အစ္စလာမ် သာသနာနှင့် စင်ကာပူနိုင်ငံ
**********************************
မြန်မာနိုင်ငံရှိ မွတ်စလင်မ်မုန်းတီးသူတစ်ချို့ က စင်ကာပူနိုင်ငံ အကြောင်းပြောကြ သည့်အခါ စင်ကာပူနိုင်ငံသည် အစ္စလာမ်သာသနာကိုကန့်သတ်ထားသည်၊ အစ္စလာမ် သာသနာ မပြန့်ပွားအောင်ဘယ်လိုလုပ်ဆောင်ထားသည် စသဖြင့် အမုန်းတရားများကို လုပ်ကြံ၍ ဝါဒဖြန့်လေ့ရှိကြပါသည်။ တကယ်တော့ စင်ကာပူနိုင်ငံသည် မွတ်စလင်မ် တစ်ယောက်အတွက် အလွန်နေထိုင်လို့ကောင်းသည့်နိုင်ငံတစ်ခုဖြစ်ပါသည်။ မွတ်စလင်မ် လူနည်းစုသာရှိသော်လည်း အစ္စလာမ်သာသနာကို အလွန်အားပေး သောနိုင်ငံတစ်ခုဖြစ်ပါသည်။ စင်ကာပူနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ် များသည် နိုင်ငံ လူဦးရေ၏ ၁၅%သာရှိပါသည်။ ထို ၁၅% ထဲတွင် မလေးလူမျိုး၊တရုတ်လူမျိုး၊ အိန္ဒိယတောင်ပိုင်းမှ တမိလ်လူမျိုးများ အများစုပါဝင်ပြီး အာရဗ်လူမျိုး နှင့် အခြားသော လူမျိုးများလည်းရှိကြပါသည်။ ဒီအကြောင်းကို အထောက်အထားစုံစုံလင်လင် ဖြင့် လေ့လာကြပါစို့။
စင်ကာပူနိုင်ငံရှိဗလီများ
စင်ကာပူနိုင်ငံသည် အရှေ့နှင့်အနောက် ကီလိုမီတာ ၅၀ (မိုင် ၃၀) လောက်သာ ကျယ်ဝန်းသော ရန်ကုန်မြို့သာသာ နိုင်ငံလေးဖြစ်ပါသည်။ သို့သော်လည်း အဲ့ဒီလိုနိုင်ငံသေးသေးလေးမှာ ဗလီပေါင်း ၇၁ ခု ရှိပါသည်။ [1]
ဟုတ်ပါသည်။ စင်ကာပူနိုင်ငံရဲ့ ဘယ်နေရာ၊ဘယ်ရပ်ကွက်လေးမှာမဆို သင်ဗလီကို တွေ့နိုင်ပါသည်။ ပိုပြီး အံဩဖို့ကောင်းသည်မှာ အဲ့ဒီ ဗလီအားလုံးနီးပါးက အစိုးရ ထောက်ပံကြေးဖြင့်လည်ပတ်နေသည့် ဗလီများဖြစ်ပါသည်။ ဗလီများ၏ ကုန်ကျစရိတ်ကို စင်ကာပူနိုင်ငံတော် အစိုးရကထောက်ပံ့ပေးထားပါသည်။
ဗလီများထဲမှ စူလ်တန်ဗလီ (Sultan Mosque) သည် စင်ကာပူနိုင်ငံ၏ Tourist Attraction တစ်ခုဖြစ်ပြီး နေ့စဉ် လာရောက်လည်ပတ်သည့် တိုးရစ်များနှင့် စည်ကား ပြည့်နှက် နေသည့်နေရာတစ်ခုဖြစ်ပါသည်။ စူလ်တန်ဗလီထဲသို့ နိုင်ငံခြားသားများ၊ အစ္စလာမ်ဘာသာဝင်မဟုတ်သူများလေ့လာနိုင်ဖို့ နေ့စဉ် မနက် ၉ နာရီကနေ နေ့လည် ၁၂ ထိ ဖွင့်ပေးထားပါသည်။ Free Mosque Tour လည်းရှိပါသည်။ သင်ဟာ မြန်မာက အစ္စလာမ်ဘာသာမုန်းတီးသူတစ်ယောက်ဆိုရင် စင်ကာပူရောက်တဲ့အခါ အဲ့ဒီ့ဗလီကို သွားရောက်လည်ပတ်ဖို့ အကြံပြုလိုက်ပါသည်။
ဤသို့ စင်ကာပူနိင်ငံနေရာအနှံ့ ဗလီများရှိနေတာနှင့်ပင် မပြီးသေးပါ။ ဗလီအသစ်များကိုလည်း အစိုးရ၏ အထောက်အပံနှင့် ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြော်ငြာထားသည်ကို တွေ့ရှိရပါသည်။ [2]
ဗလီတစ်ချို့ကို စင်ကာပူအစိုးရက နိုင်ငံ၏ အမျိုးသားအဆောက်အအုံ (National monument) များအဖြစ်ထားရှိပါသည်။ [3]
စင်ကာပူပိုက်ဆံတွင် မွတ်စလင်မ် သမ္မတ၏ ဓာတ်ပုံကိုသာ ပုံနှိပ်ထားခြင်း
စင်ကာပူနိုင်ငံရှိ ပိုက်ဆံ များတွင် လူလတ်ပိုင်း လူတစ်ယောက်၏ဓာတ်ပုံကို သင်တွေ့ရပါလိမ့်မည်။
အဲ့ဒီ့လူ ဘယ်သူလဲဆိုတာ မြန်မာနိုင်ငံကနေစင်ကာပူမှာ
အလုပ်သွားလုပ်နေသူတော်တော် များများ မသိကြပါ။
သူ့နာမည်မှာ ယူစွဖ် ဘင်န် အစ်ဟာ့က် ဟုခေါ်ပါသည်။ စင်ကာပူနိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်ပါသည်။[4]
ပထမဆုံး သမ္မတဖြစ်ခဲ့သူဟာ မွတ်စလင်မ်ဖြစ်ပါသည်။ ဒီမှာ မွတ်စလင်မ်မုန်းတီးရေးဝါဒီတွေစဉ်းစားသင့်တာက “စင်ကာပူမှာ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်များဟာ လူနည်းစုဖြစ်ပေမယ့် ဘာကြောင့် ပထမဆုံးသမ္မတနေရာကို ရနေတာလဲ?” ဘာကြောင့် စင်ကာပူပိုက်ဆံမှာ မွတ်စလင်မ်တစ်ဦးပုံကို မြတ်မြတ်နိုးနိုး ပုံနှိပ်ထုတ်ဝေနေတာလဲ? စဉ်းစားကြည့်သင့်ပါသည်။[4]
အစ္စလာမ်ဘာသာထဲသို့ ဝင်ရောက်ချင်တဲ့သူတွေ လွယ်လွယ်ကူကူ ကူးပြောင်းဝင်ရောက် နိုင်ဖို့ “အစ္စလာမ်ဘာသာထဲသို့ ကူးပြောင်းဝင်ရောက်ရေးစင်တာ - Muslim Convert Association Singapore (MCAS)” ရှိနေခြင်း
စင်ကာပူနိုင်ငံက အထင်ကရနေရာတစ်ခုဖြစ်သော ပါရာလေဘာ ဘူတာရုံ (Paya Lebar MRT station) အနီးတွင် MCAS အဖွဲ့၏ စင်တာရှိပါသည်။[5] ကြီးမားသည့် နှစ်ထပ် အဆောက်အအုံဖြင့် ဖွဲ့စည်းထားပါသည်။ ထိုအဖွဲ့သည် အစ္စလာမ်ဘာသာဝင်မဟုတ်သော ဘာသာခြားများ အစ္စလာမ်ဘာသာထဲသို့ ဝင်ရောက်လိုပါက အစအဆုံး ကူညီပြုလုပ်ပေးသောအဖွဲ့ ဖြစ်ပါသည်။ မည်သည့်ဘာသာကိုးကွယ်သည်ဖြစ်စေ အစ္စလာမ်ဘာသာထဲသို့ ကူးပြောင်းဝင်ရောက်လိုပါက ထိုအဖွဲ့သို့သွားပြီး လွယ်ကူစွာ အစ္စလာမ်ဘာသာထဲသို့ ဝင်ရောက်နိုင်ပါသည်။ ပိုပြီး အံဩဖွယ်ကောင်းသည်မှာ ထိုအဖွဲ့ကို စင်ကာပူအစိုးရမှ ထောက်ပံ့ပေးထားခြင်း ဖြစ်ပါသည်။ ဟုတ်ပါသည်။ မြန်မာနိုင်ငံသားများ စိတ်ဝင်စားပါက အောက်ပါအဖွဲ့လိပ်စာအတိုင်း သွားရောက်လေ့လာနိုင်ပါသည်။ အစ္စလာမ်ဘာသာနှင့် ပက်သက်သည့် မည်သည့်မေးခွန်းမဆို အဖွဲ့သို့သွားရောက် မေးမြန်းနိုင်ပါသည်။[5]
MCAS အသင်း၏ လိပ်စာ - 32 Onan Rd, Singapore 424484
စင်ကာပူနိုင်ငံ၏ သမ္မတအပြင် နိုင်ငံ၏ အရေးကြီး တာဝန်များတွင် မွတ်စလင်မ်များ ကိုခန့်အပ်ထားခြင်း
စင်ကာပူနိုင်ငံ ၏ ပထမဆုံး သမ္မတအပြင် သမ္မတတစ်ချို့မှာ မွတ်စလင်မ်များဖြစ်ကြပါသည်။ မြန်မာနိုင်ငံ နေပြည်တော်သို့ လာရောက်လည်ပတ်ဖူးသော စင်ကာပူ၏ ၈ ယောက်မြောက် သမ္မတမှာ ဟလီမာ ယာကွဗ် (Halimah Yacob) ဖြစ်ပြီး မွတ်စလင်မ်တစ်ဦးဖြစ်ပါသည်။ [6] ထိုသမ္မတ သည် မွတ်စလင်မ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ခေါင်းမြီးခြုံပါသည်။ အင်တာနက်တွင် ထိုသမ္မတပုံကိုရှာကြည့်ပါ။
သမ္မတအပါအဝင် နိုင်ငံ၏ အရေးကြီးသော အစိုးရ ဝန်ထမ်း ရာထူးနေရာများတွင် မွတ်စလင်မ် များရှိပါသည်။ ဥပမာ အားဖြင့် လက်ရှိတွင် စင်ကာပူအမျိုးသားလုံခြုံရေး Singapore Civil Defence Force (SCDF)၏ အကြီးအကဲအဖြစ် မိုဟာမဒ် ဖိုင်ဆလ် အီဗရာဟင်မ် (Muhammad Faisal Ibrahim) က တာဝန်ထမ်းဆောင်နေပါသည်။
ဟလာလ်အစားအစာကို လေးစားမှု
စင်ကာပူနိုင်ငံ၏ ထူးခြားချက်မှာ နေရာတိုင်းတွင် ဟလာလ်အစားအစာရှိပါသည်။ အစ္စလာမ် နိုင်ငံတစ်ခုရောက်သွားသလားပင် ထင်မှတ်ရပါသည်။ ဟော်ကာစင်တာတိုင်းနီးပါးတွင် ဟလာလ်ဆိုင် ရှိသည်။ ဟော်ကာစင်တာ ဖွင့်လျှင် ဟလာလ်ဆိုင် အနည်းဆုံးတစ်ဆိုင်ပါဖို့ အစိုးရကတွန်းအားပေးသည်။ အစိုးရက စင်ကာပူမြို့နေရာတိုင်းတွင် ဟလာလ်အစားစာကို ရှိစေချင်သည်။ Shopping Mall တိုင်းတွင် ဟလာလ်အစားအစာကို လွယ်ကူစွာဝယ်ယူရရှိနိုင်သည်။ မွတ်စလင်မ်မဟုတ်သူများပါ ဟလာလ်ကို လေးစားကြသည်။ ဝက်သားမစားခြင်းနှင့် ပတ်သက်၍ လှောင်ပြောင်သရော်ခြင်းများလည်း မတွေ့ရပါ။ ကျောင်း၊ ဆေးရုံ၊ အစိုးရရုံးများတွင်ပါ ဟလာလ်ရွေးချယ်စရာ ရှိသည်။ MUIS သည် ဟလာလ်အစားအစာများကို စစ်ဆေးပြီး တရားဝင် လက်မှတ်ပေးသည်။ ဤသို့ ဟလာလ် အစားအစာကို လွယ်ကူအောင်ပြုထားပေးခြင်းသည် မွတ်စလင်မ်များကို လေးစားမှုဖြစ်ပြီး လူမှုအဖွဲ့အစည်းထဲမှ ခွဲထုတ်ခြင်း မရှိကြောင်း ပြသနေသည်။ ဘာသာရေးလွတ်လပ်ခွင့်နှင့် လူမှုညီညွတ်ရေးကို လက်တွေ့ကျကျ ပြသသော ဥပမာကောင်းတစ်ခုလည်း ဖြစ်ပါသည်။ [7]
စင်ကာပူနိုင်ငံရှိ အစ္စလာဘာသာရေးစာသင်ကျောင်းများ (အရဗီကျောင်းများလို့ မြန်မာတွင် လူသိများ)
စင်ကာပူနိုင်ငံတွင် အစ္စလာမ်ဘာသာရေးစာသင်ကျောင်းကြီး ၅ ခုရှိပါသည်။ ထိုကျောင်းကြီးများတွင် အစ္စလာမ်ဘာသာဝင် ကလေးငယ်များ လွတ်လပ်စွာ အစ္စလာမ်ဘာသာရေးပညာများကို သင်ယူဆည်းပူးကြပါသည်။ ထိုကျောင်းများကို စင်ကာပူအစိုးရကအားပေးပြီး ထောက်ပံမှုအချို့လည်း ပြုလုပ်ပါသည်။ [8]
[8] Ang Yiying. "Islamic education fund grows to $5 million". The Straits Times. Archived from the original on 2015-12-23. Retrieved 2015-12-22.
စင်ကာပူနိုင်ငံရှိ မွတ်စလင်မ်တို့၏ လက်ထပ်ရေး
စင်ကာပူနိုင်ငံသည် မွတ်စလင်မ်တို့ လက်ထပ်ထိမ်းမြားခြင်းကို မည်သည့်ကန့်သတ်မှုမှ မလုပ်ဘဲ ထိမ်းမြားခွင့် ပေးထားသောနိုင်ငံဖြစ်ပါသည်။ အစ္စလာမ်သာသာသနာတွင် လက်ထပ်ထိမ်းမြားခြင်းသည် မြင့်မြတ်သော ဘာသာရေးကျင့်စဉ် တစ်ခုဖြစ်ပါသည်။ လူမှုရေးကိစ္စမဟုတ်ပါ။ ဘာသာရေးကိစ္စဖြစ်သောကြောင့် လက်ထပ်ထိမ်းမြားဖို့ ဘာသာဝင်ဖြစ်မှရပါမည်။ မွတ်စလင်မ် မဟုတ်သူများ အစ္စလာမ်ဘာသာဝင်တစ်ဦးဦးနှင့် လက်ထပ်ထိမ်းမြားဖို့ အစ္စလာမ်ဘာသာထဲ ဝင်လိုပါက လွယ်ကူအောင် စင်ကာပူနိုင်ငံက အထက်ကဖော်ပြခဲ့တဲ့ Muslim Convert Association of Singapore နှင့်ပေါင်းပြီး ပြုလုပ်ပေးထားပါသည်။ အစ္စလာမ်ဘာသာဝင် တစ်ဦးဦးမှ တစ်ခြားဘာသာသို့ပြောင်းပြီး လက်ထပ်လိုပါကလဲ အစ္စလာမ်ဘာသာမှ စွန့်ခွာလို့ရအောင် ပြုလုပ်ပေးထားသည်။ ကာယကံရှင်၏ သဘောဆန္ဒအတိုင်း အစ္စလာမ်ဘာသာထဲသို့ဝင်ချင်သော်လည်ကောင်း၊ အစ္စလာမ်ဘာသာကဲ့သို့လက်မထပ်ပဲ တစ်ခြား secular နည်းအတိုင်းလက်ထပ်ချင်သော်လည်းကောင်း လွယ်ကူစွာလက်ထပ်နိုင်အောင်ပြုလုပ်ပေးထားပါသည်။
ခွဲခြားဆက်ဆံမှု မရှိခြင်းနှင့် Islamophobia မရှိခြင်း
စင်ကာပူတွင် မွတ်စလင်မ်ကို လက်ဟန်အမူအရာဖြင့် စော်ကားခြင်း၊ မုန်းတီးစကားပြောခြင်းတို့ကို လူမှုရေးအရ လက်မခံပါ။ စင်ကာပူ အစိုးရသည် ဘာသာရေးမုန်းတီးမှုကို တင်းကြပ်စွာ တားဆီးပြီး ဥပဒေအရ အရေးယူသည်။ ကျောင်းများတွင် ဘာသာရေး အပြန်အလှန်လေးစားမှုကို သင်ကြားသည်။ အစိုးရအနေနှင့် ဘာသာရေးခေါင်းဆောင်များအကြား ဆွေးနွေးပွဲများ ပြုလုပ်စေသည်။ ထို့ကြောင့် စင်ကာပူတွင် အစ္စလာမ်ကြောက်ရောဂါ (Islamophobia) မရှိပါ။ [9]
(The Presidential Council on Minority Rights examines all pending bills to ensure that they do not disadvantage a particular group. It also reports to the Government on matters affecting any racial or religious community and investigates complaints.)
မွတ်စလင်မ်များကို အစိုးရက မည်သို့ ထောက်ပံ့ထားသလဲ
စင်ကာပူအစိုးရသည် အစ္စလာမ်ဘာသာကို ဥပဒေအရ အသိအမှတ်ပြုပေးထားသည်။ စင်ကာပူအစ္စလာမ့်ကောင်စီ MUIS (Majlis Ugama Islam Singapura) သည် စင်ကာပူနိုင်ငံရှိ မွတ်စလင်မ်များအတွက် စင်ကာပူအစိုးရက အသိအမှတ်ပြုပေးထားသည့် တရားဝင် ဘာသာရေးအဖွဲ့အစည်း ဖြစ်သည်။ မွတ်စလင်မ်တို့၏ ဘာသာရေးအခွင့်အရေးများကို အပြည့်အဝ ကာကွယ်ပေးဖို့၊ အစိုးရနှင့် မွတ်စလင်မ်အသိုင်းအဝိုင်းကြား ချိတ်ဆက်ပေးဖို့ အတွက် MUIS ကို တည်ထောင်ထားခြင်း ဖြစ်သည်။ ဤအဖွဲ့အစည်းသည် အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်သော်လည်း မွတ်စလင်မ်တို့၏ အရေးကိစ္စများကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ရရှိထားသည်။ MUIS သည် မွတ်စလင်မ်အသိုင်းအဝိုင်း၏ အသံကို အစိုးရထံ ရောက်ရှိစေပြီး မွတ်စလင်မ်တို့၏ အခွင့်အရေးနှင့် လိုအပ်ချက်များကို တင်ပြပေးသည်။ ထို့ကြောင့် စင်ကာပူတွင် မွတ်စလင်မ်များသည် လူနည်းစုဖြစ်သော်လည်း ဘာသာရေး လွတ်လပ်ခွင့် ရရှိသည်။ မိမိကိုးကွယ်ရာ ဘာသာအတိုင်း စနစ်တကျ ကျင့်သုံးနိုင်သည်။ လူမှုအဖွဲ့အစည်းထဲတွင်လည်း လေးစားမှု ရရှိသည်။ [10]
စင်ကာပူအစိုးရ အသိအမှတ်ပြု ရှရီယာ တရားရုံး
အစ္စလာမ်ဘာသာဝင်များအတွက် စင်ကာပူအစိုးရက ရှရီယာ တရားရုံး (Sharia Court) တစ်ခု ပေးထားပါသည်။ ရာဇဝတ်မှုမဟုတ်သည့် ဘာသာရေးအရ ဖြေရှင်းရမည့် အမွေဆက်ခံခြင်း၊ လက်ထပ်ထိမ်းမြှားခြင်း၊ ကွားရှင်းပြတ်စဲခြင်း စသည့်ကိစ္စများအတွက်ဖြစ်သည်။ မွတ်စလင်မ်အက်ဥပဒေ ၁၉၆၆ (AMLA) ၏ စီမံခန့်ခွဲမှုအောက်တွင် တရားဝင် အစိုးရက ပြဌာန်းပေးထားသည်။ [11]
.png)