ဝက်သားကို တားမြစ်ထားမှု


အမေး - အစ္စလာမ်က ဝက်သားစားသုံးမှုကို ဘာကြောင့် တားမြစ်ထားရတာလဲ?

အဖြေ - အစ္စလာမ်က ဝက်သားစားသုံးခြင်းကို တားမြစ်ထားတဲ့ အချက်ကတော့ လူသိများလှ ပါတယ်။ ဒီတားမြစ်ချက်နဲ့ ပတ်သက်တဲ့ အကြောင်းစုံကို အောက်ပါ အချက်အလက်များက ရှင်းလင်း ပြထားပါတယ်။

 

() ကုရ်အာန်က ဝက်သားကို တားမြစ်ထားသည်။

          ကုရ်အာန်က ဝက်သားစားသုံးမှုကို လေးနေရာထက် မနည်းမှာ တားမြစ်ထားပါတယ်။ တားမြစ်ချက်ကို ၂း၁၇၃၊ ၅း၃၊ ၆း၁၄၅ နှင့် ၁၆း၁၁၅ တို့မှာ တွေ့ရှိရပါတယ်။

          “အသင်တို့အတွက် တားမြစ်ထားရာ (အစားအစာ) ကား အသေသား၊ သွေး၊ ဝက်သား၊….. အလ္လာဟ်မှအပ ဖြစ်ရာတို့ကို ပူဇော်ပသ ဆက်ကပ်ထားရတို့ ဖြစ်သတည်း။” (ကုရ်အာန် - ၅း၃)

          ကျမ်းမြတ်ကုရ်အာန်ရဲ့ အထက်ပါ အာယသ်တော်တွေအရနဲ့တင် ဝက်သားကို ဘာကြောင့် တားမြစ်ထားရတဲ့အကြောင်းကိုတော့ မွတ်စလင်မ်တစ်ဉီးအဖို့ ကျေနပ်မှုအပြည့်အဝ ရရှိသွားစေမှာပါ။

 

() သမ္မာကျမ်းမှာလည်း ဝက်သားကို တားမြစ်ထားသည်။

          ခရစ်ယာန်တွေကို သူတို့ရဲ့ ဘာသာရေး ကျမ်းဂန်တွေကို တကယ်ပဲ တိတိကျကျ ယုံကြည်အပ်တာကို သိမ်းသွင်းယူရတော့မယ့်ပုံပဲ။ ဘာကြောင့်လဲဆိုတော့ သမ္မာကျမ်းစာလာ ဝတ်ပြုရာကျမ်းမှာလည်း ဝက်သားစားသုံးခြင်းကို တားမြစ်ထားပါတယ်။

          “ဝက်သည် ခွါကွဲပြားသော်လည်း စားမြုံ့မပြန်သောကြောင့် သင်တို့မစင်ကြယ်။ ထိုသို့သော တိရစ္ဆာန်၏ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့ မှတ်ယူကြရမည်။” (ဝတ်ပြုရာကျမ်း - ၁၁း၇-)

          သမ္မာကျမ်းလာ တရားစောရာကျမ်းမှာလည်း ဝက်သားကို ပိတ်ပင်ထားတာ ရှိပါတယ်။

          “ဝက်သည် ခွါကွဲပြားသော်လည်း စားမြုံ့မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။ အသားကိုမစားရ။ အသေကောင်ကိုလည်း မထိရ။” (တရားဟောရာကျမ်း - ၁၄း၈)

          သမ္မာကျမ်းလာ ဟေရှာယ အနာဂတ္တိကျမ်း၊ အခန်း - ၆၅၊ ပါဒ - မှာလည်း အလားတူပင် ထပ်မံပြီး ပိတ်ပင်ထားတာ ရှိပါတယ်။

() ဝက်သားစားသုံးခြင်းဖြင့် ရောဂါများစွာ ဝင်နိုင်သည်။

          ဆင်ခြင်တုံတရားကျကျ၊ ယုတ္တိဗေဒနည်း ဆန်ဆန်နှင့် သိပ္ပံအရ အခိုင်အမာ တင်ပြနိုင်မှသာ မွတ်စလင်မ် မဟုတ်သူများနှင့် ဘုရားမဲ့ ဝါဒီများအနေနဲ့ သဘောတူ လက်ခံနိုင်မှာ ဖြစ်ပါတယ်။ ဝက်သားကို စားသုံးမှီဝဲခြင်းဖြင့် ရောဂါအမယ်ပေါင်း ခုနှစ်ဆယ်ထက် မနည်း ဖြစ်ပွားနိုင်ပါတယ်။ လူတွေမှာ သန်လုံးကောင်၊ တုတ်ကောင်နဲ့ ချိတ်သန် စတာတို့လိုမျိုး သန်မျိုးစုံ စွဲကပ်နိုင်ပါတယ်။ အန္တရာယ်အကြီးဆုံးကတော့ တေနီယာ ဆိုလျမ်ပါပဲ။ ဒီကပ်ပါးက လူသာမန်တို့ကတော့ တုပ်ပြားကောင်ရယ်လို့ ခေါ်ကြပါတယ်။ အကောင်က အတော်ရှည်ပြီး အူထဲမှာနေတယ်။ ၎င်းရဲ့ ဉက သွေးစီးကြောင်းထဲဝင်ပြီး လူ့ကိုယ်အင်္ဂါ အစိတ်အပိုင်းအားလုံးကို ဝင်ရောက်နိုင်ပါတယ်။ ဒီပိုးက ဉီးနှောက်ထဲဝင်သွားရင် မှတ်ဉာဏ်ကို ထိခိုက်နိုင်ပါတယ်။ နှလုံးထဲကိုဝင်ရင် နှလုံးရောဂါ ဖြစ်နိုင်ပါ တယ်။ မျက်စေ့ထဲ ဝင်ခဲ့ရင်တော့ မျက်စေ့ကွယ်သွားတတ်တယ်။ အသည်းထဲ ဝင်သွားခဲ့ရင်တော့ အသည်းကို ထိခိုက်ပျက်စီးနိုင်တယ်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးကိုပဲ ထိခိုက်ပျက်စီးစေနိုင် ပါတယ်။ နောက်ထပ် အန္တရာယ်ကြီးမားတဲ့ သန်ကောင်ကတော့ ထရီချူရာ တီချူရာစစ် (Trichura Tichurasis) ဖြစ်ပါတယ်။

          ဝက်သားကို ကောင်းစွာ ချက်ပြုတ်ပြီးမှ စားရင် ဒီဉက သေသွားမယ်ဆိုပြီး ယေဘုယျအားဖြင့် တလွဲ သိရှိထားနေကြတယ်။ အမေရိကမှာ ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရ ထရီချူရာ တီချူရာစစ် သန်စွဲနေတဲ့ လူနာ ၂၄ ဉီးမှာ ၂၂ ဉီးက ဝက်သားကို ကောင်းစွာ အချက်ခံပြီးမှ စားကြတာ တဲ့။ ဒီအချက်က ပုံမှန်အပူချိန်မှာ ချက်သွားလို့ကတော့ ဝက်သားမှာ ဒီပိုးဉက သေမသွားဘူး ဆိုတာ ကို ပြနေပါတယ်။

 

() ဝက်တွင် အဆီကို ဖွဲ့စေသော ဝတ္ထုရှိသည်။

          ဝက်မှာ အင်မတန်နည်းပါးတဲ့ ကြွက်သားကိုသာ ဖွဲ့စည်းနိုင်တဲ့ ဝတ္ထုရှိပြီး အဆီက အလွန် အကျွံ ပါဝင်နေပါတယ်။ ဒီအဆီက သွေးကြောများထဲမှာ စုနေတာကြောင့် သွေးတိုးဝင်ပြီး နှလုံး ထိခိုက်ပျက်စီးရပါတယ်။ အမေရိကန်လူမျိုး ၅၀ ရာခိုင်နှုန်းကျော်က သွေးတိုးရောဂါ ခံစားနေရတယ် ဆိုတာဟာ ဒါကြောင့် အံ့ဩစရာ မဟုတ်တော့ပါဘူး။

 

() ဝက်သည် ကမ္ဘာမှာ အညစ်ညမ်းဆုံး သတ္တဝါဖြစ်သည်။

          ဝက်က ကမ္ဘာမှာ အညစ်ပတ်ဆုံး တိရစ္ဆာန်တွေထဲက တစ်မျိုးဖြစ်တယ်။ ရွှံ့နွံတွေ၊ မစင် အညစ်အကြေးတွေထဲမှာ ရှင်သန် ကျင်လည် နေထိုင်ကြတယ်။ ကျွန်ုပ်သိရသလောက် အလ္လာဟ် အရှင် ဖန်တီးထားတဲ့ အထဲမှာ အညစ်အကြေးရှင်းကောင်လို့ ဆိုရမှာပါ။ ကျေးရွာတွေမှာ ခေတ်မီ အိမ်သာတွေ ဘာတွေ မရှိကြပါဘူး။ ကွင်းပြင်တွေမှာ အခင်းကြီး အခင်းငယ် သွားကြတယ်လေ။ ဒီအညစ်အကြေးတွေကို ပြောင်သလင်းခါသွားအောင် ဝက်က ရှင်းပစ်ပေးတာပါ။

          တချို့က စောဒကတက်ကြတာ ရှိတယ်။ ဩစတြေးလျလို တိုးတက်တဲ့ နိုင်ငံတွေမှာ ဝက်ကို အင်မတန် သန့်ပြန့်ပြီး ကျန်းမာရေးနှင့် ညီတဲ့ ဝန်းကျင်မှာ မွေးမြူနေကြပြီတဲ့။ ဒီလိုကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြေအနေများမှာတောင် ဝက်တွေကို နှစ်ဖက်ချ တုံးတင် လှေခါးတွေထဲမှာထားပြီး မွေးမြူကြရတယ်။ သူတို့ကို ယဘ်လိုပဲ ခက်ခက်ခဲခဲနဲ့ သန့်ရှင်းအောင်လုပ်လုပ် ဘာမှမထူးပါဘူး။ ဗီဇကိုက ညစ်ပတ်တဲ့ ဗီဇပါနေတာကိုး။ ကိုယ့်မစင် ကိုယ်ပြန်စားရင်စား ဒါမှမဟုတ် အနားက အကောင်ရဲ့ အစင်ကို ပြန်ပြီး စားတတ်ကြပါတယ်။

 

() ဝက်သည် အရှက်အမဲ့ဆုံးသော တိရစ္ဆာန်ပင်

          ကမ္ဘာမှာ ဝက်မှာ အရှက်အမဲ့ဆုံးသော အကောင်ပါပဲ။ မိမိရဲ့ ကြင်ဖော်ကို တခြား အဖော် ဖြစ်တဲ့ အကောင်တွေနဲ့ လာမိတ်လိုက်ဖို့ ခေါ်တတ်တဲ့ တိရစ္ဆာန်မျိုးက ဝက်ပါပဲ။ အမေရိကမှာ လူ တော်တော်များများက ဝက်သားကို စားသုံးကြတယ်။ ပွတ်သဘင် အကပါတီတွေမှာဆိုရင် အတော် များများကပဲမင်းက ငါ့ဇနီးနဲ့ အိပ်၊ ငါက မင်းဇနီးနဲ့ အိပ်မယ်ဆိုပြီး ကျေကျေနပ်နပ်ကြီးကို အလဲအလှယ် ပြုတတ်ကြပါတယ်။ ဒါကို Swapping of wives လို့ ဆိုပါတယ်။ ဝက်သားစားသုံးသူ ဟာ ဝက်လိုပဲ ကျင့်ကြံတတ်ကြပါတယ်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ