အစ္စလာမ်ဘာ၀င်တစ်ဦးသေဆုံးသွားတဲ့အခါမှာ တချို့က ပြောကြ တယ်။ ကျောပူအောင်တောင် မထားရဘူး။ ချက်ချင်းချရတယ်ဆိုတဲ့ အယူအဆ တွေရှိတယ်။ အဲဒီအပိုင်းလည်း ရှင်းပြစေချင်ပါတယ်။

လူတွေကို အလုပ်များပြီး ဒုက္ခမပေးစေချင်လို့ ချက်ချင်း သင်္ဂြိုဟ်ခိုင်း
တာဖြစ်တယ်။ ကျွန်တော်တို့ ဖန်ဆင်းရှင်ကို ယုံကြည်ကြတဲ့ ခရစ်ယာန်ရော၊
ဂျူးရော သေချင်းတရားနဲ့ ပတ်သက်တဲ့ ခံယူချက်တွေက တော်တော်တူကြ
တယ်။ သေတယ်ဆိုတာက ဖန်ဆင်းရှင်ဆီကို ပြန်သွားတာ။ အမင်္ဂလာလည်း
မဟုတ်ဘူး။ အသုဘလည်း မဟုတ်ဘူး။ ကြောက်စရာလည်း မဟုတ်ဘူး။
သေပြီးနောက် တစ္ဆေ၊ သရဲလည်း မဖြစ်သွားဘူး။ သူက ဖန်ဆင်းရှင်ဆီကို
ပြန်သွားတဲ့ကိစ္စတစ်ခုဖြစ်တယ်။ သို့သော်လည်း လူသား ဗီဇအရ ၀မ်းနည်းမယ်၊
ကြေကွဲမယ်။ ဒီဈာပနကို တာရှည်ကြည့်နေရင်လည်း ပိုပြီးတော့ ပူဆွေးမယ်။
နောက်တစ်ခါ ပတ်၀န်းကျင်က လာပြီး နှစ်သိမ့်ရမယ်။ တာ၀န်ကြီးလေးမယ်။
အဲဒီတော့ မလိုအပ်ဘဲနဲ့ တာ၀န်ကြီးလေးမှု မရှိအောင် သူ့အရှင်ထံ သူပြန်ပြီ။
ခန္ဓာကိုယ်ဟာ မြေကြီးမှ စဖြစ်တာကြောင့် ခရစ်ယာန်တွေဆိုရင် ဘာပြောသလဲ
ဆိုတော့ မြေသို့အပ်နှံခြင်းတဲ့။ ကျွန်တော်တို့လည်း ဒီအတိုင်းပဲ။ မြေကဖြစ်တဲ့
ရုပ်ဖြစ်တဲ့အတွက် မြေကို ပြန်အပ်တယ်။ သူ့၀ိညာဉ်က သစ္စာဓမ္မရဲ့ အရှင်
အလ္လာဟ်ထံကို သွားနေပြီ။ အဲဒီတော့ တာ၀န်ပေါ့အောင်လို့ သူများတွေလည်း
ဒုက္ခမရောက်အောင် မြန်မြန်ချဆိုတာ အဲဒါပဲ။ ရောဂါနဲ့ သေဆုံးသူဆိုလည်း ရောဂါ
ပတ်၀န်းကျင်ကို မကူးစက်အောင် စတဲ့ရည်ရွယ်ချက်တွေလည်း ပါတယ်။


ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ