အမျိုးသားတွေ ၀တ်ပြုတဲ့အခါမှာ ဦးထုပ်ဆောင်းကြတာရှိတယ်။ ဦးထုပ်မဆောင်းရင်ရော မရဘူးလား။

 

အဲဒါက tradition ဆိုတဲ့ ဓလေ့ထုံးစံနဲ့ Religion လို့ ခေါ်တဲ့ ဘာသာတရားရဲ့ ပညတ်ချက်ကို ကွဲကွဲပြားပြား သိထားဖို့လိုပါတယ်။ ကျွန်တော်တို့ အရှေ့တိုင်းနဲ့အနောက်တိုင်းမှာ မတူတာလေးတွေ ရှိတယ်။ အရှေ့တိုင်းက ရိုသေလေးစားမှုကို
ပြချင်ရင် ဦးထုပ်ဆောင်းတယ်။ ဦးထုပ်ဆောင်းတာက အိမ်ထဲရောက်လာတဲ့အထိ ခေါင်းပေါင်းပေါင်းတယ်။ ဦးထုပ်ဆောင်းတယ်။ အရှေ့တိုင်းသား
အားလုံးရဲ့ယဉ်ကျေးမှုဖြစ်တယ်။ ပြီးရင် ဘာလုပ်သလဲဆိုတော့ အဆောက်အအုံထဲ ၀င်ရင်ဖိနပ်ချွတ်တယ်။ အနောက်တိုင်းသားတွေကြတော့ သူတို့လည်း
ဦးထုပ်ဆောင်းတယ်။ သို့သော် ယဉ်ကျေးမှုအရ အိမ်ထဲကို ၀င်တာနဲ့ ဦးထုပ်ကိုချွတ်ရတယ်။ ဖိနပ်စီးပြီး ၀င်ရတယ်။ ဖိနပ်ချွတ်ပြီး၀င်တာဟာ ရိုင်းစိုင်းမှုလို့သူတို့က ထင်တယ်။ အဲဒီတော့ ကျွန်တော်တို့မှာ ဦးထုပ်ဆောင်းခြင်း၊ မဆောင်းခြင်းဆိုတာက ရိုသေလေးစား ဂါရ၀တရားပြမှုကို ဖော်ညွှန်းခြင်းဖြစ်တဲ့အတွက်
တမန်တော်မြတ် လက်ထက်တော်မှာ ရှိခဲ့တဲ့ သာ၀ကကြီးများဟာလည်းသူ့ပတ်၀န်းကျင်၊သူတို့ ရာသီဥတုအနေအထားအရ အပူဒဏ်ကို ခံဖို့အတွက်၊
သဲမုန်တိုင်းကို ခံဖို့အတွက် ဦးထုပ်တို့၊ ခေါင်းပေါင်းတို့ဆိုတာ သူတို့လိုအပ်ချက်အရ လုပ်ကြပါတယ်။
အစ္စလာမ် သာသနာမှာ ဝတ်ပြုရင် အင်္ကျီအပြင်ထုတ်ရမယ်တို့၊ ဦးထုပ်ဆောင်းရမယ်တို့စသဖြင့် ပညတ်ချက် လုံးဝ(လုံးဝ) မရှိပါဘူး။
တစ်ချို့မွတ်စလင်မ်တွေကတော့ အဲ့လို အင်္ကျီအပြင်ထုတ်ထားရင် ဦးထုပ်ဆောင်းထားရင် ပိုပြီး ဘုရားသခင် ဖန်ဆင်းရှင်ရှေ့မှာ
ရိုးကျိုးမှုရှိတယ်ဆိုတဲ့ အထင်နဲ့ လုပ်ကြတာတွေတော့ရှိပါတယ်။ သာသနာမှာတော့ မရှိပါဘူး။
သာသနာအနေနဲ့တော့ မလုပ်မနေရဆိုပြီး ပညတ်ထားတာတော့ မရှိပါဘူး။ မရှိတဲ့အပြင်ဟဂျ်၀တ်ပြုခြင်းရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ပိတ်ဖြူစနှစ်ခု 'အဟ်ရန်' ကိုပတ်ပြီး ၀တ်ပြုတဲ့အခါမှာ ဦးထုပ် လုံး၀မဆောင်းရပါဘူး။ ပြီးရင် ခေါင်းတုံးလည်းတုံးရတယ်။ ဆံပင်မရှိရဘူး။
 
 

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ