော်သားများတွင် တိုင်းရင်းသား အစ္စ လာမ်ဘာသာ၀င်များ ပါရှိခဲ့ခြင်းသည် သမိုင်း၏ ထွန်းပြောင်မှု တစ်ရပ်ပင် မဟုတ်ပါလား…
ဝါးခယ်မမောင်မင်းနိုင် ၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၀င်မွတ်စလင်များစာအုပ် မှ ကောက်နှုတ် ဖေါ်ပြပါသည်။