ကျန်းမာရေးမကောင်းတဲ့လူ၊ ကျန်းမာရေးချို့တဲ့လူကို အစ္စလာမ် ဘာသာ၀င်အနေနဲ့ ပြုစုဖို့ ဘယ်လိုသတ်မှတ်ထားပါသလဲ ?? ဘာသာတူသူရော မတူသူရောပေါ့ ?

အစ္စလာမ်ဘာသာက ဖန်ဆင်းမှုကို လက်ခံထားတယ်။ အဲဒီတော့ လူသားဖြစ်ခြင်းမှာ တူတယ်။ ဖန်ဆင်းခံဖြစ်ခြင်းမှာ တူတယ်။ လူသားအားလုံးဟာအိမ်ထောင်စုတစ်ခုပဲလို့ ခံယူရမယ်။ ကျမ်းတော်မှာ ဘယ်လိုပြောထားသလဲ
ဆိုရင် အဲဒီဖန်ဆင်းခံများကို အလုပ်အကျွေးပြုခြင်းဟာ ဖန်ဆင်းရှင်ကို အလုပ်အကျွေးပြုခြင်းနဲ့ တူတယ်တဲ့။ ဖန်ဆင်းရှင် ဘာမှ လိုအပ်တာ မရှိပါဘူး။
ဆီမီး၊ ရေချမ်းကပ်နေစရာမလိုဘူး။ အသင်္ခတရှင်က ဖန်ဆင်းထားတဲ့ ဖန်ဆင်းခံတွေကို အလုပ်အကျွေးပြုခြင်းဟာ ဖန်ဆင်းရှင်ကို အလုပ်အကျွေးပြုခြင်းမည်တယ်တဲ့။ တမန်တော်မြတ် သြ၀ါဒတော်မှာ ဘာပြောသလဲဆိုတော့ မြေပြင်မှာရှိသော အရာရာကို ကရုဏာထားရင် ကောင်းကင်ဘုံမှာရှိသော (လောကုတ္တရာစခန်း) အရှင်ရဲ့ ကရုဏာကိုရမယ်။ အဲဒီအထဲမှာ မွတ်ဆလင်မှ ဆိုတာမပါဘူး။ အားလုံးကိုဆိုတာ ပါတယ်။ အဲဒီတော့ သက်ရှိဆိုတာ လူအားလုံး၊တိရစ္ဆာန်အားလုံး ပါတယ်။ လူရော ဘုံနိမ့်၊ ဘုံမြင့် သတ္တ၀ါအားလုံးပါတယ်။
သြ၀ါဒတစ်ခုမှာ နေမကောင်းတဲ့ လူတစ်ယောက်၊ ထမင်းငတ်နေတဲ့ လူတစ်ယောက်၊ ရေငတ်နေတဲ့ လူတစ်ယောက်ကို ဘာကြောင့် မကူညီသလဲလို့အသင်္ခတ၊ တုနှိုင်းမဲ့အလ္လာဟ်က မွတ်ဆလင်တစ်ယောက်ကို မေးတဲ့အကြောင်းပါတယ်။ အဲဒီလို ကူညီရင် ထိုသူတွေနဲ့အတူ အနှိုင်းမဲ့အလ္လာဟ်ကို တွေ့ရလိမ့်
မယ်လို့ အနန္တညဏ်တော်ရှင် အလ္လာဟ်က မိန့်တော်မူကြောင်း ဖော်ပြထားပါတယ်။


ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ