ဘုရားသခင်မရှိဘဲ စစ်မှန်သော ကိုယ်ကျင့်တရား ဖြစ်နိုင်ပါသလား

  

ဘုရားသခင်မရှိဘဲ စစ်မှန်သော ကိုယ်ကျင့်တရား ဖြစ်နိုင်ပါသလား

The Moral Argument

ဘာသာမဲ့များယုံကြည်သလို ကျွန်တော်တို့ဟာ ဒီကမ္ဘာလောကကြီးကို မတော်တဆကြုံကြိုက်ပြီး ရောက်လာတယ်ဆိုပါစို့။ ကျွန်တော်တို့က အမိုင်နိုအက်ဆစ်တို့ မော်လီကျူးတို့ မတော်တဆ ပေါင်းဖက်ပြီး ဘာရည်ရွယ်ချက်မှ မရှိဘဲ  လောကကြီးကို အလိုအလျှောက်ရောက်လာတယ်ဆိုပါတော့။ ဒါဆို ဘာကြောင့် ကျွန်တော်တို့ဟာ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ ဥပဒေတွေကို လိုက်နာဖို့လိုပါသေးသလဲ?

အကယ်၍ ကျွန်တော်ဟာ နိုင်ငံတစ်နိုင်ငံမှာ ဒုစရိုက်မှုကျူးလွန်တဲ့ လူမိုက် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်ဆိုပါိစို့။ ကျွန်တော်က ကျွန်တော့်ကို မကြိုက်တဲ့သူတွေကို သတ်တယ်။ လူတွေဆီက ပိုက်ဆံတွေမတရားကောက်တယ်၊ယူတယ်ဆိုပါဆို့။ ကျွန်တော် ဂိုဏ်းက အလွန်အာဏာရှိတော့ ကျွန်တော့်ကိုလည်း  အဲ့ဒီနိုင်ငံက အာဏာပိုင်တွေမဖမ်းရဲကြပါဘူး။ ဒီလိုနဲ့ ကျွန်တော် ဘဝကို အေးဆေး စည်းစိမ်ခံစားဖြတ်သန်းပြီး အသက်ရလာတော့ ကျွန်တော် အေးဆေး သေဆုံးသွားတယ်ဆိုပါစို့။ (ဒီလိုမျိုးလူမိုက်နဲ့ လူမိုက်ဂိုဏ်းတွေဟာ တောင်အမေရိကနိုင်ငံတွေမှာ ယခုလက်ရှိ တကယ်ရှိပါတယ်)။ဘာသာမဲ့ များအတွက်တော့ ကျွန်တော်လုပ်တဲ့ အလုပ်တွေမှာ ဘာမှ မှားတာမရှိပါဘူး။ သေပြီးနောက်လည်း ကျွကျွန်တော်လုပ်ခဲ့တဲ့ မတရားမှုတွေအတွက် ဘာမှ ပြန်ခံစရာမလိုပါဘူး။ ကျွန်တော် အတွက်တော့ အေးဆေးပါပဲ။ ဒါကဘာသာမဲ့တွေရဲ့ ယုံကြည်ချက်ပါ။

ဘာသာဝင်တွေအတွက်တော့ အဲ့လိုဆိုးမိုက်ပြီးလူတွေကို အနိုင်ကျင့်ခဲ့တဲ့ သူတစ်ယောက်ဟာ သေပြီးလျှင် သူလုပ်ခဲ့တဲ့ မတရားမှုတွေအတိုင်း သူပြန်ခံရမှာပါ။ သူပြုခဲ့တဲ့ မကောင်းမှုတွေရဲ့ အကျိုးဆက်ကနေ လွတ်လမ်းမရှိပါဘူး။

ဘာသာဝင်တွေဟာ လောကကြီးမှာ လူသားတွေ ကောင်းမွန်စွာနေထိုင်ဖို့ ဘုရာသခင်ဖန်ဆင်းရှင် က ပညတ်တော်တွေ ချပေးခဲ့တယ်လို့ယုံကြည်ပါတယ်။ အဲ့ဒီပညတ်တော်တွေဟာ လူသားတွေ ကောင်းမွန် အေးချမ်းစွာနေထိုင်နိုင်ဖို့အတွက် ဘုရားသခင်ဖန်ဆင်းရှင်က ချမှတ်ပေးတာဖြစ်ပြီး လူသားအားလုံး လိုက်နာဖို့ဖြစ်ပါတယ်။ ဘုရားသခင်က ကောင်းမွန်တဲ့ အတွက် မိမိအဖန်ဆင်းခံတွေကိုလဲ ကောင်းမွန်တဲ့ အရာတွေကိုပဲလိုက်နာစေချင်ပါတယ်။ ဒီဘုရားသခင်ချပေးတဲ့ ကိုယ်ကျင့်တရားဆိုင်ရာဥပဒေတွေက  လူသားတွေအတွက် ကောင်းမွန်တဲ့ အကျိုးရှိပါတယ်။

ဘာသာမဲ့တွေအတွက်တော့ ကိုယ်ကျင့်တရားဆိုတာ subjective (ပုဂ္ဂိုလ်ရေး အမြင်/အယူအဆ) ဖြစ်ပြီး ဘာသာဝင်တွေအတွက်တော့ ကိုယ်ကျင့်တရားဟာ objective (ဓမ္မဒိဋ္ဌာန်ကျသော စံနှုန်း) ဖြစ်ပါတယ်။ ဒီအချက်ကိုု ယခုနာမည်ကြီးတဲ့ ဘာသာမဲ့တစ်ဦးဖြစ်သူ Richard Dawkin က ထောက်ခံထားပါတယ်။

ဘုရားသခင်ဖန်ဆင်းရှင်ဟာ လူသားတွေအပေါ် ကောင်းဖို့ ကျွန်တော်တို့ကိုသင်ကြားပါတယ်။

ဘုရားသခင်ထံမှ ရရှိသော ဗျာဒိတ်တော်အရ တမန်တော်မိုဟာမဒ်(ဆွ)၏ သင်ကြားမှုတစ်ခုတွင် ကျွန်တော်တို့ဟာ မိမိရဲ့ ညီနောင်များနှင့် အိမ်နီးနားချင်းတို့အပေါ်  ချစ်ခင်ရမည်ဟု ့ မိန့်ကြားထားပါတယ်။ (မွတ်စလင်မ်ကျမ်း ဟဒိးဆ်အမှတ် ၄၅၊ အနစ်(ရသွေ့) သခင် ဆင့်ပြန်ခဲ့သည်)

ဒီလိုသွန်သင်ချက်ကိုကြည့်ချင်းအားဖြင့် ကျွန်တော်တို့ဟာ အချစ်ထားခြင်း၊ ညီမျှခြင်း၊ ရက်ရောခြင်း စသည့် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားများ ကျင့်ကြံ ပြီး၊  လောဘကြီးခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် မတရားပြုခြင်းတို့မှ ရှောင်ကျဉ်ဖို့ တွန်းအားပေးထားကြောင်းသိနိုင်သည်။

ဓမ္မဒိဋ္ဌာန်ကျသော စံနှုန်းတစ်ခု လိုအပ်ခြင်း အကယ်၍ ဘုရားသခင် မရှိဘူးဆိုပါက အကောင်းနှင့် အဆိုး၊ အမှားနှင့် အမှန်ကို ခွဲခြားသတ်မှတ်ရန် ခိုင်မာသော အခြေခံအုတ်မြစ် မရှိနိုင်တော့ပါ။ အထက်နှင့် အောက်ကို ခွဲခြားရန်အတွက် ရည်ညွှန်းချက် (Reference point) တစ်ခု လိုအပ်သကဲ့သို့၊ ကိုယ်ကျင့်တရားအတွက်လည်း ဓမ္မဒိဋ္ဌာန်ကျသော စံနှုန်းတစ်ခု လိုအပ်ပါသည်။ ဘုရားသခင်၏ သဘောသဘာဝ (God's nature) သည် ထိုကိုယ်ကျင့်တရား စံနှုန်းအတွက် ရည်ညွှန်းချက်ပင် ဖြစ်သည်။

အကယ်၍ ဘုရားသခင် မရှိပါက ကိုယ်ကျင့်တရားဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေး အမြင်သက်သက် (Subjective viewpoint) သာ ဖြစ်သွားပါလိမ့်မည်။ ဥပမာအားဖြင့် လူတစ်ယောက်က စတော်ဘယ်ရီ ရေခဲမုန့်ကို ကြိုက်သည်ဆိုခြင်းမှာ ထိုလူ၏ ပုဂ္ဂိုလ်ရေး အကြိုက်သာဖြစ်ပြီး အခြားလူများအပေါ် သက်ရောက်မှု မရှိပါ။ ထို့အတူ ဘုရားသခင် မရှိသော ကမ္ဘာတွင် ကောင်းခြင်း၊ ဆိုးခြင်းဟူ၍ မရှိဘဲ၊ ပုဂ္ဂိုလ်စွဲ အမြင်များနှင့် လောကကြီး၏ လျစ်လျူရှုမှုများသာ ရှိနေပါလိမ့်မည်။ အကယ်၍ ကိုယ်ကျင့်တရားသည် ပုဂ္ဂိုလ်ရေး အမြင်သက်သက် (Subjective viewpoint) သာ ဖြစ်ပါက “အပြစ်မဲ့တဲ့သူကိုသတ်ခြင်းသည် မှားသည်” ဟုပြောခြင်းသည် “ငါ စတော်ဘယ်ရီရေခဲ့မုန့် မကြိုက်ဘူး” ဟု့ပြောခြင်းထက် ပိုမလေးနက်တော့ပါ။

ကောင်းမြတ်ခြင်း၏ မူလအစ ဘုရားသခင်သည် သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ သဘောသဘာဝများကို ပညတ်တော်များအဖြစ် ပေးထားပါသည်။ ဥပမာ - ဘုရားသခင်၏ အနှစ်သာရသည် မေတ္တာတရားဖြစ်သည့်အတွက် "အိမ်နီးချင်းကို ချစ်ပါ" ဟု မိန့်မှာထားခြင်း ဖြစ်သည်။ ဤအချက်က ရက်ရောမှုနှင့် ကိုယ်ကျိုးစွန့်မှုတို့ကို "ကောင်းသည်" ဟု သတ်မှတ်နိုင်ရန် အခြေခံအုတ်မြစ် ဖြစ်လာစေပြီး၊ လောဘကြီးခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့ကို "ဆိုးသည်" ဟု သတ်မှတ်နိုင်စေပါသည်။

ဘုရားမဲ့ဝါဒနှင့် လူ့သဘာဝ ဒါပေမယ့် ဘုရားမဲ့ဝါဒ (Atheism) သာ မှန်ခဲ့လျှင် အန္တိမစံနှုန်းဆိုတာ မရှိတော့သလို၊ ကိုယ်ကျင့်တရား တာဝန်ဝတ္တရားဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ ဘယ်သူက၊ ဘယ်အရာက ဒီတာဝန်တွေကို ပေးမလဲ။ ဘုရားမဲ့ဝါဒီတွေအတွက် လူသားတွေဟာ သဘာဝတရားအရ မတော်တဆ ဖြစ်ပေါ်လာပြီး အဆင့်ဆင့်  ပြောင်းလဲလာတဲ့ တိရစ္ဆာန်တွေသာ ဖြစ်ပါတယ်။ တိရစ္ဆာန်တွေအချင်းချင်းကြားမှာ ကိုယ်ကျင့်တရား တာဝန်ဆိုတာ မရှိပါဘူး။ ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို သတ်လိုက်တာဟာ ကိုယ်ကျင့်တရားအရ မှားတယ်လို့ ပြောမရပါဘူး။ ကြောင်က ကြောင်လို လုပ်တာပဲ ဖြစ်ပါတယ်။ ဘုရားသခင် မရှိရင် လူတွေရဲ့ လုပ်ရပ်ကိုလည်း ဒီလိုပဲ ရှုမြင်ရပါလိမ့်မယ်။ ဘယ်လုပ်ရပ်ကိုမှ ကိုယ်ကျင့်တရားအရ မှားတယ်၊ မှန်တယ်လို့ သတ်မှတ်လို့ ရမှာ မဟုတ်ပါဘူး။

လက်တွေ့ဘဝနှင့် ကိုယ်ကျင့်တရား ဒါပေမယ့် ပြဿနာက အကောင်းနဲ့ အဆိုး၊ အမှားနဲ့ အမှန်က လက်တွေ့ဘဝမှာ တကယ် ရှိနေပါတယ်။ ကျွန်ုပ်တို့ရဲ့ အာရုံခံစားမှုတွေက ရုပ်ပိုင်းဆိုင်ရာ ကမ္ဘာကြီး တကယ်ရှိတယ်လို့ ယုံကြည်စေသလို၊ ကျွန်ုပ်တို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အတွေ့အကြုံတွေကလည်း ကိုယ်ကျင့်တရားတန်ဖိုးတွေ (Moral values) ဓမ္မဒိဋ္ဌာန်ကျကျ တကယ်ရှိကြောင်း သက်သေပြနေပါတယ်။ "ဟေး... ဒါ မတရားဘူး၊ ဒါ မှားတယ်၊ ဒါ မမျှတမှုပဲ" လို့ သင် ပြောလိုက်တိုင်း ဓမ္မဒိဋ္ဌာန်ကျတဲ့ ကိုယ်ကျင့်တရား ရှိကြောင်း ဝန်ခံလိုက်တာပါပဲ။ ကလေးသူငယ် နှိပ်စက်ခြင်း၊ လူမျိုးရေး ခွဲခြားခြင်းနဲ့ အကြမ်းဖက်ခြင်းတွေဟာ လူတိုင်းအတွက်၊ အမြဲတမ်း မှားယွင်းတယ်ဆိုတာ ကျွန်ုပ်တို့ ကောင်းကောင်း သိကြပါတယ်။ ဒါက ပုဂ္ဂိုလ်ရေး အကြိုက်သက်သက် မဟုတ်ပါဘူး။ “ကလေးသူငယ်ကို မုဒိမ်းကျင့်ခြင်းသည် ကိုယ်ကျင့်တရားအရ လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု ပြောသူသည် ၂ ပေါင်း ၂ ဆိုလျှင် ၅ ရသည်ဟု ပြောသူကဲ့သို့ပင် မှားယွင်းနေပါသည်” (ဒီအဆိုကို ဘာသာမဲ့ သိပ္ပံပညာရှင် မိုက်ကယ် ရူစ်ကပြောခဲ့သည်။

ဒါကြောင့် ကျွန်တော်တို့ ကိုယ်ကျင့်တရားနဲ့ ဘုရားသခင်တည်ရှိကြောင်းကို အောက်ပါအတိုင်း အတည်ပြုနိုင်ပါသည်။

1. ယူဆချက် (၁) - P1: ဘုရားသခင် မရှိပါက ဓမ္မဒိဋ္ဌာန်ကျသော ကိုယ်ကျင့်တရား (Objective Morality) မရှိနိုင်ပါ။

2. ယူဆချက် (၂) - P2: သို့သော် လောကတွင် ဓမ္မဒိဋ္ဌာန်ကျသော ကိုယ်ကျင့်တရား အမှန်တရားများ  ရှိနေသည်မှာ ထင်ရှားပါသည်။ (ဥပမာ - ကလေးတစ်ယောက်ကိုရက်စက်စွာနှိပ်စက်သတ်ဖြတ်သောသူကို လူတိုင်းမုန်းတီးရွံရှာသည်)

3. ကောက်ချက် - Conclusion: ထို့ကြောင့် ဘုရားသခင် အမှန်တကယ်ရှိသည်။

လူအတော်များများက ဘုရားသခင်ကို မယုံကြည်ဘဲ လူကောင်းတစ်ယောက် ဖြစ်နိုင်သလားဟု မေးခွန်းထုတ်လေ့ ရှိကြပါသည်။ ဤမေးခွန်း၏ အဖြေမှာ "ဖြစ်နိုင်ပါသည်" ဟူ၍ဖြစ်သည်။ သို့သော် ဤနေရာတွင် မေးခွန်းကို သေချာစွာ ပြန်လည်ဆန်းစစ်ရန် လိုအပ်ပါသည်။ အဓိက မေးခွန်းမှာ "ဘုရားသခင်ကို မယုံကြည်ဘဲ (without believing in God) လူကောင်းဖြစ်နိုင်သလား" ဆိုသည်ထက်၊ "ဘုရားသခင်သာ တကယ်မရှိခဲ့လျှင် (without God) ကောင်းမြတ်ခြင်း (Goodness) ဆိုတာ ရှိနိုင်မလား" ဟူသော မေးခွန်းသာ ဖြစ်သင့်ပါသည်။

အထက်ပါ ဆင်ခြင်ချက်နှင့်ပက်သက်ပြီး ဘာသာမဲ့များ၏ စောဒကများအားခြေပချက်

အထက်ပါဆင်ခြင်ချက်မှ ဘာသာမဲ့များသည် ယူဆချက် (၁) ကို စောဒကတက်မည်သူမရှိပါ။ ယူဆချက် (၂) အတွက်တော့ ဘာသာမဲ့များ စောဒက တက်ကောင်းတက်နိုင်ပါသည်။ သို့ရာတွင် ဘာသာမဲ့များ၏ လုပ်ရပ်သည် သူတို့၏ စောဒကနှင့် ကိုက်ညီမှုမရှိပါ။ ( ဥပမာ အားဖြင့် ဘာသာမဲ့ ဒေါ်ကင်းသည် လက်တွေ့တွင် ကိုယ်ကျင့်တရားဆိုင်ရာ အမှန်တရားရှိသူ (Moral Realist) တစ်ဦးကဲ့သို့ ပြုမူနေသည်။ သူသည် လူသားယဇ်ပူဇော်ခြင်း၊ ကလေးများကို ဘာသာရေးသွတ်သွင်းခြင်း၊ လိင်တူချစ်သူများကို နှိပ်စက်ခြင်းစသည်တို့ကို ပြင်းထန်စွာ ဝေဖန်ရှုတ်ချလေ့ရှိသည် ။ သူသည် ကိုယ်ကျင့်တရား စံနှုန်းများသည် ဓမ္မဒိဋ္ဌာန်ကျကျ တည်ရှိနေသကဲ့သို့ ဆုံးဖြတ်ချက်များ ချလေ့ရှိသည် ။)

နောက်တစ်ခု စောဒကမှာ ဘာသာမဲ့ များသည် ဆိုကရေးတီး၏ ပြောကြားချက်ကိုကိုးကားခြင်းဖြစ်သည်။ ဆိုကရေးတီးက “"အရာတစ်ခုသည် ဘုရားသခင် အလိုရှိသောကြောင့် ကောင်းသလား? သို့မဟုတ် “ကောင်းသောကြောင့် ဘုရားသခင် အလိုရှိသလား" ဟူ၍ မေးခွန်းထုတ်ထားပါသည်။

ဒီမေးခွန်း၏ အဖြေကလည်း လွယ်ပါသည်။ သူမေးထားသလို နှစ်ခုလုံးမဟုတ်ပါ။ အမှန်တကယ်တော့ ဘုရားသခင်ဖန်ဆင်းရှင်က ကောင်းသောကြောင့် ကျွန်တော်တို့လူသားများအတွက် ကောင်းတဲ့ အရာတွေပြုလုပ်ဖို့ မိန့်ကြားတာပါ။ ဘုရားသခင်သည် ကိုယ်ကျင့်တရား တန်ဖိုးများ၏ စံနှုန်း (Standard) ဖြစ်သည်။

ရုပ်လောကကြီး (Physical world) အမှန်တကယ် ရှိကြောင်း ကျွန်ုပ်တို့၏ အာရုံခံစားမှုများ (Sense experience) က ယုံကြည်လက်ခံစေသကဲ့သို့၊ ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးများ (Moral values) သည်လည်း ဓမ္မဒိဋ္ဌာန်ကျကျ အမှန်တကယ်ရှိကြောင်း ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားဆိုင်ရာ အတွေ့အကြုံ (Moral experience) က သက်သေပြနေပါသည်။ အောက်ပါအချက်များကို စဉ်းစားကြည့်ပါ။

အာရုံခံစားမှုနှင့် ကိုယ်ကျင့်တရား ခံစားမှု နှိုင်းယှဉ်ချက် - ကျွန်ုပ်တို့သည် မြင်ရ၊ ထိတွေ့ရသော ရုပ်ဝတ္ထုများကို အမှန်တကယ်ရှိသည်ဟု လက်ခံသကဲ့သို့၊ မတရားမှုတစ်ခုကို မြင်သောအခါ "ဒါ မတရားဘူး"၊ "ဒါ မှားယွင်းတယ်" ဟု တုံ့ပြန်မိခြင်းသည် ဓမ္မဒိဋ္ဌာန်ကျသော ကိုယ်ကျင့်တရား အမှန်တကယ်ရှိကြောင်း ဝန်ခံခြင်းဖြစ်ပါသည်။

ငြင်းပယ်၍ မရသော အမှန်တရားများ - ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူမျိုးရေး ခွဲခြားခြင်းနှင့် အကြမ်းဖက်ခြင်းတို့သည် လူတစ်ဦးတစ်ယောက်၏ ပုဂ္ဂလိက အမြင် သို့မဟုတ် နှစ်သက်မှု (Personal preference) ကြောင့် မှားယွင်းခြင်းမဟုတ်ဘဲ၊ လူတိုင်းအတွက် အချိန်တိုင်းတွင် ဓမ္မဒိဋ္ဌာန်ကျကျ မှားယွင်းသော လုပ်ရပ်များ ဖြစ်သည်။

အတိုချုပ်အားဖြင့်၊ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝ အတွေ့အကြုံများက ရုပ်လောကကြီး ရှိကြောင်း သက်သေပြနေသကဲ့သို့၊ ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားဆိုင်ရာ အသိစိတ်ကလည်း ကောင်းခြင်း၊ ဆိုးခြင်း တရားများသည် အမှန်တကယ် တည်ရှိကြောင်း (Objectively reality) သက်သေပြနေပါသည်။

Known Islam Team

 

 

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ